Thursday, January 12, 2017

FAR CRY:PRIMAL(Apex Edition)

      Far Cry ဂိမ်းစီးရီးဟာ Ubisoft ရဲ့ ရောင်းအား အကောင်းဆုံး ဂိမ်းစီးရီးတစ်ခုထဲမှာ ပါပေမယ့် Assassin’s Creed ဂိမ်းတွေလောက်တော့ ပုံစံမျိုးစုံ ဂိမ်းတွေ အများကြီးမထုတ်ဘဲ ပုံမှန်အရှိန်လေးနဲ့သာ ထုတ်နေလို့ ထွက်တဲ့ဂိမ်းတိုင်းလည်း ပရိသတ်အားပေးမှု ရထားတဲ့ ဂိမ်းတွေဖြစ်နေတာ တွေ့ရမှာပါ။ ပုံမှန် story based First Person Shooter ဂိမ်းအဖြစ် စတင်ခဲ့ပြီး ဒုတိယမြောက် Far Cry 2 မှာတော့ Open World Africa တိုက်အတွင်း ဇာတ်လမ်းဆင်ခဲ့သလို Far Cry 3 မှာ Open World Tropical Island ကျွန်းစုတွေမှာ ကစားခဲ့ရတဲ့ Far Cry ဂိမ်းစီးရီးအနေနဲ့ Far Cry 4 မှာတော့ သူ့ရဲ့အောင်မြင်ပြီး formula ဖြစ်တဲ့ Open World ဂိမ်းနဲ့ ကျယ်ပြန့်တဲ့ မြေပုံတွေ ပါဝင်ထားပြီး Nepal နိုင်ငံတွင်းက စိတ်ကူးယဉ် နယ်မြေတစ်ခုဖြစ်တဲ့ Kyrat မှာ ဇာတ်လမ်းဆင်ထားပါတယ်။ Far Cry 4 ဟာ ၂၀၁၄ နှစ်ကုန်ပိုင်းမှာ Shadows of Mordor, The Evil Within၊ Call of Duty - Advanced Warfare လို နာမည်ကြီး ဂိမ်းပေါင်းများစွာနဲ့ ပြိုင်ခဲ့ရပေမယ့် ဂိမ်းခွေ ၇ သန်းကျော်ရောင်းချခဲ့ရပြီး အောင်မြင်မှုရရှိခဲ့ပါတယ်။ Far Cry 2, 3 နှင့် 4 တွေမှာ ဇာတ်လမ်းပုံစံတွေ၊ လူဆိုးဇာတ်ကောင်တွေကို အသားပေးတဲ့ ပုံစံတွေ ထပ်လာလို့ ၂၀၁၆ မှာ ထွက်လာတဲ့ Far Cry Primal မှာတော့ ကျောက်ခေတ်ကို ပြန်သွားပြီး ပုံစံသစ်မျိုးစုံ ပြောင်းလဲထားတာ တွေ့ရမှာပါ။
Related Posts Plugin for WordPress, Blogger...