Thursday, July 23, 2015

Watch Dogs

                Open world အမျိုးအစား Action Adventure ဂိမ်းတခုဖြစ်ပြီး နာမည်ကြီး Far Cry၊ Assassin's Creep တို့လို Gameတွေကို ဖြန့်ချီပေးနေတဲ့ Ubisoft ကပဲ 27 May 2014 မှာ PC၊Wii U ၊Play Station 4၊Play Station 3၊Xbox One နဲ့ Xbox 360 အတွက်ဖြန့်ချီပေးခဲ့ပါတယ်။Game ကို အသစ်စက်စက် Disrupt Game Engine နဲ့ Ubisoft Montreal ကရေးဆွဲပေးထားပါ။လူကြိုက်များတဲ့ Open World game ဖြစ်တဲ့ Grand Theft Auto V လို title မျိုးနဲ့ ယှဉ်ပြိုင်ဖို့ ရည်ရွယ်ထားတဲ့ game လဲ ဖြစ်ပါတယ်။Grand Theft Auto လိုမျိုး ဒုစရိုက်မှုတွေနဲ့ ပတ်သက်ပြီး အခြေခံ ဇာတ်အိမ်တည်ထားတဲ့ game တွေ Open World Genre ကို စိုးမိုးနေချိန်မှာ Watch_Dogs လို Title အသစ်တစ်ခု အနေနဲ့ နာမည်ကြီး ပြိုင်ဘက်တွေကို ယှဉ်ဖို့ Ubisoft ကစမ်းသပ်ထုတ်ဝေတာလဲဖြစ်ပါတယ်။Demo Gameplay ချပြကတည်းက Gamer တွေစိတ်ဝင်စားနေတဲ့ Game တခုလဲဖြစ်ပါတယ်။


              ၂၀၀၉ ခုနှစ်ထဲက အချိန်ယူပြီး ရေးဆွဲခဲ့တဲ့ Watch_Dogs ဟာ ပထမဆုံး E3 2012 မှာ စတင် မိတ်ဆက်ခဲ့တဲ့ကာလမှာတင် ပရိတ်သတ်တော်တော်များများကို ဖမ်းစားနိုင်ခဲ့ပါတယ်။Watch_Dogs game မှာဆိုရင် computer hacking, hand to hand combat, firearm နဲ့ vehicle driving skill ကအစ အားလုံးကျွမ်းကျင်တဲ့ main character “Aiden Pearce” နေရာကနေ Chicago မြို့ မှာရှိတဲ့ အပြစ်မဲ့လူတွေရဲ့  အသက်နဲ့ စည်းစိမ်ကိုကာကွယ်ဖို့ ရည်ရွယ်ချက်နဲ့ ဒုစရိုက်မှုတွေကို နှိမ်နင်းရမှာ ဖြစ်ပါတယ်။ဒီ game မှာ အဓိက element ကတော့ hacking ပါပဲ။ Game ထဲက Chicago မြို့ က ctos(Central Operating System) ကို အမှီပြုပြီး လည်ပတ်နေတဲ့မြို့အနေနဲ့ တွေ့ရမှာဖြစ်ပါတယ်။ Hacking ပိုင်းကျွမ်းကျင်တဲ့ “Aiden Pearce” ဟာ ctos ကို ၀င်ရောက်ထိန်းချုပ်ပြီး Chicago တစ်မြို့ လုံးမှာရှိတဲ့ computer controlled device တွေကို မသမာသူတွေထက် ခြေတစ်လှမ်းသာစေဖို့ မိမိလိုသလို စေခိုင်းနိုင်မှာ ဖြစ်ပါတယ်။

               ပတ်ဝန်းကျင်မှာ ရှိတဲ့ surveillance camera တွေ traffic signal တွေ vehicle တွေကနေ စပြီး တစ်မြို့လုံးကို အချိန်အတိုင်းတာ တစ်ခုအထိ electricity ဖြတ်တောက်တဲ့အထိပါ ထိန်းချုပ်နိုင်တာကတော့ တစ်ခြား Open World games တွေဖြစ်တဲ့ GTA တို့ Saints Row တို့နဲ့ ကွဲစေတဲ့ထူးခြားချက်ပါပဲ။Game ထဲက ဇာတ်ကောင်တွေရဲ့  လှုပ်ရှားမှုတွေက Assassin’s Creed IV တို့ Splinter Cell: Blacklist တို့လို game ကြီးတွေမှာလို သဘာဝကျကျ ဖြစ်တယ်ဆိုတာကို တွေ့ ရမှာဖြစ်ပြီး shooting ပိုင်းပဲဖြစ်ဖြစ် Driving ပဲဖြစ်ဖြစ် melee combat ပဲဖြစ်ဖြစ် ဘယ်အချိန်မှာမဆို အရေးပါတဲ့ လုပ်ဆောင်ချက်တွေကိုလုပ်ဖို့ Focus ဆိုတဲ့ ability ကိုပါ ထည့်ပေးထားပါတယ်။Focus mode ထဲမှာဆိုရင် အချိန်တွေက သာမန်ထက်ပိုနှေးသွားပြီ ဆုံးဖြတ်ချက်တွေကိုချဖို့ အချိန်အခွင့်အရေး ပေးလိုက်တဲ့သဘောပါ။ Focus သုံးထားတုံးမှာ ပတ်ဝန်းကျင်က လျှပ်စစ်မီးတွေကို ဖျက်တာ၊ စက်ပစ္စည်းတွေကို Hack ပြီးတော့ ရန်သူကို ဟန်ချက်ပျက်အောင် လုပ်ဆောင်နိုင်ပါတယ်။Ubisoft က အစမ်းသဘောနဲ့ ချပြတဲ့ မိနစ် ၃၀ စာ Demo မှာတော့ Game ဇာတ်လမ်းပိုင်း သိပ်မပါတာ တွေ့ ရပါတယ်။ Demo မှာ ကစားသူအနေနဲ့ “ctos” Server building ကို ၀င်ရောက် hack ရတဲ့အခန်းကို ဆော့ရမှာပါ။ ctos ကိုထိန်းချုပ်နိုင်ရင် အကာအကွယ် ခိုင်ခိုင်မာမာနဲ့ ထိန်းသိမ်းထားတဲ့ တစ်မြို့လုံးမှာရှိတဲ့ နေထိုင်သူတွေရဲ့ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေကို အတားအဆီးမရှိ လိုအပ်သလို အသုံးပြုနိုင်မှာပါ။

                       Aiden ရဲ့  hacking skill ကိုအသုံးချပြီး ခြံဝင်းထဲမှာ ရှိတဲ့ လုံခြုံရေး ကင်မရာကို hack ပြီးတာနဲ့ အနားမှာရှိတဲ့ လက်နက်ကိုင် အစောင့်နှစ်ယောက်ရဲ့ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေကိုပါ ကင်မရာမှာ မြင်ရမှာဖြစ်ပါတယ်။ အစောင့်တစ်ယောက်က ကားဗုံးခွဲ တိုက်ခိုက်မှုတစ်ခုမှာ အသက်ရှင်ကျန်နိုင်ခဲ့ပြီးတော့ နောက်တစ်ယောက်ကတော့ လက်နက်ကိုင်ဆောင်မှုနဲ့ ဖမ်းဆီးခံထားရဖူးသူပါ။ctos ထဲကို တိတ်တဆိတ် ၀င်ရောက်ရမယ့်အချိန်မှာ အဲဒီလို အတွေ့အကြုံရှိပြီးသား အစောင့်တွေကို ရှောင်ကွင်းပြီးသွားတာက ပိုအန္တရာယ်ကင်းမှာပါ။ တစ်ခြားနည်းလမ်းကိုရှာပြီး ctos ကို hack နိုင်ပြီဆိုတာနဲ့ ကိုယ့်သဘောကျ အသုံးချလို့ရပါပြီ။ အဲဒီ့နောက်မှာ လမ်းမှာရှိသမျှ လူတွေရဲ့  personal information တွေကို သိနိုင်ပါပြီ။Watch_Dogs game ထဲမှာ မြို့ထဲလမ်းလျှောက်ရင်းနဲ့ အနားမှာရှိတဲ့ Coffee shop က ဖွင့်ထားတဲ့ သီချင်းကိုပါ download ဆွဲပြီး ကြိုက်တဲ့အချိန် နားထောင်နိုင်တဲ့ feature အပြင် Ubisoft က Gamer တွေကို အသိမပေးချင်သေးတဲ့ ဘယ်လို Feature တွေပါဦးမလဲဆိုတာကိုတော့ ကိုယ်တိုင်ကစားမှသိမှာပါ။



***Game Review ကို Planmyanmar မှကူးယူဖော်ပြပါသည်***



















Minimum :
OS   :    Windows Vista (SP2),7 (SP1) or 8 (64 bit only)
CPU  :  Intel Core 2 Quad Q8400 @ 2.66Ghz or AMD Phenom II X4 940 @ 3.0Ghz
RAM   :   4 GB
Graphic Card:Nvidia Geforce GTX 460/AMD Radeon HD 5770/Intel Iris Pro HD 5200

HDD  :  25 GB
DirectX  : 11


Recommended   :
OS  :    Windows Vista (SP2),7 (SP1) or 8 (64 bit only)
CPU  :  Core i7 3770 @ 3.5Ghz or AMD FX-8350 @ 4.0Ghz
RAM  :  8 GB
Graphic Card  :Nvidia Geforce GTX 560 ti or AMD Radeon HD 7850(2 GB)

HDD  :   25 GB
DirectX    : 11





      Part 1(1 GB)  Part 2(1 GB)  Part 3(1 GB)  Part 4(1 GB)  Part 5(1 GB)  Part 6(1 GB)  Part 7(1 GB)  Part 8(1 GB)  Part 9(1 GB)  Part 10(1 GB)  Part 11(119.90 MB)
                                                                                                             Only(10.1 GB)
                                                                                          Password   :     www.top2download.com

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...