Saturday, March 12, 2016

Fallout 4

                  Fantasy western RPG Oblivion ရဲ. developer Bethesda က 2008 ခုနှစ်မှာ Fallout 1 နှင့် Fallout 2 ကို ရေးသားခဲ.တဲ. Obsidian Entertainment ရဲ. အဆက် Fallout 3 ကို ရေးသားမည်ဟု ကြော်ငြာစဉ်တုန်းက မူလ Fallout ဂိမ်းနှစ်ခုရဲ. ပရိသတ်များက developer အပြောင်းအလဲမှာ Fallout ရဲ. quality ကျဆင်းပြီး ကစားလို. မကောင်းဖြစ်မှာကို စိုးရိမ်ခဲ.ကြပါတယ်။ ဒါပေမယ်. Fallout 3 ထွက်ရှိလာတဲ. အခါမှာ မူလ Fallout ပရိသတ်အများစု နှင့် Fallout series ကို ပထမဆုံးကစားသူ အများစုကပါ သဘောကျ နှစ်သက်ခဲ.ကျပါတယ်။ 2008 အတွက် Game of the year နှင့် RPG of the year ဆုများကို professional game review websites အမြောက်အများမှ ရရှိခဲ.တဲ. အပြင် Fallout 3 ဟာ စာရေးသူ ကိုယ်တိုင်ရဲ. 2008 အတွင်းထွက်ရှိခဲ.တယ်. အကြိုက်ဆုံးဂိမ်းများ ထဲမှတစ်ခုဖြစ်ပါတယ်။ 2010 မှာတော့ developer Obsidian Entertainment က Fallout: New Vegas ရဲ. developer အဖြစ်တာဝန်ယူခဲ့ပြီး Bethesda က ဒီတစ်ခေါက်မှာ ဖြန့်ချီသူ publisher အဖြစ်သာဝင်ရောက် ပါဝင်ထားပါတယ်။ Fallout 3 ထွက်ပြီး 7 နှစ်အကြာမှာတော့ Fallout 4 ထွက်ရှိလာပြီဖြစ်ပြီး ဒီတစ်ခါမှာတော့ မထွက်ခင်ကတည်းက Open World နှင့် Action RPG ပရိသတ်ပေါင်းများစွာ သန်းနှင့်ချီပြီး စောင့်မျှော်ခဲ့ရတဲ့ဂိမ်းဖြစ်ပြီး မျှော်မှန်းထားသလိုပဲ ကစားလို့ကောင်းတဲ့ ဂိမ်းတစ်ခုဖြစ်တာ တွေ့ရမှာမှာပါ။


               Fallout ဂိမ်းတိုင်းရဲ.ထုံးစံအတိုင်း Fallout 4 ကို nuclear စစ်ပွဲပြီး နှစ်ပေါင်း 210 အကြာ အနာဂတ်ခေတ် 2287 ခုနှစ်မှာ ဇာတ်အိမ်တည်ထားပါတယ်။ မြင်မြင်ရာ မျက်စိတစ်ဆုံး အပျက်အစီးများနှင့်ပြည်.နှက်နေတဲ.ခေတ်ပေါ့။ အသက်ရှင် ကျန်ရှိသူများဟာ ထဲမှ လူတချို.ဟာ radiation ဓာတ်သင့်မှုကြောင့် ရုပ်ပျက်ဆင်းပျက် ဖြစ်ကြရပါတယ်။ ထိုသို.သူများကို သာမန်လူများက ghoul ဟုခေါ်ဆိုကြကာ ပစ်ပယ်ထားကြပါပြီး တစ်ချို. လူများနှင့် တိရစ္ဆာန်များမှာ လည်း radiation ဓာတ်သင့်မှု ကြောင့် သာမန်အရွယ်ထက် ကြီးမားလာ ရုံသာမက စိတ်ရိုင်းများဝင်လာကြပါတယ်။ ၄င်းကဲ.သို. mutant များ၊ feral ghoul များ၊ လူရမ်းကား နှင့် လူဆိုးအဖွဲ. Bandits မြောက်များစွာကို Fallout 4 RPG ဂိမ်း ရဲ. wasteland များနှင့် ခေတ်သစ် Boston မြို.ပေါ်မှာရင်ဆိုင်ရမှာဖြစ်ပါတယ်။ ကစားတဲ့အချိန် ကြာလာတာနှင့်အမျှ Mass Effect တို့ Skyrim တို့မှာလိုမျိုးပဲ ကစားသူကိုယ်တိုင်ကိုက Wasteland ထဲမှာ နေထိုင်သူတစ်ယောက်လို ခံစားလာရပြီး မြို့တွေ settlements တွေအတွင်းက NPC တွေကော၊ Quest ပေးတဲ့သူတွေနှင့် ကိုယ်နဲ့တွဲဖက် Companions တွေကိုပါပိုပြီး သံယောဇဉ်ရှိလာမှာပါ။ Fallout 3 တုန်းက ရှာရနည်းနည်းခက်တဲ့ ခွေးအဖော် Dogmeat ကိုတော့ ဇာတ်လမ်းအစကတည်းက တိုက်ပွဲများအတွင်းမှာ အသုံးပြုနိုင်မှာပါ။

                အရင်ဂိမ်းတွေနှင့်ကွာတဲ့အချက်တစ်ခုက The Great War အမည်ရ Nuclear စစ်ပွဲမတိုင်ခင် အချိန်မှာ စတင်ကစားရမှာဖြစ်ပြီး ကစားသူက Male သို့မဟုတ် Female ဇာတ်ကောင်အဖြစ် ရွေးချယ်ခံထားရသူဟာ Nuclear ဗုံးခိုကျင်း Vault-Tec vault အတွင်းမှာ နှစ်ပေါင်း 200 ကျော် Cryogenic ရေခဲစနစ်နဲ့ အိပ်ပျော်နေရာနေ နှိုးလာပြီးနောက် သူ့လိုပဲ Cryo effect နဲ့ အိပ်နေပြီးနောက်ပိုင်းမှာမှ ပြန်ပေးဆွဲခံခဲ့ရတဲ့ ကလေးငယ်ကို ပြန်လည်ရှာဖွေရပုံကစားရမှာပါ။ Fallout ဂိမ်းတွေဆော့ဖူးသူတွေ မျှော်မှန်းထားတဲ့အတိုင်းပဲ main-story mission သာမကဘဲ ခြေဦးတည့်ရာ မြေပုံအကျယ်ကြီးထဲ သွားလာလိုရာသွားပြီး side-missions နှင့် ဇာတ်လမ်းဆက်စပ်မှုရှိတဲ့ quests တွေကို နာရီပေါင်းများစွာကစားနိုင်မှာ ဖြစ်ပါတယ်။ အသစ်ပါလာတဲ့ features သစ်ကတော့ လမ်းမှာကောက်လို့ ရသမျှ items တွေကို ပေါင်းစပ်ပြီး settlements အမည်ရ အဆောက်အဦးနှင့် weapon upgrades တွေဆောက်နိုင်မှာဖြစ်သလို လက်နက်တွေရဲ့ magazines၊ scope နှင့် customization မျိုးစုံပါဝင်တဲ့ mod တွေ 700 ကျော်ပါဝင်လာပါတယ်။

              Graphics ပိုင်းမှာတော့ အကောင်းဆုံးထဲမှာ မပါပေမည့် အရင်ဂိမ်းတွေ ကထက်ပိုမို ကောင်းမွန်လာပါတယ်။ Fallout ပရိသတ်အများစုကလည်း graphics ပိုင်းထက် storyline နှင့် gameplay ပိုင်းကို ပိုစိတ်ဝင်စားသလို FPS ဂိမ်းချစ်သူများ အကြိုက် shooter style နှင့်ကစားနိုင်သလို RPG fan များ အတွက်လည်း VATS အမည်ရ RPG style shooting mode ပြန်လည်ပါဝင်လာပါတယ်။ VATS system ဆိုတာ Call of Duty ၊ Medal of Honor တို.လို ကိုယ်တိုင် ချိန်ပစ်တဲ.အစား AP ( action point ) အသုံးပြုပြီး မိမိပစ်ခတ် ချင်သည်.နေရာကို အချိန်နှေးပြီး turn based RPG style ရွေးချယ်ပစ်ခတ်နိုင်တဲ. shooting mode ပါ။ Power Armor တွေကိုလည်း အချိန်မရွေးဝတ်ဆင်နိုင်သလို သူတို့အတွက် Jetpack လိုမျိုး သီးသန့် upgrade တွေလည်းပါဝင်ထားပါတယ်။ 1950 ဝန်းကျင်က သီချင်းတွေကို Radio ကနေပြန်နားထောင်ပြီး ရန်သူတွေကို တိုက်ခိုက်ရတာတွေ၊ Wasteland ပေါ်လျှောက်သွားရတာတွေကတော့ တစ်ခြားဘယ်ဂိမ်းတွေနှင့်မှ မတူတဲ့ အရသာကို ပေးစွမ်းနိုင်ပါတယ်။

       Fallout 4 ဟာ ကောင်းမွန်ပြီးသား gameplay formula ကိုများစွာပြောင်းလဲခြင်း မရှိဘဲ storyline နှင့် quests များ ကိုသာ ထူးခြားကောင်းမွန်အောင် ပြုလုပ်ထားတဲ. ဇာတ်လမ်းအသားပေး western RPG ဂိမ်းကောင်း တစ်ခုဖြစ်တဲ့အတွက် 
ဇာတ်လမ်းအသားပေးကြိုက်တဲ့ Gamer တွေလက်မလွတ်သင့်တဲ့ Game တခုဖြစ်ပါကြောင်း.....

 *** Game Review ကို MMGamers မှကူးယူဖော်ပြပါသည်။***  













Minimum  :
OS  :    Window 7/8/8.1/10(64 Bit Only)
CPU  :   Intel Core i5-2300 2.8 GHz/AMD Phenom II X4 945 3.0 GHz or equivalent
RAM  : 8 GB
Video Card  :  NVIDIA GTX 550 Ti 2GB/AMD Radeon HD 7870 2GB

HDD   : 30 GB
DirectX  :  11



Recommended  :
OS  :   Window 7/8/8.1(64 Bit Only)
CPU  :  Intel Core i7 4790 3.6 GHz/AMD FX-9590 4.7 GHz
RAM  :  8 GB
Video Card  :  NVIDIA GTX 780 3GB/AMD Radeon R9 290X 4GB

HDD  :  30 GB
DirectX  :11




                             Part 1(1.5 GB)  Part 2(1.5 GB)  Part 3(1.5 GB)  Part 4(1.5 GB)  Part 5(1.5 GB)  Part 6(1.5 GB)  Part 7(1.5 GB)  Part 8(1.5 GB)
                                                          Part 9(1.5 GB)  Part 10(1.5 GB)  Part 11(1.5 GB)  Part 12(1.5 GB)  Part 13(1.4 GB)
                                                                                                            Only(18.7 GB)
                                                                                           Passowrd       :      www.ovagames.com

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...