Saturday, March 12, 2016

Deadpool

      Marvel Comics ဇာတ်ကောင်တစ်ယောက်ဖြစ်တဲ့ Deadpool ဟာ Superhero ရုပ်ရှင်တွေပဲ ကြည့်ဖြစ်တဲ့ ပရိသတ်နဲ့ အနည်းငယ်စိမ်းနေမှာဖြစ်ပေမည့် comics book ဖတ်သူ video game ကစားသူတွေ သဘောအကျဆုံး ဇာတ်ကောင်တစ်ယောက်ဖြစ်ပြီးသားပါ။ကိုယ်ပိုင် သီးသန့် comics series ရှိတာကြာပြီဖြစ်တဲ့ Deadpool ဟာ Marvel: Ultimate Alliance 2 ၊ Wolverine: Origins ၊ Marvel VS Capcom 3 နှင့် Spider-man – Shattered Dimension အစရှိတဲ့ ဂိမ်းအမြောက်အမြားမှာ playablae character ဖြစ်စေ၊ ရန်သူ boss အဖြစ်ကနေအမြဲတမ်းပါဝင်တတ်ပြီး ရယ်စရာကောင်းတဲ့ တင်ဆက်မှုနှင့် gameplay တွေမျိုးစုံပါဝင်သလို အရာရာကို သရော်တတ်ပြီး စာဖတ်သူတွေ၊ ဂိမ်းကစားသူတွေကို စကားတွေပြန်ပြောတတ်တဲ့ ရယ်စရာတဲ့စရိုက်ကြောင့် လူကြိုက်များခဲ့ပါတယ်။

               

ဒီနှစ်မှာပဲ ကိုယ်ပိုင် Solo ရုပ်ရှင်ထွက်လာပြီဖြစ်တဲ့ Deadpool ရဲ့ ဂိမ်းကို The Bourne Conspiracy နှင့် Transformers: Fall of Cybertron ဂိမ်းများကို ရေးဆွဲခဲ့တဲ့ High Moon Studios ကရေးသားထားပြီး Deadpool ဟာ High Moon Studios မှ video game developer အဖွဲ့ရဲ့ ဇာတ်ညွန်းအတိုင်းမဟုတ်ဘဲ မိမိစိတ်ကူးတည့်ရာ လုပ်ဆောင်ပုံ၊ High Moon Studios သို့ ဆက်သွယ်ပြီး တောင်းဆိုမှုများ ပြုလုပ်ပုံတို့ကို ရယ်ရွှင်ဖွယ် မြင်တွေ့ရမှာ ဖြစ်ပါတယ်။ဇာတ်လမ်းအစပိုင်းမှာ Deadpool ထမ်းဆောင်ရမည့် တာဝန်ကတော့ ကြည့်လို့လည်းမကောင်းသလို၊ ပျင်းဖို့လည်းကောင်းတဲ့ TV Program တွေကို ဖြန့်ချီနေတဲ့ TV Channel producer တစ်ယောက်ကို လိုက်လံနှိမ်နှင်းရပုံဖြင့် စတင်ထားမှာဖြစ်ပြီး နောက်ပိုင်းမှာတော့ Mister Sinister နှင့် Vertigo၊ Blockbuster တို့လို mutant များနှင့် ရင်ဆိုင်တိုက်ခိုက်ရမှာ ဖြစ်ပါတယ်။ Mutant ဇာတ်ကောင်အများစုနှင့် မရင်းနှီးသေးသူတွေ အတွက်လည်း character တစ်ယောက်ချင်းဆီကို ဟာသဆန်ဆန် ပြန်လည် မိတ်ဆက်ပေးမှာဖြစ်လို့ Action ဂိမ်းပရိသတ်အားလုံး ဇာတ်လမ်းနားလည်နိုင်မှာ ဖြစ်ပါတယ်။

              ဇာတ်လမ်းတစ်လျှောက် ပုံမှန် 3D level တွေကနေ Deadpool အနေနှင့် budget တွေအများကြီးသုံးလိုက်လို့ ပိုက်ဆံမလောက်တော့လို့ ဆိုပြီး 8-bit level တွေ 2D level တွေ ပုံစံပြောင်းသွားပုံကိုလည်း ရယ်စရာကောင်းအောင် ထည့်သွင်းထားပြီး နောက်ပိုင်းမှာတော့ ပျက်ဆီးနေပြီဖြစ်တဲ့ mutant များနေထိုင်ရာ Genosha မြို့ကို Deadpool နှင့်အတူ X-Men အဖွဲ့ဝင်များဖြစ်တဲ့ Domino, Wolverine, Rogue, Psylocke တို့နှင့်အတူ ခရီးနှင်ရမှာဖြစ်သလို Deadpool ရဲ့တွဲဖက်တစ်ယောက်ဖြစ်တဲ့ Cable ရဲ့အကူအညီတွေလည်း အသုံးချရမှာ ဖြစ်ပါတယ်။Storyline က ဟာသဆန်ဆန် ရေးသားထားပေမည့် gameplay ကိုတော့ ပေါ့ပျက်ပျက်မလုပ်ထားပဲ Deadpool အနေနှင့် Katana နှင့် Pistol တို့ကို အဓိကအသုံးပြုပြီး တစ်ပွဲဝင်ရမှာ ဖြစ်ပါတယ်။ Stealth gameplay အနည်းငယ်ပါဝင်ပေမည့် အဓိကကတော့ ရန်သူတွေနှင့် ထိပ်တိုက်ရင်ဆိုင် တိုက်ခိုက်ရမည့် action gameplay နှင့် တိုက်ခိုက်မှုကို ရှောင်တိမ်းနိုင်တဲ့ teleport ability နှင့် counter attack abitlity တို့လည်း ပါဝင်ပါတယ်။ Melee လက်နက် သုံးမျိုးနှင့် Ranged လေးမျိုးတို့နှင့်အတူ Flash bang ၊ Grenade ၊ Mine အစရှိတဲ့ sub-weapon တွေပါဝင်ပါသေးတယ်။

                 Upgrade စနစ်ရဲ့ အဓိက စိတ်ဝင်စားဖို့ကောင်းတဲ့ အချက်က ပိုက်ဆံပေါတိုင်း လက်နက်အသစ် upgrade အသစ်တွေ ဝယ်နိုင်မှာ မဟုတ်ဘဲ machine gun ကို damage တိုးအောင်၊ special power သုံးနိုင်အောင် upgarde တင်မည်ဆို အဆိုပါ machine gun လက်နက်နှင့် ရန်သူများကို တိုက်ခိုက်ဖူးမှ upgrade လုပ်နိုင်မှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် လက်နက်မျိုးစုံကို အမြဲအသုံးပြုဖြစ်နေမှာ ဖြစ်သလို upgrade point များများရဖို့ combo အများကြီးရအောင်လည်း သတိထားနိုင်မှာ ဖြစ်ပါတယ်။Deadpool ဟာ graphics ပိုင်းနှင့် gameplay ပိုင်းအနေနှင့် အခြား Action ဂိမ်းများနှင့်ယှဉ်ရင် အရမ်းကြီးသာတဲ့ အချက်တွေမရှိပေမည့် ကစားသူကို အမြဲတမ်း ပြုံးအောင်၊ရယ်အောင် လုပ်နိုင်တဲ့ဂိမ်းတွေ ရှားတဲ့ထဲက ရယ်စရာကောင်းသလို gameplay လည်း သင့်တင့်တဲ့အတွက် Action နှင့် Comics Book ဂိမ်းပရိသတ်အားလုံး ကစားသင့်တဲ့ ဂိမ်းတစ်ခု ဖြစ်ပါတယ်။



*** Game Review ကို MMGamers မှကူးယူဖော်ပြပါသည်။***  



















Minimum  :
OS   :  Window 7/8/8.1
CPU  :   Intel Core 2 Duo E8200 @ 2.66 GHz or AMD Phenom X3 8750
RAM  :  2 GB
Video Card  :  
GeForce 8800 GTS or Radeon HD 4850 
HDD  :    7 GB
Direct X  :  9


Recommended  :
OS :  Window 7/8/8.1
CPU  : 
Core 2 Quad Q6600 2.4GHz or Phenom 9850 Quad-Core
RAM  :  4 GB
Video Card  :  
GeForce GTS 450 or Radeon HD 5770

HDD   :   7 GB
Direct X  :  10






                                              Part 1(720 MB)   Part 2(720 MB)  Part 3(720 MB)  Part 4(720 MB)  Part 5(720 MB)  Part 6(702.2 MB)
                                                                                                               Only(4.2 GB)
                                                                                                   Password : www.ovagames.com

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...