Open world အမျိုးအစား Action Adventure ဂိမ်းတခုဖြစ်ပြီး နာမည်ကြီး Far Cry၊ Assassin's Creep တို့လို Gameတွေကို ဖြန့်ချီပေးနေတဲ့ Ubisoft ကပဲ 27 May 2014 မှာ PC၊Wii U ၊Play Station 4၊Play Station 3၊Xbox One နဲ့ Xbox 360 အတွက်ဖြန့်ချီပေးခဲ့ပါတယ်။Game ကို အသစ်စက်စက် Disrupt Game Engine နဲ့ Ubisoft Montreal ကရေးဆွဲပေးထားပါ။လူကြိုက်များတဲ့ Open World game ဖြစ်တဲ့ Grand Theft Auto V လို title မျိုးနဲ့ ယှဉ်ပြိုင်ဖို့ ရည်ရွယ်ထားတဲ့ game လဲ ဖြစ်ပါတယ်။Grand Theft Auto လိုမျိုး ဒုစရိုက်မှုတွေနဲ့ ပတ်သက်ပြီး အခြေခံ ဇာတ်အိမ်တည်ထားတဲ့ game တွေ Open World Genre ကို စိုးမိုးနေချိန်မှာ Watch_Dogs လို Title အသစ်တစ်ခု အနေနဲ့ နာမည်ကြီး ပြိုင်ဘက်တွေကို ယှဉ်ဖို့ Ubisoft ကစမ်းသပ်ထုတ်ဝေတာလဲဖြစ်ပါတယ်။Demo Gameplay ချပြကတည်းက Gamer တွေစိတ်ဝင်စားနေတဲ့ Game တခုလဲဖြစ်ပါတယ်။