Action-Adventure Stealth Game အမျိုးးအစားဖြစ်ပြီး Publisher ကတော့Gamer တွေကြိုက်တဲ့Far Cry,Assassin's Creep တို့ကိုဖြန့်ချီပေးနေတဲ့ Ubisoft ပဲဖြစ်ပါတယ်။ဒီဂိမ်းဟာTom Clancy's Splinter Cell စီးရီးရဲ့ 7 ခုမြောက်ဂိမ်းစီးရီးဖြစ်ပြီး Splinter Cell:Conviction ရဲ့တိုက်ရိုက်အဆက်လဲဖြစ်ပါတယ်။ဂိမ်းရေးဆွဲသူတွေကတော့ Ubisoft ရဲ့ အဖွဲ့ခွဲတွေဖြစ်တဲ့ Ubisoft Toronto,Ubisoft Montreal နဲ့ Ubisoft Shanghai တို့ကတာဝန်ယူရေးဆွဲပေးခဲ့ပါတယ်။ဒီဂိမ်းကိုAugust 20, 2013မှာ PC,Play Station 3,Xbox 360 နဲ့ Wii U တို့အတွက်ဖြန့်ချီပေးခဲ့ပါတယ်။ဒီဂိမ်းကို Unreal Engine 2.5 နှင့်အတူ သဘာဝနဲ့ပိုနီးစပ်တဲ့ Havok Physics Engine ကိုအသုံးပြုရေးဆွဲထားတဲ့အတွက် ကြည်လင်တောက်ပတဲ့ နေ့နဲ့ည မြင်ကွင်းကိုတွေ့ရမှာပါ။ပြီးတော့ ဒီဂိမ်းဟာ Stealth အသားပေးGame တခုဆိုလဲမမှားပါဘူး။တချိန်လုံးပုန်းလျိုးကွယ်လျိုးနဲ့ ရန်သူတွေကို တယောက်ချင်းစိမ်ပြေနပြေ သတ်ရမှာပါ။Story ပိုင်းအနေနဲ့လဲ ပြောစရာမလိုအောင်ကောင်းလှပါတယ်။
Monday, July 20, 2015
Tomb Raider
ဒီTomb Raider ဂိမ်းဟာ Action Adventure အမျိုးအစားဖြစ်ပြီး Square Enix ကနေ 5 March 2013 မှာ PC,Playstation 3 နဲ့ Xbox 360 အတွက်ဖြန့်ချီပေးခဲ့ပါတယ်။ဂိမ်းရေးဆွဲပေးခဲ့တဲ့ Studio ကတော့ Crystal Dynamic မှဖြစ်ပါတယ်။Moc OS X အတွက်ကိုတော့ 23 January 2014 မှာလည်းကောင်း၊ပိုမိုကောင်းမွန်တဲ့ Graphic အရည်အသွေးနဲ့ ထွက်ခဲ့သမျှ DLC တွေအားလုံးထည့်သွင်းပေးထားတဲ့ Tomb Raider: Definitive Edition ဆိုပြီး 28 January 2014 မှာ Playstation 4 နဲ့ XBox One အတွက်ဖြန့်ချီပေးခဲ့ပါတယ်။ဒီဂိမ်းဟာTomb Raider စီးရီးရဲ့ စတုတ္ထမြောက်ခွေလဲဖြစ်ပါတယ်။အရင်ထွက်ခဲ့သမျှ Tomb Raider စီးရီးတွေနဲ့မတူကောင်းမွန်လွန်းတဲ့ Graphic နဲ့ Gameplay တွေကြောင့် Gamer တော်တော်များများနှစ်သက်ကြတဲ့ Game လဲဖြစ်ပါတယ်။ဂိမ်းထဲမှာတော့ Player ဟာအတွေ့အကြုံ့မရှိသေးတဲ့ ရှေးဟောင်းပစ္စည်းရှာဖွေသူ Lara Croft နေရာကနေကစားရမှာဖြစ်ပြီး ဇာတ်အိမ်ကိုတော့ ဂျပန်ကမ်းလွန်ပင်လယ်ပြင်ထဲက Dragon Triangle ဆိုတဲ့ နေရာမှာထူးဆန်းစွာတည်ရှိနေတဲ့ Yamati လို့ အမည်ရတဲ့ ကျွန်းပေါ်မှာ တည်ထားပါတယ်။
Subscribe to:
Posts (Atom)