Saturday, March 12, 2016

Resident Evil Zero Remastered

July 23, 1998
ည 8 နာရီနဲ့ 2 မိနစ်
                          Umbrella အဖွဲ့အစည်း ရဲ့ Ecliptic Expressလို့ခေါ်တဲ့ ကိုယ်ပိုင် ရထားတစ်စင်း . . .
တောတွေ တောင်တွေ ကွေ့ဝိုက်ဖြတ်သန်းရင်းနဲ့ ခရီးသွားနေတယ်၊ ရထားပေါ်မှာပါလာတဲ့လူတွေ ကလည်း အားလုံးအေးအေးလူလူနဲ့ သက်တောင့်သက်သာနဲ့ပေါ့….ဒါကို တောင်အငူအစွန်းပေါ်မှာကြိုရောက်နေတဲ့ လူငယ်တစ်ယောက် ဟာ မမှိတ်မသုန်နဲ့ ရထားကြီးသွားနေတာကို သွေးအေးအေးနဲ့ ကြည့်နေခဲ့တယ်။

                သူဘာလုပ်မှာလဲ၊ဘယ်လိုအကြံအစဉ်တွေလုပ်ထားသလဲ….ဘာကြောင့်လဲ... ဘာကြောင့်လဲ...ရထားပေါ်ကလူတွေကတော့ ဘာမှကို မသိကြရှာပါဘူး။
                                 သက်တောင့်သက်သာနဲ့ ခရီးသွားရင်း အစားစားသူ ကစား၊ စကားပြောသူကပြော၊ တောတောင် ရှုခင်းများကို ခံစားတဲ့လူက ငေးမော လွမ်းဖွယ် စဉ်းစားရင်းနဲ့ရှိနေ တုန်း….ဗြုန်းဆိုပြီး ရထားပြတင်းပေါက်မှန်မှာ လာရောက်ကပ်တွယ်လာကြတဲ့ ချွန်ထက်တဲ့သွားများနဲ့ မျှော့လိုလို အကောင်တွေရာနဲ့ချီပြီး တော့ ရထားပြတင်းပေါက်နဲ့ခေါင်မိုးတွေကို ဖျက်စီးပြီးတော့ လူတွေကိုတိုက်ခိုက်ဖို့ရောက်လာကြပါတော့တယ်။ အားလုံးကမ္ဘာပျက်မတတ်ပါပဲ......အော်လိုက်ဟစ်လိုက်နဲ့ ပြေးစရာမြေမရှိတဲ့လူတွေလိုမျိုး အသားစားမျှော့များရဲ့ တိုက်ခိုက်မှုကြောင့် သွေးသံ တရဲရဲနဲ့ အတုန်းအရုန်း သေပွဲဝင်ရရှာတာများ မြင်မကောင်းလိုက်တာဗျာ…. တစ်ကယ့် ငရဲတစ်ခုကိုရောက်နေ ရသလိုပါပဲ…..ရထားကတော့ အရှိန်ပြင်းပြင်းနဲ့ ခုတ်မောင်းကောင်းနေဆဲပါပဲ …ညကလည်း သူ့ဘာသာသူ အမှောင်ကတ္တီဘာစကိုခင်းပြီး ကြယ်စင်များနဲ့ ပျော်လို့ကောင်းနေတုန်းပါပဲ . .ဇာတ်လမ်းကတော့ အဲ့ဒီကစပါတယ်…..

Fallout 4

                  Fantasy western RPG Oblivion ရဲ. developer Bethesda က 2008 ခုနှစ်မှာ Fallout 1 နှင့် Fallout 2 ကို ရေးသားခဲ.တဲ. Obsidian Entertainment ရဲ. အဆက် Fallout 3 ကို ရေးသားမည်ဟု ကြော်ငြာစဉ်တုန်းက မူလ Fallout ဂိမ်းနှစ်ခုရဲ. ပရိသတ်များက developer အပြောင်းအလဲမှာ Fallout ရဲ. quality ကျဆင်းပြီး ကစားလို. မကောင်းဖြစ်မှာကို စိုးရိမ်ခဲ.ကြပါတယ်။ ဒါပေမယ်. Fallout 3 ထွက်ရှိလာတဲ. အခါမှာ မူလ Fallout ပရိသတ်အများစု နှင့် Fallout series ကို ပထမဆုံးကစားသူ အများစုကပါ သဘောကျ နှစ်သက်ခဲ.ကျပါတယ်။ 2008 အတွက် Game of the year နှင့် RPG of the year ဆုများကို professional game review websites အမြောက်အများမှ ရရှိခဲ.တဲ. အပြင် Fallout 3 ဟာ စာရေးသူ ကိုယ်တိုင်ရဲ. 2008 အတွင်းထွက်ရှိခဲ.တယ်. အကြိုက်ဆုံးဂိမ်းများ ထဲမှတစ်ခုဖြစ်ပါတယ်။ 2010 မှာတော့ developer Obsidian Entertainment က Fallout: New Vegas ရဲ. developer အဖြစ်တာဝန်ယူခဲ့ပြီး Bethesda က ဒီတစ်ခေါက်မှာ ဖြန့်ချီသူ publisher အဖြစ်သာဝင်ရောက် ပါဝင်ထားပါတယ်။ Fallout 3 ထွက်ပြီး 7 နှစ်အကြာမှာတော့ Fallout 4 ထွက်ရှိလာပြီဖြစ်ပြီး ဒီတစ်ခါမှာတော့ မထွက်ခင်ကတည်းက Open World နှင့် Action RPG ပရိသတ်ပေါင်းများစွာ သန်းနှင့်ချီပြီး စောင့်မျှော်ခဲ့ရတဲ့ဂိမ်းဖြစ်ပြီး မျှော်မှန်းထားသလိုပဲ ကစားလို့ကောင်းတဲ့ ဂိမ်းတစ်ခုဖြစ်တာ တွေ့ရမှာမှာပါ။

Deadpool

      Marvel Comics ဇာတ်ကောင်တစ်ယောက်ဖြစ်တဲ့ Deadpool ဟာ Superhero ရုပ်ရှင်တွေပဲ ကြည့်ဖြစ်တဲ့ ပရိသတ်နဲ့ အနည်းငယ်စိမ်းနေမှာဖြစ်ပေမည့် comics book ဖတ်သူ video game ကစားသူတွေ သဘောအကျဆုံး ဇာတ်ကောင်တစ်ယောက်ဖြစ်ပြီးသားပါ။ကိုယ်ပိုင် သီးသန့် comics series ရှိတာကြာပြီဖြစ်တဲ့ Deadpool ဟာ Marvel: Ultimate Alliance 2 ၊ Wolverine: Origins ၊ Marvel VS Capcom 3 နှင့် Spider-man – Shattered Dimension အစရှိတဲ့ ဂိမ်းအမြောက်အမြားမှာ playablae character ဖြစ်စေ၊ ရန်သူ boss အဖြစ်ကနေအမြဲတမ်းပါဝင်တတ်ပြီး ရယ်စရာကောင်းတဲ့ တင်ဆက်မှုနှင့် gameplay တွေမျိုးစုံပါဝင်သလို အရာရာကို သရော်တတ်ပြီး စာဖတ်သူတွေ၊ ဂိမ်းကစားသူတွေကို စကားတွေပြန်ပြောတတ်တဲ့ ရယ်စရာတဲ့စရိုက်ကြောင့် လူကြိုက်များခဲ့ပါတယ်။

               

Related Posts Plugin for WordPress, Blogger...