Thursday, July 9, 2015

resident evil revelations 2(Complete Edition)

Resident Evil Franchise ဟာမူလ Survival Horror ဂိမ်းပုံစံကနေ 2005 ခုနှစ်မှာ ထွက်ရှိတဲ့ Resident Evil 4 နောက်ပိုင်းကနေ latest main series Resident Evil 6 အထိ Action Horror ဂိမ်းပုံစံအသွင်စတင် ပြောင်းလဲခဲ့သလို ကြားထဲမှာလည်း Resident Evil 5 ရဲ့ Lost in Nightmares DLC လိုမျိုး Nintendo 3DS ရဲ့ Resident Evil Revelations လိုမျိုး Survival Horror ဆန်တဲ့ ဂိမ်းလေးတွေကို မူလပရိသတ်အကြိုက် ထုတ်လုပ်ခဲ့ပါသေးတယ်။ Resident Evil - Revelations 3DS version ထွက်ပြီးတော့လည်း graphics ပိုင်းအဆင့်မြင့်တင်ပြီး PC ၊ Wii U ၊ PS3 နှင့် Xbox360 တို့လို gaming platform တွေမှာ ရောင်းချခဲ့သလို 2015 အစောပိုင်းမှာလည်း Resident Evil HD Remastered ကိုပြန်ထုတ်ခဲ့ပြီးနောက် Capcom အနေနှင့် Action gameplay အရမ်းအသားမပေးထားတဲ့ Resident Evil ဂိမ်းတွေရဲ့ ရောင်းအားလည်း ကောင်းခဲ့ကြောင်း သတင်းထုတ်ပြန်ခဲ့ပါသေးတယ်။ Resident Evil Revelations 2 ကတော့ အရင် Survival Horror ပုံစံကို Action gameplay နည်းနည်းပိုထည့်ထားပြီး Episode အပိုင်း 4 ပိုင်းခွဲပြီး ထွက် 2လာတဲ့ဂိမ်းသစ်ဖြစ်ပါတယ်။
Resident Evil - Revelations 2 ဇာတ်လမ်းရဲ့ အပိုင်းတိုင်းမှာ Side "A" နှင့် Side "B" ဆိုပြီး နှစ်မျိုးခွဲထားပြီးတော့ ဇာတ်လမ်းနေရာယူထားတဲ့အချိန်ကတော့ Resident Evil 5 ဇာတ်လမ်းအပြီး Africa Bio Terror အမှုတွေပေါ်ပေါက်ပြီး နောက်ပိုင်းမှာ ဇာတ်လမ်းဆင်ထားပါတယ်။ Side "A" မှာတော့ Bio Terror အမှုတွေကို ဖော်ထုတ်နေတဲ့ Resident Evil 2 မှာစတင်ပါဝင်ခဲ့တဲ့ဇာတ်ကောင် Claire Redfield နှင့် Resident Evil 1 မှာပါဝင်ခဲ့တဲ့ Barry Burton ရဲ့သမီးဖြစ်သူ Moira Burton တို့နေရာက ဝင်ရောက်ကစားရမှာပါ။ Claire နှင့် Moira တို့ဟာ အမည်မသိအဖွဲ့အစည်းရဲ့ ဖမ်းဆီးမှုခံခဲ့ရပြီး လူသူကင်းမဲ့ပြီး The Rotten လိုမျိုးအကောင်ဆိုးတွေ Bio Organic Weapon (B.O.W) အကောင်ကြီးတွေရှိတဲ့ အကျဉ်းထောင်ကနေ လွှတ်မြောက်အောင် ကစားရတဲ့ဇာတ်လမ်းဖြစ်ပြီး Episode တစ်ခုနှင့် တစ်ခုအပြီးမှာ TV Series တွေလိုမျိုး ဇာတ်လမ်းအလှည့်အပြောင်းမျိုးစုံနှင့် ကစားသူတွေကို စိတ်ဝင်တစား ဆက်ကစားချင်လာအောင် လုပ်ပေးထားပါတယ်။ Side "B" ဇာတ်လမ်းကတော့ ကျွန်းအတွင်းက အဆောက်အဦးအပြင်ဘက် နယ်မြေတွေမှာ နေရာယူထားပြီး သမီးဖြစ်သူကို လိုက်လံရှာဖွေနေတဲ့ Barry Burto နှင့်သဘာဝလွန်စွမ်းအင်တွေ ပိုင်ဆိုင်ထားတဲ့Natalia Kord တို့နေရာမှ ကစားနိုင်မှာပါ။ Console versions တွေမှာတော့ Co-Op mode မှာ Split Screen နှစ်ယောက်အတူတူကစားနိုင်ပြီး PC version မှာတော့ Campaign ကို single player အဖြစ်သာ ကစားနိုင်ပါတယ်။
Resident Evil - Revelations 2 ဂိမ်းဟာ Survival Horror gameplay ကော Action gameplay ကိုပါ ပေါင်းစပ်ထားတဲ့ ဂိမ်းဖြစ်ပြီး ရန်သူတွေကို ထိပ်တိုက်ရင်ဆိုင်ဖို့ထက် မိမိအသက်ရှင်ဖို့နဲ့ လွှတ်လမ်းရှာတွေ့ဖို့ကို ဦးစားပေးရမည့် ဂိမ်းဖြစ်ပါတယ်။ Camera viewpoint တွေ level design တည်ဆောက်မှုတွေကတော့ အရင် Survival Horror အသားပေး RE ဂိမ်းတွေနှင့် ပုံစံအနည်းငယ်ကွဲပြားနေမှာဖြစ်ပြီး gameplay ပိုင်းကတော့ လက်ရှိ RE ဂိမ်းတွေနှင့် ပုံစံဆင်တူပါတယ်။ ကျည်ဆံကိုတော့ difficulty level မြင့်တဲ့အပိုင်းတွေမှာ ချွေတာကစားရမှာဖြစ်ပြီး boss fight တွေအတွက်၊ ရန်သူအကြီးစားတွေအတွက် ammo များများ ချန်ထားသင့်ပေမည့် checkpoint restart စနစ်ပါလို့ သိပ်တော့ပူစရာ မလိုပါဘူး။ Claire ရဲ့ missions တွေမှာ Puzzle ပိုင်းတော့ အရမ်းကြီး မများပေမည့် Barry ရဲ့ missions တွေမှာတော့ Puzzle ပိုင်းလေးတွေ ထည့်ထားပေးပါတယ်။ Weapon customization စနစ်လည်း ပါဝင်လာသလို in-game unlockable contents တွေအများကြီးပါဝင်တဲ့ Raid Mode အမည်ရ Co-op Multiplayer mode လည်း ပါဝင်လာတာ တွေ့ရပါတယ်။Resident Evil - Revelations 2 ဂိမ်းသစ်ဟာ 2015 February လအစောပိုင်းကတည်းက အပတ်စဉ်လေးပတ်ဆက်တိုက် Episode တစ်ပိုင်းချင်းထွက်ပြီးမှ Complete Version အဖြစ်လည်း အစအဆုံးပါဝင်တဲ့ပုံစံ ဖြန့်ချီခဲ့ပါတယ်။ Graphics ပိုင်းအနေနှင့်ကတော့ RE Revelations 1 ထက်အများကြီးပိုကောင်းလာပေမည့် RE HD Remastered တုန်းကလိုပဲ လုံးဝ next generation graphics level မဟုတ်သေးဘဲ ကြည့်ကောင်းတဲ့အဆင့်မှာ ရှိသေးတာတွေ့ရပေမည့် ဇာတ်လမ်းပိုင်း၊ gameplay ပိုင်းတွေကောင်းမွန်သလို နာရီပေါင်းများစွာကစားနိုင်မည့် Raid Mode လည်းပါဝင်ထားလို့ Action Horror ဂိမ်းပရိသတ်တွေသဘောကျမည့် ဂိမ်းကောင်း တစ်ခုဖြစ်တာ တွေ့ရပါတယ်။

*** Game Review ကို MMGamers မှကူးယူဖော်ပြပါသည်။***



                                                            Part 1(999 MB)   Part 2(999 MB)  Part 3(999 MB)  Part 4(999 MB)  Part 5(127.03 MB)
                                                                                                              Only (4.03 GB)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...