Tuesday, August 30, 2016

Resident Evil 6

           Developer Capcom အနေနဲ့ Resident Evil ဂိမ်းရဲ့နှစ်နှစ် ဆယ်ပြည့် အထိမ်းအမှတ် (20th Anniversary) အဖြစ် ၂၀၁၆ ခုနှစ် အတွင်း remaster ဂိမ်းအများစုနဲ့ Biohazard Umbrella Corps လို ဂိမ်းသစ်တွေကို ဖြန့်ချိခဲ့သလို အရင် Survival Horror ပုံစံကနေ Action ဘက် ပိုရောက်လာတဲ့ Resident Evil 4, 5 နဲ့ 6 တို့ကို remastered version တွေအဖြစ် ပြန်ဖြန့်ချိဖို့ စီစဉ်ခဲ့ပါတယ်။ ၂၀၁၆ အတွင်းမှာ Resident evil Zero ရဲ့ HD Remastered နဲ့ Umbrella Corps တို့ ထွက်ရှိပြီးဖြစ်သလို အခုဆိုရင် PS4 နဲ့ Xbox One ဂိမ်းစက်တွေအတွက် graphics ပိုင်း ပိုမို မြှင့်တင်ထားတဲ့ remastered version ဂိမ်းသစ်တွေကို ဖြန့်ချိတဲ့အခါ RE 6 ကို အရင်ဆုံးထုတ်ဝေလိုက်ပါပြီ။ 


                  Resident Evil Franchise ဟာ မူလ Survival Horror ဂိမ်းပုံစံကနေ၂၀၀၅ ခုနှစ်မှာ ထွက်ရှိတဲ့ Resident Evil 4 နောက်ပိုင်းမှာ Action Horrorဂိမ်းပုံစံအသွင် စတင်ပြောင်းလဲလာခဲ့ပြီးResident Evil 4 နောက်ပိုင်းမှာလည်း Resident Evil Outbreak Series ကဲ့သို့ Puzzle gameplay အသားပေး Survival Horror ပုံစံတွေ ပြန်လည်ထုတ်လုပ်ခဲ့ပေမယ့် အသစ်ထွက်ရှိလာတဲ့ Resident Evil ပင်မဂိမ်းအများစုကတော့ Action အသားပေးဂိမ်းတွေ ဖြစ်လာတာတွေ့ရမှာပါ။ ဒါပေမဲ့ ၂၀၁၇ အစောပိုင်းမှာ ထွက်လာမယ့် RE 7 ကတော့လုံးဝ horror အသားပေး ပုံစံပြန်ထွက်လာတော့မှာဖြစ်ပြီး 4 ကနေ 6 လို Action အသားပေး ဂိမ်းတွေကို ကစားချင်သူတွေအ တွက်လည်း ပိုမိုကောင်းမွန်တဲ့ graphics နဲ့ ကစားနိုင်အောင် Capcom က ပြန် ဖြန့်ချိပေးလိုက်ပြီ ဖြစ်ပါတယ်။Resident Evil 6 ရဲ့ gameplay ကတော့ Action အသားပေး gameplay ပုံစံဖြစ်ပြီး Third Person Shooter Action ပရိသတ်တွေရော gameplay ပိုင်း သိပ်သဘောမကျပေမယ့် numbered title ဖြစ်နေတဲ့အလျောက် အရေးကြီးတဲ့ Story ပိုင်း ဘာဆက်ဖြစ်မလဲ သိချင်တဲ့ မူလပရိသတ်ကပါ ကစားဖြစ်ကြပါတယ်။ RE 6 ရဲ့ ဇာတ်လမ်းအစ Intro နဲ့ Tutorial Level ကို တရုတ်နိုင်ငံ၊ Lanshiang မြို့အတွင်းရောက်ရှိနေတဲ့ Leon နဲ့ သူ၏တွဲဖက်အသစ် Helena တို့ဖြင့် စတင်ထားပြီး gameplay feature များကို မိတ်ဆက်ပေးထားပါတယ်။ 

                    စကစားချင်းမှာ သတိထားမိတာကတော့ အရင်ကထက် ပိုများလာတဲ့ Cutscenes, QTE (Quick Time Events) တွေနဲ့ RE 5 ကဲ့သို့ Campaign တိုင်းမှာ နှစ်ယောက်အတူတူ ကစားနိုင်တဲ့ Co-op mode တို့ပဲဖြစ်ပါတယ်။ Xbox One version မှာရော PS4 version မှာပါ TV တစ်လုံးတည်းမှာ Screen နှစ်ခြမ်းခွဲပြီး ကစားနိုင်သလို Online Co-op mode လည်း ကစားနိုင်မှာပါ။ တစ်ယောက်တည်း ကစားရင်တော့ ထုံးစံအ တိုင်း AI Partner ပါဝင်မှာဖြစ်ပြီး RE 5 တုန်းကထက် ပိုအားကိုးရတာကို တွေ့ရမှာပါ။ နောက်ထပ် အသစ်ပါလာတဲ့ gameplay feature တွေကတော့ မိမိဇာတ်ကောင်ကို သွေးဖြည့်နိုင်တဲ့ Green Herb လို Health Item တွေကို အရင်ကလို Item menu ကတစ်ဆင့် ဝင်သုံးစရာမလိုတော့ဘဲ shortcut မှတစ်ဆင့် တိုက်ရိုက်သုံးနိုင်သလို ပြေးရင်းလျှောထိုး လို့ရတဲ့ slide move နဲ့ အရှိန်ဖြင့် ရှေ့သို့မဟုတ်နောက်သို့ပစ်လှဲပြီးရန်သူတွေကို ပစ်ခတ်နိုင်တဲ့ dive move တို့ ပါဝင်လာပါတယ်။

                 နောက်ထပ် ပြောင်းလဲမှုတစ်ခုကတော့ သေနတ်ချိန်ရင်း လှုပ်ရှားနိုင်တာ ဖြစ်ပါတယ်။ ဒီအချက်ကတော့ သဘောကျမဲ့သူလည်း ရှိသလို မလိုလားတဲ့ သူတွေလည်း ရှိမှာပါ။ RE 4 တုန်းက Aim mode မှာ မိမိဇာတ်ကောင်ကို လှုပ်ရှားမရခြင်း အချက်က ကစားရတာ ပိုကျောချမ်းစေပါတယ်။ ဒါပေမဲ့ အခု RE 6 နဲ့အခြား gameplay function အတော်များများက ပုံမှန်ခေတ်ပေါ် Shooter ဂိမ်းတွေနဲ့ ဆင်တူဖြစ်လာတော့ gameplay ပိုင်းကိုပဲ ကြည့်မယ်ဆိုရင် RE 6 ကို သမားရိုးကျ Third Person Shooter တစ်ခုအသွင် ပြောင်းလဲသွားစေပါတယ်။ Graphics ပိုင်း၊ ဇာတ်လမ်း တင်ဆက်မှုအပိုင်း၊ ရန်သူဇာတ်ကောင်နဲ့ B.O.W ဒီဇိုင်းတွေကတော့ Resident Evil ဂိမ်းတွေရဲ့ ထုံးစံအတိုင်း လုံးဝကို ထူးခြား ကွဲပြားနေပါတယ်။ စကစားကတည်းက Leon, Chris Redfield နဲ့ Albert Wesker ရဲ့ သားဖြစ်သူ ဇာတ်ကောင်သစ် Jake Muller တို့နေရာမှ ဝင်ကာကစားနိုင်ပြီး၊ Campaign သုံးခုလုံးပြီးရင် Ada Wong ရဲ့ Campaign ကို ကစားနိုင်မှာ ဖြစ်ပါတယ်။ Leon နဲ့ Ada ရဲ့ Campaign ကတော့အရင် RE ဂိမ်းတွေရဲ့ အရသာကို ပေးစွမ်းနိုင်ပေမယ့် Chris နဲ့ Jake တို့ရဲ့ Campaign တွေကတော့ Action gameplay အရမ်း အသားပေးထားတာ တွေ့ရပါတယ်။

                   RE 6 ဟာ မူလ Resident Evil ဂိမ်းပရိသတ် တွေအကြိုက် Survival Horror ဂိမ်းတစ်ခုမဟုတ်ပေမယ့် Action ဂိမ်းအဖြစ်ကစားမယ်ဆိုရင်တော့ graphics ပိုင်းနဲ့ production quality ပိုင်းတွေ ကောင်းမွန်တဲ့ ဂိမ်းကောင်းတစ်ခုဖြစ်သလို DLC Mercenaries Maps တွေ၊ Costumes သစ်တွေနဲ့ သိသိသာသာ ပိုကောင်းလာတဲ့ graphics တွေကြောင့် RE ပရိသတ်တွေနဲ့ shooter ဂိမ်းပရိသတ်တွေ (အထူးသဖြင့် မူရင်း RE 6 မကစားခဲ့ရသူတွေ) သဘောကျမယ့်ဂိမ်း ဖြစ်ပါတယ်။ Resident Evil 6 Remastered အပြီးမှာ RE 4 နဲ့ 5 ဂိမ်းတွေရဲ့ eighth generation console remastered edition တွေလည်း ဆက်လက်ထွက်ရှိလာဦးမှာပါ။


*** Game Review ကို InternetJournal.com မှကူးယူဖော်ပြပါသည်။***















Minimum :
OS : Window 7/8/8.1/10
CPU : Intel® CoreTM2 Duo 2.4 Ghz or AMD AthlonTM X2 2.8 Ghz
RAM : 2 GB
Graphic Card :  GeForce® 8800GTS or Radeon HD 3870
HDD : 16 GB
DirectX : 9


Recommended :
OS : Window 7/8/8.1/10
CPU : Intel Core 2 Quad 2.7 Ghz or AMD Phenom II X4 3 Ghz
RAM : 4 GB
Graphic Card :
 GeForce GTX 560 Radeon HD 5850
HDD : 16 GB
DirectX : 11




                                                                          Part 1(1 GB)   Part 2(1 GB)    Part 3(1 GB)    Part 4 (0.99 GB)
                                                                                                           Only (3.99 GB)

1 comment:

Related Posts Plugin for WordPress, Blogger...