Saturday, June 18, 2016

The Walking Dead(Season Two)

               ပထမ The Walking Dead ဂိမ်းစီးရီးလိုမျိုးပဲ Telltale Games ဂိမ်းဟာ TheWalking Dead Aventure game series ရဲ့ Season 2 ကို ၂၀၁၃ ဒီဇင်ဘာလကနေစပြီး အပိုင်း ၁ ကနေ ၅ အထိ နှစ်လ၊ သုံးလခန့်ခြားပြီး ဆက်တိုက်ဖြန့်ချိခဲ့ရာမှာ အောက်တိုဘာလအတွင်းမှာတော့ The Walking Dead ရဲ့ Season 2 Complete Edition ကို ဖြန့်ချိနိုင်ပြီဖြစ်ပြီး ထွက်ရှိပြီးသမျှ အပိုင်း ၅ ပိုင်းလုံး ပါဝင်လာပြီဖြစ်လို့ episode တစ်ခုချင်းစီထွက်စဉ်က မကစားဖြစ်သူတွေရော၊ ကစားပြီးပေမယ့် အပိုင်းတွေအားလုံး တစ်စုတည်း သိမ်းထားချင်သူတွေအတွက်ပါ အဆင်ပြေစေမှာ ဖြစ်ပါတယ်။ Telltale Games အနေနဲ့ မူရင်း The Walking Dead Comic book ကို မှီငြမ်းပြီး Zombie Apocalypse အတွင်း ဖုတ်ကောင်များလက်မှ လွတ်မြောက်အောင် ဘေးကင်းရာနေရာရှာဖွေသူတွေရဲ့ စွန့်စားခန်းတွေကို ဇာတ်လမ်းဆင်ထားတဲ့အတွက် Resident Evil တို့ Dead Rising တို့လို ဂိမ်းတွေမှာလို ရောဂါဇစ်မြစ်ရှာတာတွေ၊ လူသားမျိုးနွယ်စုကို ကယ်တင်ဖို့ ကြိုးစားတာတွေ ပါဝင်မှာမဟုတ်ဘဲ အသက်ရှင်ဖို့အတွက်သာ အဓိကထားကြိုးပမ်းနေရသူ လူသားများနေရာမှသာ ဝင်ရောက်ကစားရမှာဖြစ်တာကိုတွေ့ရမှာပါ။ Episode တစ်ခုချင်းဆီထွက်တုန်းက 8th Generation Console စက်တွေမှာ ထွက်ရှိထားခြင်းမရှိပေမယ့် Complete Season 2 ကတော့ ပိုမိုကောင်းမွန်တဲ့ graphics နှင့် PS4 နဲ့ Xbox One ဂိမ်းစက်တွေအတွက်ပါ ဖြန့်ချိထားတာတွေ့ရပါတယ်။

Metal Gear Solid V - The Phantom Pain

                            Metal Gear Solid V - The Phantom Pain ဟာ ၂၀၁၅ ခုနှစ်ရဲ့ ပရိသတ်စိတ်ဝင်စားမှု အများဆုံး ဂိမ်းတစ်ခုလည်း ဖြစ်သလို Metal Gear ဂိမ်းကို စတင်ဖန်တီးသူ Hideo Kojima အနေနဲ့ ၁၉၈၇ ခုနှစ် Metal Gear ဂိမ်းထွက်ရှိချိန်ကတည်းက Konami နှင့် တွဲဖက်ပြီး ဂိမ်းသစ်တွေ ရေးဆွဲ ခဲ့ရာကနေ Phantom Pain ဂိမ်းမထွက်ခင်မှာ Konami ကနေ နုတ်ထွက်ခဲ့တဲ့အတွက်ကြောင့် media တွေနဲ့ ကစားသူတွေရဲ့ အာရုံစိုက်မှုကို ပိုမိုရရှိခဲ့တဲ့ ဂိမ်းလည်း ဖြစ်ပါတယ်။ Graphics ပိုင်းရော gameplay ပိုင်း၊ ဇာတ်လမ်းပိုင်းတွေပါသေချာဖန်တီးထားတဲ့ ဂိမ်းသစ်အများစုကို ၂၀၁၅ ခုနှစ်ကစပြီး PC, PS4 နှင့် Xbox One ဂိမ်းစက်တွေအတွက်သာ စထုတ်လာပြီ ဖြစ်ပေမယ့် Phantom Pain ကတော့ ရှားရှားပါးပါး PS3 မှာရော Xbox360 မှာပါ ကစားနိုင်တဲ့ ဂိမ်းဖြစ်ပါတယ်။
Related Posts Plugin for WordPress, Blogger...