Friday, January 20, 2017

Shadow Warrior 2

        Shadow Warrior 2 ဂိမ်းသစ်ဟာ ၂၀၁၃ က ထွက်ရှိခဲ့တဲ့ ပထမ Shadow Warrior ဂိမ်းရဲ့ အဆက်ဖြစ်ပြီး ပထမဂိမ်းကတော့ ၁၉၉၇ က ထွက်ရှိခဲ့တဲ့ Shadow Warrior PC ဂိမ်းရဲ့ 3D remake version ပါ။ Old school First Person Shooter ဂိမ်းတွေ ကစားရတဲ့ အရသာလည်း မပျက်အောင်၊ modern Shooter ပုံစံတွေကစားနေကြ ပရိသတ်အတွက်လည်း မပါမဖြစ်ခေတ်ပေါ် gameplay features တွေနဲ့ customization option တွေပါဝင်အောင်ပါ ရေးသားထားတဲ့ ဂိမ်းတစ်ခုဖြစ်တာလည်းတွေ့ရမှာပါ။ Shadow Warrior 2 ဂိမ်းဟာ Old School First Person Shooter ဂိမ်းများဖြစ်တဲ့ Doom, Wolfenstein နှင့် Duke Nukem 3D တို့လိုပဲ ဇာတ်လမ်း cutscenes လေးတွေ အနည်းငယ် ပါဝင်သည့်တိုင်အောင် သီးခြား storyline တွေ ဇာတ်လမ်းပေါ်မူတည်ပြီး လိုက်လံဆောင်ရွက်ပေးရတဲ့ mission based objective တွေ (အရင်ထက်တော့ ပိုပါလာပေမယ့်) ဇာတ်လမ်းတစ် လျှောက် အများစုပါဝင်ခြင်းမရှိဘဲ တွေ့မြင်သမျှ ရန်သူအားလုံးကို နှိမ်နင်းရမယ့် action gameplay လုံးဝ အသားပေး ဂိမ်းတစ်ခုဖြစ်နေပါတယ်။ ရန်သူတွေက မိမိရဲ့ဇာတ်ကောင်ကို တစ်ချိန်လုံး ဝိုင်းအုံ တိုက်ခိုက်နေမှာဖြစ်ပြီး level တိုင်းမှာ မိမိရဲ့တစ်ခုတည်းသော objective ကလည်း ရန်သူများ လက်အောက်မှ ရှောင်တိမ်း တိုက်ခိုက်ရင်း level တစ်ခန်းချင်းဆီနိုင်အောင် ကစားသွားရုံပဲဖြစ်ပါတယ်။

Watch Dogs 2

                   Ubisoft ရဲ့ Montreal division အပါအဝင် နောက်ထပ် Ubisoft ဌာနလေးခုက development team တွေ ပူးပေါင်းပြီး ဖန်တီးထားတာဖြစ်သလို Watch Dogs 2 ဟာ E3 2012 မှာ စတင်မိတ်ဆက်ပေးခဲ့ကတည်းက စိတ်ဝင်စားသူပရိသတ်ပေါင်း အများအပြားရရှိခဲ့တဲ့ Watch Dogs ဂိမ်းရဲ့အဆက်ဖြစ်ပါတယ်။ ပထမ Watch Dogs တုန်းကတော့ ထွက်ရှိရက် Release date တွေခဏခဏပြောင်းခဲ့ပေမယ့် ၂၀၁၄ မေလကုန်ပိုင်းမှာထွတ်ရှိခဲ့ပါတယ်။ အခု WD2 ဂိမ်းကတော့ စတင်ကြော်ငြာကတည်းက စပြောထားတဲ့ထွက်ရှိရက်အတိုင်း ၂၀၁၆၊ နိုဝင်ဘာလမှာထွက်ရှိလာပါတယ်။ ပထမ WD တုန်းက အစောပိုင်း trailers တွေနဲ့ previews တွေမှာ gameplay graphics ပိုင်းတွေပိုကောင်းနေတာတွေ၊ တချို့ gameplay ပုံစံတွေ လွဲနေတာတွေရှိတတ်ပေမယ့် Ubisoft အနေနဲ့ Watch Dogs 2 မှာတော့ သူ့ရဲ့ gameplay preview တွေ၊ trailer တွေ အတိုင်းဖြစ်အောင် စီစဉ်နိုင်ခဲ့တာကိုတွေ့ရမှာပါ။
Related Posts Plugin for WordPress, Blogger...