Saturday, June 18, 2016

The Walking Dead(Season Two)

               ပထမ The Walking Dead ဂိမ်းစီးရီးလိုမျိုးပဲ Telltale Games ဂိမ်းဟာ TheWalking Dead Aventure game series ရဲ့ Season 2 ကို ၂၀၁၃ ဒီဇင်ဘာလကနေစပြီး အပိုင်း ၁ ကနေ ၅ အထိ နှစ်လ၊ သုံးလခန့်ခြားပြီး ဆက်တိုက်ဖြန့်ချိခဲ့ရာမှာ အောက်တိုဘာလအတွင်းမှာတော့ The Walking Dead ရဲ့ Season 2 Complete Edition ကို ဖြန့်ချိနိုင်ပြီဖြစ်ပြီး ထွက်ရှိပြီးသမျှ အပိုင်း ၅ ပိုင်းလုံး ပါဝင်လာပြီဖြစ်လို့ episode တစ်ခုချင်းစီထွက်စဉ်က မကစားဖြစ်သူတွေရော၊ ကစားပြီးပေမယ့် အပိုင်းတွေအားလုံး တစ်စုတည်း သိမ်းထားချင်သူတွေအတွက်ပါ အဆင်ပြေစေမှာ ဖြစ်ပါတယ်။ Telltale Games အနေနဲ့ မူရင်း The Walking Dead Comic book ကို မှီငြမ်းပြီး Zombie Apocalypse အတွင်း ဖုတ်ကောင်များလက်မှ လွတ်မြောက်အောင် ဘေးကင်းရာနေရာရှာဖွေသူတွေရဲ့ စွန့်စားခန်းတွေကို ဇာတ်လမ်းဆင်ထားတဲ့အတွက် Resident Evil တို့ Dead Rising တို့လို ဂိမ်းတွေမှာလို ရောဂါဇစ်မြစ်ရှာတာတွေ၊ လူသားမျိုးနွယ်စုကို ကယ်တင်ဖို့ ကြိုးစားတာတွေ ပါဝင်မှာမဟုတ်ဘဲ အသက်ရှင်ဖို့အတွက်သာ အဓိကထားကြိုးပမ်းနေရသူ လူသားများနေရာမှသာ ဝင်ရောက်ကစားရမှာဖြစ်တာကိုတွေ့ရမှာပါ။ Episode တစ်ခုချင်းဆီထွက်တုန်းက 8th Generation Console စက်တွေမှာ ထွက်ရှိထားခြင်းမရှိပေမယ့် Complete Season 2 ကတော့ ပိုမိုကောင်းမွန်တဲ့ graphics နှင့် PS4 နဲ့ Xbox One ဂိမ်းစက်တွေအတွက်ပါ ဖြန့်ချိထားတာတွေ့ရပါတယ်။


                    The Walking DeadSeason 1 ရဲ့ Save file မှတစ်ဆင့် ကစားသူရဲ့ရွေးချယ်မှုတွေဟာ Season 2 ရဲ့ဇာတ်လမ်းနှင့် ဇာတ်ဝင်ခန်းများအပေါ် အကျိုးသက်ရောက်မှုရှိမှာဖြစ်သလို The Walking Dead -400 Days DLC အတွင်းက ဇာတ်ကောင်တွေလည်း Season 2 မှာ ပါဝင်လာပါတယ်။ Walking Dead ဇာတ်လမ်းတွေရဲ့ ထုံးစံအတိုင်းပဲ ဖုတ်ကောင် (Walker) တွေ ပါဝင်တယ်ဆိုပေမယ့် ကြောက်စရာအပိုင်းတွေ၊ တိုက်ခိုက်ခန်းတွေထက် အခက်အခဲမျိုးစုံကို ရင်ဆိုင်ရပုံ၊ အသက်ရှင်နိုင်အောင်ကြိုးပမ်းရပုံ Survival ပိုင်းအသားပေးဇာတ်လမ်းနှင့် Gameplay ကို အဓိကမြင်တွေ့ရမှာဖြစ်သလို ပထမဂိမ်းက ကောင်မလေး Clementine နေရာကနေ ဝင်ရောက်ကစားရမှာပါ။ Clementine ကို စောင့်ရှောက်ပေးသူတွေလည်း ပါဝင်တော့မှာ မဟုတ်သလို သူမအနေနဲ့ အခြား Survivor အဖွဲ့သစ်တွေကို ရှာဖွေရမှာဖြစ်လို့ ဇာတ်ကောင်သစ်တွေ အများကြီး ထပ်မံပါဝင်လာတာ တွေ့ရပါတယ်။ ဇာတ်ကောင်သစ်တွေအနေနဲ့ Luke လိုမျိုး Clementine အပေါ် အစ်ကိုတစ်ယောက်လို ဂရုစိုက်တဲ့ဇာတ်ကောင်တွေ၊ အခက်အခဲတွေနဲ့ ရင်ဆိုင်နိုင်ဖို့ သင်ကြားပေးတဲ့ Jane နှင့် Carver လိုမျိုး နယ်မြေသစ်ရဲ့ခေါင်းဆောင်တွေ အစရှိသဖြင့် စိတ်ဝင်စားစရာ character သစ်တွေ ပါဝင်ထားပါတယ်။

                         ပထမဂိမ်းအပြီး ၁၆ လအကြာမှာ နေရာယူထားပြီး ဖုတ်ကောင်တွေရန်ကအပြင် မိမိထံမှ အစာရေစာများ လုယူချင်သူ လူဆိုးတွေရန်ကပါ ကာကွယ်ရမှာဖြစ်လို့ အရင်ဂိမ်းကထက်ပိုပြီး အန္တရာယ်များလာသလို ခံစားရမှာပါ။ Clementine အနေနဲ့ မူရင်းဇာတ်လမ်းကထက် ပိုမိုရင့်ကျက်လာသလို လူတိုင်းကို အရင်ကထက်ပိုပြီး သတိထားဆက်ဆံလာတဲ့ ဇာတ်ကောင် တစ်ယောက်အဖြစ် တင်ဆက်ပေးထားပါတယ်။ ဂိမ်းတစ်ခုလုံးကလည်း Interactive movie ပုံစံ Gameplay ဖြစ်သလိုမူရင်း Storyline အသစ်နဲ့ဖြစ်လို့ Walking Dead Comics နှင့် TV Series တွေနဲ့ မရင်းနှီးရင်တောင် ကစားရတာ အဆင်ပြေမှာဖြစ်ပြီး ဇာတ်လမ်းနှင့်ဇာတ်ကောင် အသားပေးဂိမ်းဖြစ်လို့ ပထမ The Walking Dead ကို ကစားထားရင် သို့မဟုတ် ဇာတ်လမ်းအကျဉ်း သေချာဖတ်ထားရင်တော့ ကစားရတာ ပိုအရသာရှိမှာ ဖြစ်ပါတယ်။

                           Gameplay ပိုင်းကတော့ Interactive Movie ဆန်ဆန် Gameplay မျိုးဖြစ်ပြီး Action sequence တွေမှာတောင် ဇာတ်ကောင်တွေကို ကိုယ်တိုင်ကိုင်တွယ်ရမှာ မဟုတ်ဘဲ Quick Time Events (QTE) ပုံစံ screen မှာပေါ်လာတဲ့ command များ လိုက်နှိပ်ရတဲ့ပုံစံမျိုးနဲ့ ကစားရမှာပါ။ Locations တွေ၊ Items တွေ လိုက်ရှာရတဲ့အခါမှာတော့ ဇာတ်ကောင်ကို ကိုယ်တိုင်ရွှေ့ရမယ့် Explorationgameplay ပုံစံမျိုး ပါဝင်သလို စိတ်ကူးယဉ်မဆန်ဘဲ လက်တွေ့ကျတဲ့ Puzzles များလည်း ပါဝင်ပါတယ်။ ဒါပေမဲ့ Season One မှာလိုမျိုး items တွေကို နေရာစုံလိုက်ရှာရမယ့် အချိန်ဆွဲတဲ့ fetch quest ပုံစံ puzzle တွေကိုတော့ အများကြီးမထည့်ထားလို့ ဇာတ်လမ်းကို ပိုသွက်အောင် ဖန်တီးထားနိုင်တာ တွေ့ရပါတယ်။ Clementine ဟာ အရင် Season One က ကြောက်တတ်တဲ့ ကလေးတစ်ယောက်ပုံစံမဟုတ်တော့ဘဲ ကြမ်းတမ်းတဲ့ဖြစ်ရပ်မျိုးစုံကို ရင်ဆိုင်ခဲ့ရလို့ ရင့်ကျက်နေမှာဖြစ်သလို အခြားဇာတ်ကောင်တွေနဲ့ စကားပြောရာမှာ ရွေးချယ်လို့ရတဲ့ Dialogue Options တွေကြောင့် သူမဘေးက လူကြီးတွေကို အံ့ဩစေနိုင်မှာဖြစ်သလို သူမရဲ့အရေးကြီးတဲ့ ရွေးချယ်မှုတွေက ဘယ်ဇာတ်ကောင်သေမလဲ၊ ဘယ်သူအသက်ရှင် ကျန်ရစ်မလဲဆိုတဲ့ အကျိုးသက်ရောက်မှုတွေ ရှိနိုင်မှာဖြစ်ပါတယ်။ ရွေးချယ်မှုတွေက ဇာတ်လမ်းအတွင်း ပြောင်းလဲမှုတွေနဲ့ ရင်ဆိုင်ရစေမှာဖြစ်ပေမယ့် ပင်မဇာတ်လမ်းနဲ့ ဇာတ်သိမ်း ပိုင်းတွေကတော့ ကြိုတင် သတ်မှတ်ပြီးသား ဇာတ်လမ်းတွေဖြစ်တာတွေ့ရပါတယ်။ Episode 3 နှင့် Episode 5 ဇာတ်သိမ်းတွေမှာ ဇာတ်လမ်းသွက်လာတာကို တွေ့ရပါတယ်။ 

  
                 The Walking Dead Complete Season 2 ဟာ Voice acting ပိုင်း၊ Gameplay နှင့် Storyline ရောစပ်ထားတဲ့ အပိုင်းတွေဟာ အခြားဂိမ်းတွေနဲ့မတူဘဲ ကွဲလွဲမှုရှိတာကို တွေ့ရမှာ ဖြစ်သလို ဂိမ်းအများစုက မပေးစွမ်းနိုင်တဲ့ ဝမ်းနည်းစရာ အဖြစ်အပျက်တွေ၊ ခက်ခဲတဲ့ ရွေးချယ်မှုတွေနဲ့လည်း ရင်ဆိုင်ရမှာဖြစ်ပါတယ်။ The Walking Dead Complete Season 2 ကိုတော့ Graphics ပိုင်းထက် ဂိမ်းတစ်ခုမှာ ပိုမိုအရေးကြီးတဲ့ Gameplay နှင့် Story ပိုင်းတွေကို ဦးစားပေးတဲ့ gamers များနှင့်အတူ မူရင်း The Walking Dead ဂိမ်းရဲ့ပရိသတ်တွေပါ အကြိုက်တွေ့ဦးမှာ ဖြစ်ပါတယ်။

AddThis Sharing Buttons
***Game Review ကို www.MMGamer.com မှကူးယူဖော်ပြပါသည်။***












Minimun :
OS :Window 7/8/8.1
CPU : Pentium 4 2.0GHz or Athlon XP 1700+
RAM : 2 GB
Graphic Card : GeForce 205 or Radeon HD 4200
HDD : 3 GB
DirectX : 9



Recommended :
OS : Window 7/8/8.1
CPU ;Core 2 Duo E4600 2.4GHz or Athlon 5050e Dual Core
RAM : 4 GB
Graphic Card : GeForce GT 130 or Radeon HD 4650 1GB
HDD : 3 GB
DirectX : 9




                                                                                             Part 1(999 MB)         Part 2(751.68 MB)
                                                                                                               Only(1.7 GB)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...