Friday, January 13, 2017

Darksiders : Warmastered Edition

            Darksiders ဂိမ်းရဲ့မူရင်း publisher လည်းဖြစ်သလို အခြားနာမည်ကြီးဂိမ်းတွေဖြစ်တဲ့ Saints Row၊ Red Faction၊ Company of Heroes၊ Dawn of War နဲ့ Homefront လို ဂိမ်းတွေကို စတင်ဖန်တီးခဲ့တဲ့ THQ ဟာ စတင်တည်ထောင်ပြီး ၂၇ နှစ်အကြာ ၂၀၁၃ ခုနှစ်မှာ ကုမ္ပဏီဖျက်သိမ်းခဲ့ပါတယ်။ ဂိမ်းပရိသတ်တွေ အနေနဲ့ THQ ကဖြန့်ချိတဲ့ Darksiders, Saints Row လိုမျိုးဂိမ်းတွေ နောက်ပိုင်းထွက်မလာတော့မှာ စိုးရိမ်ခဲ့ကြပေမယ့် game IP အများစုရဲ့ မူပိုင်ခွင့်တွေကို အခြားဂိမ်း publisher တွေက ဝယ်ယူခဲ့တဲ့အတွက်ကြောင့် နောက်ဆက်တွဲ ဂိမ်းတွေကို ကစားနိုင်ခဲ့ကြသလို Darksiders ဂိမ်းရဲ့ license ကို ဝယ်ယူခဲ့တဲ့ Nordic Games ဟာဆိုရင်လည်း အခုဆိုရင် THQ Nordic အမည်နဲ့ Darksiders ပထမနဲ့ ဒုတိယမြောက်ဂိမ်းတွေရဲ့ Remaster edition တွေကို ပြန်လည်ဖြန့်ချိခဲ့ပါတယ်။ THQ Nordic အနေနဲ့ Darksiders 2 ရဲ့ Remaster edition ဖြစ်တဲ့ Darksiders 2 - Deathinitive Edition ကို အရင်ထုတ်ပြီးတော့မှ Darksiders ပထမဂိမ်းရဲ့ Remaster edition ဖြစ်တဲ့ DarksidersWarmastered Edition ကို ၂၀၁၆ နှစ်ကုန်ပိုင်း မှဖြန့်ချိခဲ့သလို ဒလိုဂိမ်းနှစ်ခုစလုံးပြန်ထုတ်တာဟာ Darksiders 3 ဂိမ်းသစ်ကိုဖြန့်ချိဖို့အတွက် ပရိသတ်အားပေးမှုကို ပိုမိုလိုအပ်လို့ဆိုပြီးလည်း ပြောခဲ့ပါသေးတယ်။
Related Posts Plugin for WordPress, Blogger...