Assassin’s Creed Unity ကို Ubisoft Montreal က ဖန်တီးပြီး PC ၊ PlayStation 4၊ Xbox One၊ PlayStation 3 နဲ့ Xbox 360အတွက်Ubisoft ကNovember 11 ,2014 မှာဖြန့်ချီပေးခဲ့ပါတယ်။ AnvilNext အင်ဂျင်ကို အသုံးပြုထားပြီး Action Adventure အမျိုးအစား ဖြစ်ပါတယ်။Assassin’s Creed ရဲ့ ၇ ခုမြောက် ဂိမ်းဖြစ်တဲ့ Unity ဟာ ပြင်သစ်တော်လှန်ရေးကာလမှာ ဇာတ်အိမ်တည်ပြီး ဖန်တီးထားပါတယ်။ Arno Dorian ဟာ ၁၇၈၉ ခုနှစ် ပြင်သစ်တော်လှန်ရေးကာလ ပါရီမြို့မှာ နေထိုင်သူ တစ်ဦးပါ။ သူ့ရဲ့ ဖခင်ဟာ Assassin တစ်ယောက်ဖြစ်ပြီး Shay Patrick Cormac က လုပ်ကြံလို့ ကျဆုံးသွားခဲ့တာပါ။ Arno ကို Templer Order ရဲ့ Grand Master တစ်ယောက်က မွေးစားခဲ့ပါတယ်။ သူ့ရဲ့ မွေးစားဖခင် လုပ်ကြံခံရျိန်မှာတော့ Arno ဟာ Brotherhood of Assassins ထဲ ဝင်ရောက်ပြီး သူ့မွေးစားဖခင်အတွက် လက်စားချေဖို့ ကြိုးစားပါတယ်။ Brotherhood of Assassins ထဲမှာ Arno ဟာ တဖြည်းဖြည်းနဲ့ ရာထူးတက်လာပြီး သူ့မွေးစားဖခင်ရဲ့ သမီးဖြစ်သူ Elise De LaSerre နဲ့အတူ ပြင်သစ်တော်လှန်ရေးရဲ့ အရေးပါတဲ့ ကဏ္ဍတွေမှာ ပါဝင်ခဲ့ရပါတယ်။
Tuesday, July 21, 2015
Dead Space 3
Sci-fi အမျိုးအစားSurvival horror ဂိမ်းတခုဖြစ်ပြီး Visceral Studio ကနေရေးဆွဲကာ 2103 February 5 မှာ PC,PlayStation 3 နဲ့ Xbox 360 တို့အတွက် EA ကနေဖြန့်ချီပေးခဲ့ပါတယ်။ဒီဂိမ်းဟာ Dead Space စီးရီးရဲ့ တတိယမြောက်အတွဲဖြစ်ပြီး Dead Space 2 ရဲ့အဆက်လဲဖြစ်ပါတယ်။Game Engine ကိုတော့ အရောင်စိုစိုနဲ့ကြည်လင်တဲ့ရုပ်ထွက်ရအောင် Viscera Game Engine ကိုအသုံးပြုထားပါတယ်။Survival horror ဂိမ်းဆိုတဲ့အတိုင်း ကြောက်လန့်စရာတွေနဲ့ ရင်ဆိုင်တိုက်ခိုက်ရမှာဖြစ်ပြီး ကျယ်ပြောလှတဲ့ အာကာသထဲက Space Ship ထဲမှာရော၊ဂြိုလ်တွေပေါ်မှာပါ ကစားရမှာဖြစ်ပါတယ်။ဒီဂိမ်းမှာတော့ Dead Spaceစီးရီး ရဲ့ပင်မဇာတ်ကောင် Isaac Clarke နဲ့ အသစ်ပါလာတဲ့John Carver တို့နှစ်ယောက် Necromorph လို့ခေါ်တဲ့ကြောက်စရာ သတ္တဝါတွေကို အမြစ်ဖြုတ်ချေမှုန်းတဲ့ပုံစံမျိုးကစားရမှာဖြစ်ပါတယ်။
Subscribe to:
Posts (Atom)