Saturday, July 30, 2016

Biohazard Umbrella Corps

                                      Biohazard Umbrella Corps ဂိမ်းဟာ Resident Evil ဂိမ်း (ဂျပန်အမည် - Biohazard) တွေ နေရာယူထားတဲ့ လောကအတွင်းမှာ ကစားရမယ့် ဂိမ်းသစ်ဖြစ်ပေမယ့် Survival Horror ပုံစံ မဟုတ်ဘဲ Third Person Shooter သီးသန့်ဂိမ်း ဖြစ်ပါတယ်။ ဇာတ်လမ်းပိုင်းအနေနဲ့လည်း ပင်မဂိမ်းတွေနဲ့ ဆက်စပ်မှုရှိမှာ မဟုတ်သလို နောက်ပိုင်း ဂိမ်းတွေနဲ့လည်း ဆက်မှာမဟုတ်လို့ RE အမည်မပေးတော့ဘဲ Biohazard Umbrella Corps သို့မဟုတ် Umbrella Corps အမည်နဲ့ပဲ Capcom က ဖြန့်ချိခဲ့ပါတယ်။ အခု ဂိမ်းသစ်ကိုတော့ Capcom ရဲ့ Japan In-house Studio ကပဲရွေးပေးထားတာဖြစ်ပြီး ၂၀၁၂ မှာတော့ SOCOM လိုမျိုး Squad-based tactical shooter ဂိမ်းတွေရဲ့ developer ဖြစ်တဲ့ Slant Six Games နဲ့ Resident Evil game series ရဲ့ မူလ development team ဖြစ်တဲ့ Capcom တို့ပူးပေါင်းပြီး RE - Operation Raccoon City လိုမျိုး Third Person Shooter action horror ဂိမ်းကိုလည်း ဖြန့်ချိခဲ့ဖူးပါသေးတယ်။
Resident Evil ဂိမ်းတွေဟာ Campaign mode ကို အသားပေးကစားရတဲ့ single player ဂိမ်းအဖြစ် အဓိကနာမည်ကျော်ခဲ့တာဖြစ်ပေမယ့် အရင် PlayStation 2 ခေတ်တုန်းက online မှတစ်ဆင့် co-op multiplayer mode ကစားနိုင်တဲ့ Resident Evil Outbreak ဂိမ်းနှစ်ခွေထွက်ဖူးသလို Nintendo Wii မှာလည်း Resident Evil:Umbrella Chronicles နဲ့ Resident Evil: Darkside Chronicles လိုမျိုး on-rail co-op shooter ဂိမ်းတွေ ထွက်ခဲ့ဖူးပါသေးတယ်။ ယခုထွက်ရှိထားတဲ့ Biohazard Umbrella Corps ကတော့ RE main series တွေလိုမဟုတ်ဘဲ single player ထက် co-op gameplay နဲ့ competitive multiplayer gameplay တို့ကို အသားပေးထားတဲ့ Third Person Shooter ဂိမ်းဖြစ်တာကို တွေ့ရမှာပါ။

                  Umbrella Corps ဂိမ်းအနေနဲ့ Single player mode အတွက် The Experiment လို့ အမည်ပေးထားတဲ့ game mode ပါဝင်ပြီး Resident Evil 6 အပြီး ကာလမှာ နေရာယူထားပေမယ့် ဇာတ်လမ်း ဆက်စပ်မှုရှိတဲ့ storyline တော့ မပါဝင်ပါဘူး။ ကျန်တဲ့ game modes တွေကတော့ ကစားသူအချင်းချင်း အဓိက တိုက်ခိုက်ရမယ့် online competitive multiplayer modes တွေပါ။ ကစားသူတွေအနေနဲ့ Umbrella နှင့် TriCell တို့လိုမျိုး Virus ပိုးတွေ၊ B.O.W တွေကို စမ်းသပ်ခဲ့တဲ့ နေရာတွေမှာ DNA Sample တွေ၊ အခြားကျန်ရှိနိုင်သေးတဲ့ သတင်းအချက်အလက်နဲ့ သဲလွန်စတွေကို စုစည်းဖို့ ငှားရမ်းခံရတဲ့ ကြေးစား စစ်သားတွေ နေရာက ဝင်ကစားရမှာ ဖြစ်ပါတယ်။ Resident Evil 2 ခေတ် Raccoon City အတွင်း T-Virus ပျံ့နှံ့ပြီး တစ်မြို့လုံးနီးပါး zombie ဖုတ်ကောင်များ အဖြစ် ပြောင်းလဲသွားတဲ့နေရာတွေ၊ Resident Evil 4 နေရာယူထားတဲ့ Las Plagas virus သင့်နေတဲ့ရွာတွေ၊ Resident Evil 6 နေရာယူခဲ့တဲ့ စမ်းသပ်ခန်းတွေ အစရှိသဖြင့် နာမည်ကြီး RE ဂိမ်းများထဲက နေရာတွေကို မှီငြမ်းပြီး မြေပုံသစ်တွေ ဖန်တီးပေးထားပါတယ်။ Class အနေနဲ့ assault၊ short range, tactical Class တွေကို ရွေးချယ်ကိုင်တွယ်နိုင်ပြီး တစ်ယောက်ချင်းဆီမှာ မတူညီတဲ့ ability များ ပိုင်ဆိုင်ထားသလို ရန်သူတွေကို နှိမ်နင်းရင်း ရရှိလာမယ့် experience များဖြင့်လည်း ability အသစ်ဝယ်ယူခြင်း သို့မဟုတ် ရှိပြီးသား ability ကို upgrade လုပ်ခြင်းများ ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။

                              Gameplay ဂိမ်းတစ်ခုအနေနဲ့ ကြည့်မယ်ဆိုလည်း ကစားလို့ကောင်းတဲ့ အဆင့်ရှိပေမယ့် အခြား Third Person Shooter ဂိမ်းတွေဖြစ်တဲ့ Gears of War နဲ့ Uncharted တို့လောက် shooting gameplay ပိုင်းမကောင်းတာ တွေ့ရပါတယ်။ အဓိကကတော့ ဇာတ်ကောင်က အရမ်းထောင့်ကပ်ကာ၊ လိုတာထက် ကင်မရာကလူပေါ်ကို အရမ်းရောက်နေသလိုဖြစ်ပြီး viewpoint ကို လာကွယ်နေသလို ဖြစ်နေပါတယ်။ မြေပုံတွေကတော့ အနီးကပ်တိုက်ပွဲတွေ ဆက်တိုက် ဖြစ်နေပြီး အကြာကြီးပုန်းစရာနေရာတွေ၊ ambush လုပ်စရာနေရာတွေ သိပ်မရှိဘဲ မျက်နှာချင်းဆိုင် တိုက်ပွဲအများစုကို ဆက်တိုက်ရင်ဆိုင်ရမှာပါ။ Cover system အတွက် နံရံ သို့မဟုတ် အတားအဆီး တစ်ခုနား ပြေးကပ်လိုက်တာနဲ့ cover လုပ်စရာနေရာတွေ အများကြီးပါပြီး zombie တွေ အရမ်းဝိုင်းနေကာ ရန်သူတွေပစ်ခတ်နေတဲ့ သုံးပွင့်ဆိုင်တိုက်ခိုက်မှုတွေနဲ့ ကြုံတွေ့နေရချိန်မှာတော့ ကစားရတာ ပျော်ဖို့ကောင်းပါတယ်။ အဓိက စိတ်ဝင်စားဖို့ကောင်းတဲ့ အချက်ကတော့ zombie တွေကို shield အဖြစ် အသုံးပြု ပြီး ကျည်ဆန်တွေကို ရှောင်နိုင်သလို zombie jammer ဆိုတဲ့ item သုံးပြီး ကိုယ့်ကို zombie တွေမမြင်အောင်၊ ရန်သူတွေ jammer ကို ဖျောက်ပြီးတော့ သူတို့ကိုပဲ zombie တွေ ကိုက်အောင်လုပ်နိုင်တဲ့ အချက်တွေကတော့ တိုက်ပွဲတွေကို ပိုပျော်ဖို့ကောင်းစေပါတယ်။ Game mode အနေနဲ့ respawn mode လိုမျိုးချက်ချင်းပြန်ပေါ်တဲ့ mode တွေ၊ အသက်တစ်သက်ပဲပါတဲ့ single life mode တွေနဲ့ zombie တွေကို လုသတ်ပြီး DNA sample တွေ လိုက်စုရတဲ့ game mode မျိုးတွေ ပါဝင်ပြီး လက်ရှိအချိန်မှာ 3 VS 3 ပဲ ကစားနိုင်ပေမယ့် Capcom အနေနဲ့ 8 VS 8 ကစားနိုင်မယ့် မြေပုံကြီးတွေ၊ updates အသစ်တွေ ဆက်ထုတ်သွားမယ်ဆိုပြီး ကြော်ငြာထားပါတယ်။

                   Resident Evil series ရဲ့ အမာခံ ပရိသတ်တွေဆိုရင်တော့ အရင်ဂိမ်းတွေနဲ့ပုံစံကွဲလို့ ပိုပြီး အပြစ်များနေတယ် ဆိုပေမဲ့လည်း character customization ပိုင်း၊ graphic deisgn ပိုင်းနဲ့ level design ပိုင်းတချို့ကတော့ စိတ်ဝင်စားဖို့ကောင်းပါတယ်။ ဒီလိုမျိုးဖြစ်မှာ ကြိုမြင်လို့လည်း Capcom အနေနဲ့ RE နာမည်ကို တိုက်ရိုက် ထည့်မသုံးထားတာ ဖြစ်သလို Classics သို့မဟုတ် ခေတ်ပေါ် RE ဂိမ်းပုံစံမျိုးထက် Resident Evil ဂိမ်းထဲက နေရာတွေမှာ ဝင်ရောက်ကစားရမယ့် competitive third person shooter ဂိမ်းတွေကို ကစားလိုသူတွေအတွက်ကတော့ အဆင်ပြေပါတယ်။


***Game Review ကို Internet Journal မှကူးယူဖော်ပြပါသည်။***
















Minimum:
OS : Window 7/8/8.1
CPU :  
Core 2 Duo E6700 2.66GHz or Athlon 64 X2 Dual Core 6400+
RAM :  4 GB
Graphic Card :   
GeForce 8800 GTS or Radeon HD 4650
HDD :   13 GB
DirectX :  11



Recommended  :
OS :  Window 7/8/8.1
CPU :   Core 2 Quad Q6700 2.66GHz or Phenom II X4 940
RAM :  6 GB
Graphic Card :  
GeForce GTX 560 or Radeon HD 6950
HDD :   13 GB
DirectX :  11




              
                                Part 1(600 MB)   Pat 2(600 MB)   Part 3(600 MB)  Part 4(600 MB)   Part 5(600 MB)   Part 6(600 MB)   Part 7(195.8 MB)
                                                                                                               Only(3.63 GB)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...