GTA V ဂိမ်းတွေရဲ့ အဓိက game mode ဖြစ်တဲ့ single player campaign မှာတော့ ခေတ်ပေါ် console GTA ဂိမ်းတွေရဲ့ ထုံးစံအတိုင်း Third Person perspective ကနေဝင်ရောက်ကစားရမည့် Open World Action ဂိမ်းဖြစ်ပြီး Southern California ပြည်နယ်ကို အခြေခံပြီး ရေးဆွဲထားတဲ့ San Andreas ပြည်းနယ်မှာ ဇာတ်လမ်းဆင်ထားပြီးတော့ Los Angeles မြို့နှင့်၎င်းရဲ့ ပတ်ဝန်းကျင်နယ်မြေများကို မှီငြမ်းထားတဲ့ Los Santos မြို့မှာ ဝင်ရောက်ကစားရမှာပါ။ Remastered Version ရဲ့ features သစ်အဖြစ် First Person viewpoint ကိုလည်းအချိန်မရွေးပြောင်းနိုင်ပါသေးတယ်။ မြေပုံကို သူ့ထက်ငါ ပိုမို ကြီးမားကျယ်ပြန့်အောင် ကြိုးစားနေကြတဲ့ Open World ဂိမ်းတွေရဲ့ ထုံးစံအတိုင်းပဲ Rockstar Games ကတော့ GTA V ရဲ့ မြေပုံဟာ GTA IV နှင့် Red Dead Redemption တို့ရဲ့ မြေပုံနှစ်ခုပေါင်းထက် ပိုကြီးမှာဖြစ်သလို in-game activities တွေအနေနှင့်လည်း ထွက်ထားသမျှ Open World ဂိမ်းတွေထက် ပိုစုံရုံသာမက ကစားလို့ကောင်းအောင်ပါ ပြုလုပ်ထားကြောင်း တွေ့ရမှာပါ။ GTA V ရဲ့အဖွင့်ကို အရင်ဂိမ်းတွေလို မြို့ပေါ်မှာ မစထားဘဲ ဘဏ်ဓားပြတိုက်မှုတစ်ခုမှာ စတင်ထားပေမည့် mission အပြီး မကြာခင်မှာဘဲ Open World Map အတွင်း ရောက်ရှိသွားတာနဲ့ World Map ရဲ့ ကျယ်ပြန့်မှုကို မြင်တွေ့ရမှာ ဖြစ်ပါတယ်
GTA V ရဲ့ဇာတ်လမ်းမှာ အဓိကဇာတ်လိုက် သုံးယောက်နေရာက ဝင်ရောက်ကစားရမှာဖြစ်ပြီး ဒုစရိုက်လော ကသားဟောင်း Michael၊ စရိုက်ကြမ်းတဲ့ Trevor နှင့် လူငယ်တစ်ယောက်ဖြစ်တဲ့ Franklin တို့နေရာက ဝင်ရောက်ကစားရမှာဖြစ်ပြီး သူတို့ကို မြင်မြင်ချင်း အရင် Grand Theft Auto ဇာတ်ကောင်တွေဖြစ်တဲ့ Tommy Vercetti၊ Claude နှင့် CJ တို့ကို အမှတ်ရစေမှာ ဖြစ်ပေမည့် တစ်ကယ်တမ်း ကစားကြည့်တဲ့အခါမှာတော့ ဇာတ်ကောင်စရိုက်နှင့် ပုံစံကွဲပြားနေတာကို တွေ့ရပါတယ်။ ပုံမှန် character တစ်ယောက်ကို mission တစ်ခုစီ ခွဲထားတဲ့ ဂိမ်းတွေမှာ မိမိစိတ်ကြိုက် ဇာတ်ကောင်တွေရဲ့ mission တွေကိုသာ အသားပေးဆော့ဖြစ်မှာ ဆိုပေမည့် GTA V ရဲ့ campaign မှာတော့ ဇာတ်ကောင် သုံးယောက်နေရာကနေ အချိန်မရွေး စိတ်ကြိုက်ပြောင်းလဲ ဆော့ကစားနိုင်မှာဖြစ်သလို တစ်ယောက်ချင်းဆီရဲ့ ability (driving skill, shooting skill) တွေ ကွဲပြားပြီး mission တူရင်တောင် gameplay ပိုင်း location ပိုင်းတွေ ကွဲပြားသွားမှာ မို့လို့ GTA V ရဲ့ mission တိုင်းနီးပါးက ကစားသူကို GTA IV အစောပိုင်း misson တွေတုန်းကလို မအီသွားဘဲနဲ့ ဆက်တိုက်ကစားချင်အောင် စွဲဆောင်ထားနိုင်ပါတယ်။ Main Missions တွေဖြစ်တဲ့ ဖောက်ထွင်းရေး Heist Mission တွေကလည်း ပုံစံမျိုးစုံနဲ့ ကစားကောင်းအောင် ဖန်တီးထားတာ တွေ့ရမှာဖြစ်ပြီး နောက်ပိုင်း User Mod တွေမျိုးစုံထွက်လာရင်လည်း တော်တော်လေးပျော်ဖို့ကောင်းမှာ သေချာပါတယ်။
7th Generation (PS3/Xbox360) ခေတ်တုန်းကတည်းက ထွက်ထားတာဆိုပေမည့် သာမန် HD ဂိမ်းတွေ Remastered တွေလို မဟုတ်ဘဲ graphics ပိုင်းအဆင့်အများကြီး မြင့်တင်ထားနိုင်ပြီး Open World ဂိမ်းတွေထဲမှာ graphics ပိုင်း အလွန်ကောင်းမွန်တဲ့ ဂိမ်းတစ်ခုဖြစ်တာတွေ့ရမှာပါ။ တိုက်ခန်းတွေ၊ တောင်တန်းတွေ၊ ပင်လယ်ပြင်တွေကို မျက်စိတစ်ဆုံး အားပါးတရမြင်တွေ့နိုင်မှာဖြစ်သလို GTA V မှာ အရင်ထက်ကထက်ပိုပြီး မြို့အတွင်း ကားတွေ လူတွေပိုများလာသလို တိုက်တွေ ကားတွေရဲ့ screenshot တွေကို အမှတ်တမဲ့ ကြည့်ရင် တကဲ့အစစ်နီးပါးကောင်းမွန်တာကို တွေ့ရမှာပါ။ မိုးရွာတာတို့၊ လေတိုက်တာတို့အစရှိတဲ့ reflection effect တွေပိုမို အသက်ဝင်လာပြီး ကားတွေက အလင်းပြန်တဲ့ reflection effect တွေကလည်း အရင်ကထက် ပိုကြည့်ကောင်းလာတာ တွေ့ရပါတယ်။ Tennis နှင့် Golf လို အားကစားတွေ၊ Yoga လို exercise class တွေနှင့်အတူ အမဲလိုက်၊ ရေငုပ်လို့ရတဲ့ side activities များစွာနှင့် အရင်ဂိမ်းအချို့မှာ မပါဝင်ခဲ့တဲ့ skill bar features တွေကိုလည်း ဇာတ်ကောင်သုံးယောက်လုံးအတွက် သီးခြားထည့်သွင်းပေးထားတာမို့လို့ main missions ကစားချိန် နာရီ 40 ခန့်ကြာမှာဖြစ်ပေမည့် side missons တွေ အခြား activities တွေမှာ Rockstar ကထည့်သွင်းထားသမျှ အပြည့်အဝ ခံစားချင်တယ် ဆိုရင်တော့ နာရီပေါင်းရာနှင့်ချီပြီး Los Santos မြို့အတွင်း နေထိုင်နိုင်မှာပါ။ ပုံမှန် ကားမောင်းရတဲ့ အပိုင်းအပြင် Trevor ရဲ့ pilot skill ကြောင့် လေယဉ်မောင်းရတဲ့ အခန်းတွေလည်း ပိုမိုပါဝင်လာသလို shooting gameplay ကလည်း အရင် GTA ဂိမ်းတွေကထက် ပိုကောင်လာတာ တွေ့ရပါတယ်။
Rockstar Games ရဲ့ GTA V ဟာ PC Version အတွက် သေချာပေါက် စောင့်ရကျိုးနပ်တဲ့ ဂိမ်းဖြစ်သလို Action ဂိမ်းပရိသတ်တွေကြားထဲမှာ နှစ်ပေါင်းများစွာနာမည်ကြီး အောင်မြင်ဦးမည့်ဂိမ်းသစ်တစ်ခုဖြစ်မှာ သေချာနေပါတယ်။ Rockstar Games အနေနှင့် GTA IV တုန်းကလို Standalone Story expansion တွေ GTA V မှာဆက်ထုပ်ဦးမလား Online add-ons တွေကိုပဲ အရင်ဦးစားပေးပြီး ထုတ်ဦးမလား ဆိုတာကိုတော့ စောင့်ကြည့်ရဦးမှာပါ။
*** Game Review ကို MMGamers မှကူးယူဖော်ပြပါသည်။***
Minimum;
OS : Windows 8.1 64 Bit, Windows 8 64 Bit, Windows 7 64 Bit Service Pack 1
Processo : Intel Core 2 Quad CPU Q6600 / AMD Phenom 9850 Quad-Core
Memory : 4 GB RAM
Graphics : NVIDIA 9800 GT 1GB / AMD HD 4870 1GB (DX 10, 10.1, 11)
HDD : 65 GB available space
Sound Card: 100% DirectX 10 compatible
Recommended
OS : Windows 7 64-bit /8 /8.1
Processor : Core i5-3470 3.2GHz / FX-8350
Memory : 8 GB
Graphics : GeForce GTX 660 / Radeon HD 7870
HDD : 65 GB available space
Only (31.8 GB)
အစ်ကိုရယ်ဒေါင်းလို့မရဘူး ဘယ်လိုဒေါင်းတာလဲ ဒေါင်းနည်းသင်ပေးပါလား အရမ်းလိုချင်လို့ပါ။
ReplyDeleteဒေါင်းလို့ရပါပြီကျေဇူးတင်ပါတယ်
ReplyDeleteဘယ်လိုဒေါင်းရတာလဲ အစ်ကို file ကအများကြီးပဲ
ReplyDeletehelp me!! ဆော့ချင်လို့ပါ အစ်ကို
part;;;;31 ကဒေါင်းလို့ မရတော့ဘူးအစ်ကို ပြန်ပြင်ပေးပါအုံး ကျန်တာအကုန်ဒေါင်းပြီးသွားလို့ 
ReplyDeletepart 31 လင့်ပြန်ပြင်ပေးပါအုံ အကုန်ဒေါင်းပြီးပြီ အဲ့တစ်ခုပဲကျန်တယ်
ReplyDeleteDownload လို့ရပါပြီ
DeleteHEIP me
DeleteHEIP NYINYIကူညီပါအုံးအုံးကျွန်တော်မဒေါင်တတ်လုပ်ပါ
ReplyDelete