ပထမ Alien ရုပ်ရှင်ကတော့ သည်းထိတ်ရင်ဖိုပုံစံ Horror Thriller ရုပ်ရှင်ဖြစ်ပေမည့် နောက်ပိုင်းဇာတ်ကားတွေကတော့ Science Fiction Action အသားပေးတိုက်ခိုက်ခန်းတွေ များသလို Action နှင့် First Person Shooter ဂိမ်းတွေများပြီး Aliens VS Predator၊ Aliens: Infestation နှင့် 2013 မှာ Aliens: Colonial Marines လိုဂိမ်းတွေ ဆက်တိုက်ထွက်ခဲ့ပြီးတော့ 2014 မှာအသစ်ထွက်လာတဲ့ Alien: Isolation ဂိမ်းသစ်ကတော့ အရင်လိုဂိမ်းမျိုးတွေ မဟုတ်တော့ဘဲ တစ်ဂိမ်းလုံးမှာ Alien Xenomorph ဂြိုဟ်သားတစ်ကောင်တည်းသာ ပါဝင်တဲ့ စိတ်ဝင်စားစရာ Stealth နှင့် Survival Horror ဂိမ်းတစ်ခုဖြစ်နေတာ တွေ့ရမှာပါ။ Alien: Isolation ရဲ့ storyline ဟာ ALIEN ရုပ်ရှင်အပြီး 15 နှစ်အကြာနှင့် ALIENS ရုပ်ရှင်မတိုင်ခင် 42 နှစ်အကြာမှာ နေရာယူထားပြီး ALIEN ရုပ်ရှင်များရဲ့ distributor ဖြစ်တဲ့ 20th Century FOX ရဲ့ခွင့်ပြုချက်အရ ALIEN နှင့် ALIENS ရုပ်ရှင်နှစ်ကားကြားက အဖြစ်အပျက်များအဖြစ် ဇာတ်လမ်းဆင်ထားပြီး ALIEN အဖြစ်အပျက်များအပြီး ပျောက်ဆုံးနေတဲ့ မိခင် Ellen Ripley အားရှာဖွေနေသူ သမီး Amanda နေရာကနေ ကစားရမှာဖြစ်ပါတယ်။ Amanda အနေနှင့် Ellen Ripley ရဲ့ အာကာသယဉ် Nostromo မှ မှတ်တမ်းများကိုရှာဖွေပြီး သူမရဲ့မိခင်ကို တွေနိုင်ဖို့ သဲလွန်စရှာဖို့ ကြိုးစားရာမှ Flight Recorder ရှိရာ Sevastopol အာကာသ စခန်းသို့အသွားမှာ Alien Xenomorph ကြီးနှင့် ရင်ဆိုင်ရပုံမှ ကစားရမှာဖြစ်ပါတယ်။
Sevastopol စခန်းပေါ်မှာ Amanda ရင်ဆိုင်ရမှာက Alien တစ်ကောင်တည်း မဟုတ်ဘဲ ယဉ်ပေါ်က စိတ်မနှံ့တော့တဲ့ လူသားရန်သူတွေ၊ စက်ပိုင်းဆိုင်ရာ ဖောက်ပြန်ပြီး လူတိုင်းကို လိုက်သတ်ဖို့ ကြိုးစားနေတဲ့ Working Joes Android စက်ရုပ်တွေနှင့်လည်း ရင်ဆိုင်ရဦးမှာဖြစ်ပါတယ်။ ဒါပေမည့် အဓိက သတိထားရမည့် ရန်သူကတော့ Alien ကြီးပဲဖြစ်ပြီး အခြားရန်သူတွေနှင့် တိုက်ခိုက်နေစဉ် ဆူညံသံကြားတာနဲ့ Amanda ဆီကို အရောက်ပြေးလာမှာ ဖြစ်ပါတယ်။ Chapters တစ်ခုနှင့် တစ်ခုအကူးအပြောင်း အချို့ဇာတ်လမ်းပိုင်း အခန်းတွေက လွဲပြီးတော့ Alien နှင့်တွေ့ရမည့် ပုံစံအားလုံးက ကြိုတင်စီစဉ်ရေးဆွဲထားတဲ့ Scripted event တွေမဟုတ်ဘဲ Alien အနေနှင့်က တံခါးတွေ၊ လေဝင် လေထွက်ပေါက် Air Vent တွေကနေ တစ်ဆင့်သွားလာနေမှာဖြစ်ပြီး ဆက်စပ်တွေးခေါ်နိုင်တဲ့ A.I စနစ်လည်း ပါဝင်ထားပြီး ပြန်သတ်လို့လည်း မရလို့ တစ်ဂိမ်းလုံး ရင်တစ်ထိပ်ထိပ်နှင့် ကစားရမှာပါ။Amanda ရဲ့ ခြေသံနှင့် အော်သံမျိုးစုံကို လိုက်ပြီး ဘယ်မှာရှိလည်း၊ ဘယ်ကိုသွားနေလည်း မှန်းဆကာ ကစားရမည့် Stealth ပုံစံဖြစ်လို့ Headphone နားကြပ်နှင့် ကစားရင် ပိုကြောက်ဖို့ကောင်းပြီး အရသာရှိမှာဖြစ်သလို gameplay ပိုင်းအတွက်လည်း အသုံးဝင်မှာဖြစ်ပါတယ်။ Alien အနေနှင့် တံခါးပွင့်နေတာမြင်ရင် ဘယ်ဘက်ကို ဆက်သွားတာလည်း၊ ပုန်းနေနိုင်လား အစရှိတဲ့ စဉ်းစားနိုင်တဲ့ ညဏ်ပါဝင်သလို အသက်ရှုသံကိုပါ နားထောင်နိုင်လို့ locker တွေထဲ ဝင်ပုံးနေရင် အသက်အောင့်ပြီး ပုန်းရတဲ့ ပုံစံမျိုးတွေပါ ထည့်သွင်းပေးထားပါတယ်။ နောက်ပိုင်းမှာ Flamethrower လိုမျိုး လက်နက်တွေသုံးပြီး ခဏတစ်ဖြုပ် ထွက်ပြေးအောင် မောင်းထုတ်နိုင်ပေမည့် Weapon မပစ်နိုင်အောင် နောက်က အမြှီးနှင့်ထိုးတာတို့ နံရံပေါ်ကနေ ခုန်ချပြီးတိုက်ခိုက်တာတို့ အစရှိတဲ့ လှုပ်ရှားမှုတွေ အသုံးပြုလာမှာဖြစ်လို့ လက်နက်တစ်မျိုးတည်းကို ဆက်တိုက်မသုံးဘဲ ကစားသင့်တာ တွေ့ရပါတယ်။
Alien ဘယ်မှာရှိလည်း ဆိုတာကို ရုပ်ရှင်တွေထဲကလို motion tracker လေးသုံးပြီး လိုက်ရှာနိုင်ပေမည့် radar ပေါ်မှာ အဖြူလုံးလေးအနေနှင့်ပဲပြလို့ အပေါ်မှာလား၊ အောက်မှာလား၊ ဒါမှမဟုတ် ဘယ်ဘက်ကို မျက်နှာမူထားလည်း ဆိုတာတွေကိုတော့ ကြိုသိနိုင်မှာ မဟုတ်ပါဘူး။ အခြား Weapons တွေအနေနှင့်က Flashbang လိုမျိုးလက်နက်တွေအပြင် Shotgun လိုမျိုးသေနတ်တွေ အထိရနိုင်ပေမည့် သေနတ်သံထွက်လာရင်တောင် Alien ကြီးရောက်လာမှာ စိုးလို့ အခြား Androids ရန်သူတွေနှင့် တွေ့ရင်တောင် သတိထား သုံးရမှာဖြစ်ပါတယ်။ 25 နာရီ ကျော်ကြာ အားရပါးရ (သို့မဟုတ်) ကြောက်ကြောက်လန့်လန့် ကစားရမည့် Singleplayer Campaign နှင့်အတူ Survivor Mode အမည်ရ Alien ကို တိမ်းရှောင်ရင် အချိန်ဘယ်လောက်အကြာကြီး အသက်ရှင်နေနိုင်လည်းဆိုတာကို စံချိန်တင်နိုင်အောင်ကြိုးစားရမည့် game mode လည်း ထည့်သွင်းပေးထားပါတယ်။ Pre-order bonus DLC အဖြစ်လည်း Ripley နှင့် ALIEN ရုပ်ရှင်မှ ဇာတ်ကောင်များကို ရွေးချယ်ပြီး ပထမဇာတ်ကားမှ ဇာတ်ဝင်ခန်းပုံစံ ဖန်တီးထားတဲ့ level design များမှာ ကစားရမည့် DLC missions များလည်း ပါဝင်ပါတယ်။
Alien: Isolation ဂိမ်းဟာ အရင်ထွက်ထားတဲ့ Aliens ဂိမ်းတွေနှင့်လည်း ပုံစံကွဲပြားပြီး တစ်ဂိမ်းလုံးကို ရန်သူတွေမမြင်အောင် Stealth ပုံစံမျိုးကစားရသလို ရန်သူကိုလည်း Alien တစ်ကောင်တည်း အဓိကပါတာတောင် ကစားရတာ မအီသွားဘဲ စိတ်ဝင်စားဖို့ကောင်းအောင် Developer The Creative Assembly ကဖန်တီးပေးထားနိုင်တာ တွေ့ရပါတယ်။
*** Game Review ကို MMGamers မှကူးယူဖော်ပြပါသည်။***
OS : Windows 7/8/8.1
CPU : Intel Core 2 Duo E8500 3.16GHz
RAM : 4 GB
Video Card : AMD Radeon HD 5550 or Nvidia GeForce GT 630(1 GB)
HDD : 35 GB
DirectX : 11
OS : Windows 7/8/8.1
CPU : Phenom II X4 955 3.2 GHz or Intel Core 2 Quad Q9650 3.0 GHz.
RAM : 8 GB
Graphic Card : AMD Radeon R9 200 or Nvidia GeForce GTX660 (2 GB)
HDD : 35 GB
DirectX : 11
Password : www.PCGames-Download.net
No comments:
Post a Comment