လက်ရှိထွက်ရှိထားတဲ့ Metal Gear Solid V - Ground Zeroes နှင့် 2015 အတွင်းထွက်ရှိလာမည့် Metal Gear Solid V - Phantom Pain ဂိမ်းနှစ်ခုစလုံးကို ထူးခြားကောင်းမွန်တဲ့ graphics တွေကို ပြသနိုင်မည့် Kojima Productions ရဲ့ Fox Engine ကို အသုံးပြုထားပြီး အရင်ဂိမ်းတွေမှာ မပါဝင်ခဲ့တဲ့ open world gameplay ၊ နေ့နှင့်ည day & night cycle နှင့်အတူ သဘာဝကျတဲ့ lighting effect တွေကိုပါ ထည့်သွင်းနိုင်ခဲ့တာ တွေ့ရမှာပါ။ Metal Gear Solid ဟာ အရည်အသွေးကျဆင်းလေ့ လုံးဝမရှိတဲ့ Stealth ဂိမ်းစီးရီးဖြစ်တဲ့အတွက် Ground Zeroes မှာ quality ပိုင်းကတော့ ပူစရာမလိုဘူး ဆိုပေမည့် Phantom Pain ရဲ့ နိဒါန်း (Prologue) အဖြစ်သာ ကစားရမှာဖြစ်လို့ ကစားချိန်ကတော့ အရင် MGS ဂိမ်းတွေနှင့် ယှဉ်လိုက်ရင် အတော်လေးကို တိုနေတာ တွေ့ရမှာပါ။ Story mission ကတော့ ညဘက်ပဲ ဆိုပေမည့် side missions တွေကစားတဲ့ အခါမှာ နေ့ခင်းဘက် level design တွေလည်းပါဝင်လာသလို PC version အတွက် 60 frame per second (FPS) support အပြင် Shadows၊ Texture နှင့် Dept of Field effect တွေကို ပိုကောင်းအောင် ပြင်ဆင်ထားသလို Resolution ကိုတော့ 3840×2160 (4K) အဆင့်အထိ အားရပါးရတင်နိုင်တာ တွေ့ရပါတယ်။ 2014 ထဲထွက်ထားတဲ့ Console to PC Port တွေထဲမှာတော့ အကောင်းဆုံး Port တစ်ခုပါ။
Metal Gear Solid V – Ground Zeroes ရဲ့ storyline ကတော့ Metal Gear Solid 4 မတိုင်ခင်အချိန်မှာ နေရာယူထားတာဖြစ်ပြီး Metal Gear Solid 3 နှင့် Metal Gear Solid Peacewalker တို့ရဲ့ တိုက်ရိုက်အဆက်ဖြစ်ပါတယ်။ Ground Zeroes က 1975 ခုနှစ်၊ Phantom Pain က 1984 ခုနှစ်တို့မှာ ဇာတ်လမ်းဆင်ထားပြီး ကစားသူအနေနှင့် Solid Snake နှင့် Liquid Snake တို့လို clone တွေရဲ့ မူရင်း host ဖြစ်တဲ့ Snake/Big Boss နေရာကနေ ဝင်ရောက်ကစားရမှာပါ။ Solid Snake ပါဝင်တဲ့ MGS ဂိမ်းတွေက Science Fiction ပိုင်းနှင့် Gadget အသုံးပြုရမှုပိုင်းကို ပိုအသားပေးထားပြီး Big Boss နဲ့ ကစားရတဲ့ ဂိမ်းအများစုကတော့ နိုင်ငံရေးပိုင်းနှင့် Action Thriller ပိုင်းကို ပိုအသားပေးထားတာကို တွေ့ရမှာဖြစ်ပြီး Ground Zeroes ရဲ့ဇာတ်လမ်းအစမှာတော့ MGS - Peacewalker ဂိမ်းမှာ ပါဝင်ခဲ့တဲ့ လူငယ်တပ်သား တစ်ယောက်ဖြစ်သူ Chico နှင့် စပိုင်တစ်ယောက်ဖြစ်သူ Paz Ortega ကို Cuba နယ်စပ်က အကျဉ်းထောင်တစ်ခုဖြစ်တဲ့ Camp Omega မှာဝင်ရောက်ကယ်ဆယ်ရပုံ ကစားရမှာ ဖြစ်ပါတယ်။ MGS ဂိမ်းတွေဟာ ဇာတ်လမ်းအသားပေးဂိမ်းတွေဖြစ်လို့ အရှေ့ပိုင်းက ဂိမ်းတွေကစားဖူးထားရင် ပိုကောင်းပေမည့်၊ ကစားဖို့အဆင်မပြေသူတွေကတော့ ဂိမ်းအတွင်းမှာ ပါဝင်ထားတဲ့ ဇာတ်လမ်းအကျဉ်းကို ပြန်ဖတ်နိုင်မှာပါ။
MGS V - Ground Zeroes ဟာ Phantom Pain ရဲ့ Prologue ဇာတ်လမ်းဖြစ်တဲ့အတိုင်း အကျဉ်းသားနှစ်ယောက်ကို ကယ်ဆယ်ရမည့် ပင်မ main mission တစ်ခုတည်းပါဝင်ထားပြီး side missions အနေနှင့်ကတော့ ငါးမျိုးပါဝင်ထားပါတယ်။ အရင် MGS ဂိမ်းတွေတုန်းက Open World ဂိမ်းမဟုတ်ဘဲနဲ့ သတ်မှတ်ထားတဲ့ mission တွေကို ပုံသေနည်းတွေနှင့်သာ ကစားခဲ့ရပေမည့် ခုဆိုရင် ရန်သူစစ်သားတွေကို ဖမ်းပြီးသဲလွန်စတွေရှာမလား၊ ရန်သူတွေ မမြင်အောင် စခန်းတွေထဲခိုးဝင်မလား အစရှိတဲ့ tactical option တွေအသုံးပြုနိုင်သလို Stealth သီးသန့်မဟုတ်ဘဲ သေနတ်ပစ်တဲ့ shooting gameplay ပိုင်းကို အသားပေးပြီး ကစားချင်ရင်လည်းရပါတယ်။ Mouse နှင့် Keyboard နဲ့ကစားရတာ အဆင်ပြေပေမည့် Stealth ပိုင်းအသားပေးပြီး ဖြေးဖြေးချင်းသွားမယ်ဆိုရင်တော့ controller သုံးပြီးကစားတာ ပိုအဆင်ပြေတာ တွေ့ရပါတယ်။ HUD ကိုဖျောက်ပြီး ကစားနိုင်တဲ့ option သစ်ပါလာသလို story mission တစ်ခေါက်ကစားပြီးရင်လည်း ရန်သူ A.I စနစ်တွေနှင့် စခန်းအတွင်း level layout တွေ မတူညီတဲ့ settings 4 မျိုးကို ထက်ရွေးနိုင်မှာ ဖြစ်ပါတယ်။ MGS V – Ground Zeroes PC Version မှာ ကစားရတာတန်တဲ့ နောက်တစ်ချက်က အရင်က Sony console (PS3, PS4) exclusive – Deja’ Vu mission နှင့် Microsoft console (Xbox360, Xbox One) exclusive mission ဖြစ်တဲ့ Raiden ကိုကိုင်တွယ်ရပြီး ရန်သူတွေကို နှိမ်နှင်းရတဲ့ side missions နှစ်မျိုးစလုံးကို ကစားနိုင်တဲ့ အချက်ပါပဲ။
Metal Gear Solid V – Ground Zeroes ဟာကစားချိန် တိုတောင်းတာကလွဲလို့ graphics ပိုင်းအရင်ထက် ပိုကောင်းလာပြီး console ကနေ PC ကိုပြောင်းရာမှာ အဆင်ပြေတဲ့ port တစ်ခုဖြစ်တာ တွေ့ရပါတယ်။ ပင်မဂိမ်း Phantom Pain ထွက်လာရင်လည်း gameplay ပိုင်းရှည်ပြီး graphics ပိုင်းလည်းအရမ်းကောင်းမှာ သေချာသလို PC မှာကော console မှာပါ တစ်ပြိုင်တည်း ကစားနိုင်မှာမို့လို့ MGS ပရိသတ်တွေအားလုံး Ground Zeroes ကိုကစားရင်း Phantom Pain ကို စောင့်မျှော်နိုင်မှာပါ။
*** Game Review ကို MMGamers မှကူးယူဖော်ပြပါသည်။***
Minimum:
OS: Windows Vista SP2 x64, Windows 7 x64, Windows 8 x64 (64-bit OS Required)
Processor: Core i5-4460 (3.20GHz) or better *Quad-Core or better
Memory: 4 GB RAM
Graphics: NVIDIA GeForce GTX 650 (2GB) or better (DirectX 11 graphics card required)
DirectX: Version 11
Hard Drive: 4 GB available space
Sound Card: DirectX 9.0c compatible sound card (Surround Sound 5.1)
Recommended:
OS: Windows 7 x64, Windows 8 x64 (64-bit OS Required)
Processor: Core i7-4790 (3.60GHz) or better *Quad-Core or better
Memory: 4 GB RAM
Graphics: NVIDIA GeForce GTX 760 (DirectX 11 graphics card required)
DirectX: Version 11
Hard Drive: 4 GB available space
Sound Card: DirectX 9.0c compatible sound card (Surround Sound 5.1)
OS: Windows 7 x64, Windows 8 x64 (64-bit OS Required)
Processor: Core i7-4790 (3.60GHz) or better *Quad-Core or better
Memory: 4 GB RAM
Graphics: NVIDIA GeForce GTX 760 (DirectX 11 graphics card required)
DirectX: Version 11
Hard Drive: 4 GB available space
Sound Card: DirectX 9.0c compatible sound card (Surround Sound 5.1)