Risen ဂိမ်းတွေဟာ ဇာတ်လမ်းဆက်စပ်မှုရှိပေမည့် ရှေ့ပိုင်းကဂိမ်းတွေ မကစားဖူးလည်း storyline ပိုင်းထက် gameplay ပိုင်းကိုအသားပေးထားလို့ ခုမှ Risen ဂိမ်းတွေ စကစားမည့် သူတွေအတွက်လည်း အဆင်ပြေမှာပါ။ Risen 3: Titan Lords ရဲ့အဓိကဇာတ်လမ်းကတော့ မြေအောက်လာကမှ မကောင်းဆိုးဝါးတွေထွက်လာမည့် Demon Portal ကိုပိတ်ဆို့ပြီး ရန်သူခေါင်းဆောင် Shadow Lords တွေကို တားဆီးရမှာပါ။ ဒါ့အပြင် ကစားသူကို လက်စားချေဖို့နောက်ကလိုက်နေတဲ့ သရဲပင်လယ်ဓားပြ Ghost Pirate တွေနှင့် ရင်ဆိုင်ရပုံနှင့် အခြား Risen ဂိမ်းတွေမှ ဇာတ်ကောင်တွေနှင့် ဆက်စပ်ပြီးတော့လည်း ဇာတ်လမ်းဆင်ထားပါသေးတယ်။ Risen 3 ရဲ့ အခြေခံတိုက်ခိုက်မှုပုံစံတွေကို သင်ပေးတဲ့ Tutorial level အပြီးမှာတင် ကစားသူဟာ ကြီးမားတဲ့ Open World နယ်မြေတွေအတွင်း စိတ်ကြိုက်သွားလာနိုင်မှာဖြစ်ပြီး ကျွန်းအရွယ်အစားမျိုးစုံကို သင်္ဘောသို့မဟုတ် Fast Travel Portal တွေအသုံးပြုပြီးသွားလာနိုင်မှာဖြစ်သလို gameplay feature အသစ်ဖြစ်တဲ့ ရေကူးနိုင်တဲ့အစွမ်းလည်း ပါဝင်လာတာကြောင့် ကျွန်းတစ်ခုနှင့်တစ်ခုကြား နည်းမျိုးစုံအသုံးပြုပြီး သွားလာနိုင်မှာဖြစ်ပါတယ်။ မြေပုံကနေ တစ်နေရာနဲ့တစ်နေရာ အမြန်သွားဖို့ Fast Travel အတွက် Teleporter stone တွေလိုက်ရှာရမှာဖြစ်လို့ ဂိမ်းအများစုရဲ့ Fast Travel စနစ်တွေထက် ပိုအလုပ်ရှုပ်ပေမည့် လမ်းတစ်လျှောက် side missions မျိုးစုံ၊ အဖြစ်အပျက်မျိုးစုံတွေ့ရမှာဖြစ်သလို သင်္ဘောနှင့်ခရီးသွားရင်းနဲ့ လမ်းမှာ Sea Monsters အကြီးစားတွေနှင့်လည်း ရင်ဆိုင်ရမှာမို့လို့ Fast Travel မသုံးရင်တောင် ပိုစိတ်ဝင်စားဖို့ကောင်းတာ တွေ့ရပါတယ်။ Combat ပိုင်းကိုကြည့်မယ်ဆိုရင်တော့ Dragon Age II တို့ Bound by Flame တို့လို Action RPG တွေလောက်တော့ Combo ပိုင်းမသွက်ဘဲနှင့် melee weapons အသုံးပြုမယ်ဆိုရင်တော့ ရန်သူတွေတိုက်တာကို ရှောင်လိုက် parry တွေ direct strike တွေအသုံးပြုလိုက်နဲ့ ကစားရမှာဖြစ်ပေမည့် အများစုကတော့ Crystal Magic လို့ခေါ်တဲ့ Magic spell တွေကိုပဲ အဓိကအသုံးပြုဖြစ်မှာ သေချာပါတယ်။
Risen 1 မှာပဲပါပြီး Risen 2 မှာမပါဝင်ခဲ့လို့ ပရိသတ်ကအားမရဖြစ်ခဲ့ရတဲ့ Magic အစွမ်းတွေဟာ Risen 3 မှာတော့ ပုံမှန် Fire နှင့် Ice အစွမ်းလို elemental spell တွေအပြင် attack damage တွေတင်နိုင်တဲ့ buff spell တွေ ရန်သူတွေကို poison နဲ့ paralyze လိုမျိုးတိုက်ခိုက်နိုင်မည့် status effect spell တွေအစုံပါဝင်လာပြီး ရန်သူအများစုကို တစ်ပြိုင်တည်းတိုက်ခိုက်နိုင်တဲ့ အကွက်တွေလည်းပါဝင်လို့ အစပိုင်း magic spell သိပ်သုံးလို့မရသေးတဲ့ နာရီအနည်းငယ်ကလွဲလို့ နောက်ပိုင်းမှာတော့ Crystal Magic ကိုပဲ အဓိကအသုံးပြုဖြစ်မှာပါ။ Faction အဖွဲ့ သုံးဖွဲ့ဖြစ်တဲ့ Guardians ၊ Voo Doo Pirates နှင့် Demon Hunter တို့မှာ Voo Doo အဖွဲ့ဝင်ရင် ကရန်သူအလောင်းတွေကို နှိုးပြီးတိုက်ပွဲအတွင်း အသုံးချနိုင်မည့် အစွမ်းမျိုးတွေ ရမှာဖြစ်သလို Demon Hunter အဖွဲ့ကိုဝင်မယ်ဆိုရင်တော့ ပိုကောင်းတဲ့ armor နှင့် melee weapon တွေရရှိနိုင်သလို Faction ပေါ်မူတည်ပြီး Quests နဲ့ Storylines တွေပြောင်းလဲနိုင်တာမို့ တစ်ဂိမ်းတည်းကို သုံးခေါက်ကစားရင်တောင် ဇာတ်လမ်းသစ်၊ အစွမ်းသစ်တွေ တွေ့ရှိနိုင်မှာပါ။ Bioware ရဲ့ Mass Effect ဂိမ်းစီးရီးကို ကြိုက်တဲ့ပရိသတ် သဘောကျမည့်အချက်ကတော့ ခရီးထွက်တဲ့အခါ Ship Crew အဖွဲ့ဝင်တွေကို ရွေးချယ်နိုင်မှာဖြစ်ပြီး A.I teammates တွေနှင့် ပတ်သက်တဲ့ Quests တွေ၊ တစ်ယောက်ချင်းစီရဲ့ ကွဲပြားတဲ့ offensive သို့မဟုတ် healing အစွမ်း တွေပါဝင်ပါတယ်။ ကစားသူရဲ့ ညီမဖြစ်သူ Patty၊ Goblin လေး Mud နှင့် voodoo doctor Bones အစရှိတဲ့ ဇာတ်ကောင်မျိုးစုံကို တိုက်ပွဲအတွင်းခေါ်သွားနိုင်မှာဖြစ်သလို ဇာတ်ကောင်တွေရဲ့ voice acting ပိုင်းလည်း ကောင်းမွန်တာတွေ့ရပါတယ်။
Risen 3: Titan Lords ဟာ PC ၊ PS3 နှင့် Xbox360 သုံးမျိုးပဲထွက်ထားပြီး PS4 နှင့် Xbox One တို့လို next-gen consoles တွေမှာ မထွက်ထားဘဲ PC မှာလည်း graphics ကြည့်အကောင်းဆုံးထဲမှာ မပါဝင်ပေမည့် စိတ်ဝင်စားစရာ ကျွန်းမျိုးစုံ၊ Factions အဖွဲ့မျိုးစုံနှင့် ကြီးမားတဲ့ Open World Level တွေပါဝင်တဲ့အတွက် gameplay ကောင်းကောင်းကစားချင်တဲ့ Action RPG ဂိမ်းပရိသတ်တွေ နှစ်သက်မည့် ဂိမ်းတစ်ခုဖြစ်ကြောင်း ..............
*** Game Review ကို MMGamers မှကူးယူဖော်ပြပါသည်။***
Minimum :
OS : Window Vista/7/8/8.1
CPU : Intel Pentium Dual Core 1.60GHz Or Athlon 64 X2 Dual Core 3600+
RAM : 2 GB
Graphic Card : NVIDIA GeForce 8500 or ATI Radeon HD 2600(512 MB)
HDD : 10 GB
DirectX : 9
Recommended :
OS : Window Vista/7/8/8.1
CPU : Intel Core i5-750s or AMD Phenom II X4 940
RAM : 4 GB
Graphic Card : NVIDIA GeForce GTX 470 or AMD Radeon HD 5850(1 GB)
HDD : 10 GB
DirectX : 11
Part 1(500 MB) Part 2(500 MB) Part 3(500 MB) Part 4(500 MB) Part 5(500 MB) Part 6(500 MB) Part 7(500 MB) Part 8(500 MB) Part 9(237 MB)
Only(4.13 GB)
No comments:
Post a Comment