Tuesday, October 13, 2015

Dead Rising 3: Apocalypse Edition

           Dead Rising ဂိမ်းစီးရီးဟာ Resident Evil လိုမျိုး ကြောက်စရာကောင်းတဲ့ ဇာတ်လမ်းအသားပေး Survival Horror ဂိမ်းတွေကို ထုတ်လုပ်ခဲ့တဲ့ Capcom ရဲ့ Zombie ဖုပ်ကောင်တွေပါဝင်တဲ့ နောက်ထက်ဂိမ်းစီးရီးတစ်ခုဖြစ်ပြီး 7thgeneration console ခေတ်မှာမှ Xbox360 ဂိမ်းစက်မှာစတင်ထွက်ရှိခဲ့တဲ့ IP အသစ်ဖြစ်ပေမည့် ပုံစံကွဲပြားပြီး Resident Evil လိုမဟုတ်ဘဲ ပျော်စရာကောင်းတဲ့ action gameplay ဘက်ကို အသားပေးထားတဲ့ ဂိမ်းတစ်ခုဖြစ်ပြီး ပရိသတ်အမြောက်အများ ရှိပြီးသားစီးရီးတစ်ခုဖြစ်တာ တွေ့ရမှာပါ။ Dead Rising ဂိမ်းတွေရဲ့ အဓိကပုံမှန်ပါဝင်လေ့ရှိတဲ့ features တွေကတော့ Open World မြေပုံ၊ လက်နက်မျိုးစုံနှင့် ထောင်နှင့်ချီတဲ့ Zombies တွေပဲ ဖြစ်ပါတယ်။ 2013 ခုနှစ်က 8th generation ဂိမ်းစက် Xbox One မှာထွက်ရှိခဲ့ပြီး 2014 September လအတွင်းမှာ PC အတွက် ထွက်ရှိလာတဲ့ Dead Rising 3 ကတော့ graphics ပိုင်းတစ်ခုတည်းတွင် မဟုတ်ဘဲ အရင်ဂိမ်းနှစ်ခုစာထက် ပိုကြီးတဲ့ မြေပုံတွေ တစ်ပြိုင်တည်း သောင်းချီမြင်ရနိုင်တည့် ဖုပ်ကောင်တွေကို loading time မပါဘဲနဲ့ ဖော်ပြပေးနိုင်တဲ့ နည်းပညာမြင့်ဂိမ်းတစ်ခုဖြစ်သလို PC မှာဆိုရင်လည်း requirements ပိုင်းမြင့်တဲ့ ဂိမ်းတစ်ခုဖြစ်တာ တွေ့ရပါတယ်။
               
 Dead Rising 3 ဂိမ်းရဲ့ ဇာတ်လမ်းဟာ Dead Rising 2 အပြီး ဆယ်နှစ်ကျော်ကာလမှာ နေရာယူထားပြီး California ပြည်နယ် Los Perdidos မြို့အတွင်း ရောဂါပိုးကြောင့် မြို့သူမြို့သားများ zombie ဖုပ်ကောင်အဖြစ် အသွင်ပြောင်းလဲချိန်မှာ ဝင်ရောက်ကစားရမှာပါ။ Los Perdidos မြို့ကို American လေတပ်မှ လာရောက်မဖျက်ဆီးခင်အချိန်မှာ လွှတ်မြောက်အောင် ပြေးလွှားရမည့် စက်ပြင်ဆရာ Nick Ramos နေရာက ကစားရမှာဖြစ်ပြီး အစောပိုင်း trailers တွေ screenshots တွေကြည့်ရင်တော့ အရင် Dead Rising ဂိမ်းတွေကို နောက်ခံအရောင်မျိုးနှင့် စိုစိုပြည်ပြည်မဟုတ်ဘဲ အညိုရောင်သန်းနေလို့ ဇာတ်လမ်းလည်း နည်းနည်းတည် သွားမှာစိုးရိမ်ရပေမည့် တစ်ကယ်တမ်း ကစားကြည့်တဲ့ အခါမှာတော့ အရင်လိုပဲ ရယ်စရာဇာတ်ကောင်တွေ၊ လက်နက်ဆန်းမျိုးစုံတွေအပြင် ဟာသဇာတ်ဝင်ခန်း cutscenes တွေလည်း ပါဝင်ထားတာ တွေ့ရပါတယ်။ Nick အနေနှင့် ထောင်နှင့် သောင်းနှင့်ချီအောင် နေရာအနှံ့မှာပြည့်နှက် နေတဲ့ Zombies တွေအပြင် Psycho missions လို့ခေါ်တဲ့ သာမန်လူသားဖြစ်ပေမည့် Zombie Outbreak ကြောင့် စိတ်ပုံမှန်အဟုတ်တော့တဲ့ လူသတ်သမားတွေ၊ ရန်သူတပ်ဖွဲ့ဝင်တွေနှင့် တိုက်ခိုက်ရမည့် missions မျိုးစုံလည်း ပါဝင်ထားပါတယ်။

                Dead Rising ဂိမ်းတွေအနေနှင့် Zombies တွေအများကြီးကြား တိုက်ခိုက်ရလို့ ပျော်စရာကောင်းပေမည့် အရင်ဂိမ်းတွေမှာ Main Missions တွေအပေါ် အချိန်ကန့်သတ်ချက်တွေ ပါဝင်သလို အိမ်သာလိုမျိုး သတ်မှတ်ထားတဲ့ Save point တွေမှာပဲ game save လုပ်ခွင့်ရပေမည့် Dead Rising 3 ရဲ့ Campaign မှာတော့ Save point ကန့်သတ်ချက်တွေပါဝင်တော့မှာ မဟုတ်ဘဲ အရင်လို ပိုခက်တဲ့ ပုံစံကစားချင်သူတွေအတွက်လည်း Nightmare mode ကို ထည့်သွင်းပေးထားတာ တွေ့ရပါတယ်။ Dead Rising 2 မှာစတင် မိတ်ဆက်ပေးခဲ့တဲ့ လက်နက်နှစ်မျိုးပေါင်း Combo weapon တွေရဲ့ ပုံစံသစ် မျိုးစုံပါဝင်လာပြီး ဒီတစ်ခါတော့ Dead Rising 2 တို့ Dead Island တို့မှာလို Items တွေ ဆင်ဖို့အတွက် Work Bench ကိုသွားစရာ မလိုတော့ဘဲ Mechanic တစ်ယောက်ဖြစ်တဲ့ Nick ဟာ Combo weapon တွေကော ယဉ်နှစ်မျိုးပေါင်း Combo Vehicle တွေကို ချက်ချင်းဖန်တီးနိုင်မှာပါ။ Motorcycle နှင့် လမ်းကြိတ်စက် Steamroller ကိုပေါင်းထားတဲ့ Rollerhawg လိုယဉ်တွေကို ဂိမ်းထဲမှာ စက္ကန့်ပိုင်းအတွင်း ဖန်တီးနိုင်တာ သဘာဝမကျပေမည့် အစကတည်းက အတည်ပေါက်ဇာတ်လမ်းမဟုတ်သလို အချိန်ပေး စောင့်စရာမလိုဘဲ ကိုယ်လိုချင်တဲ့ ယာဉ်ကိုချက်ချင်းရတာက ပိုအဆင်ပြေပါတယ်။ Combo weapon တွေမှာ ဆိုရင်လည်း တိုက်ပွဲမှာ အမှန်တကယ် အသုံးဝင်တဲ့ Katana ၊ Broadsword နှင့် ပေါက်ဆိန်၊ တူမျိုးစုံ ပေါင်းထားတဲ့ လက်နက်တွေအပြင် Machine guns နှင့် ဝက်ဝံရုပ်ပေါင်းထားတဲ့ Freedom Bear Combo Weapon၊ Microwave နှင့် Engine တွေပေါင်းထားတဲ့ laser ပစ်နိုင်တဲ့ Chest Beam လို ရယ်စရာ လက်နက်တွေလည်း ရာနှင့်ချီ ပါဝင်ထားပါတယ်။ 
Los Perdidos မြို့ကို အဓိကနယ်မြေ လေးမျိုးခွဲခြားထားပြီး တံတားတွေနှင့် ဆက်စပ်ပေးထားပေမည့် တစ်ဂိမ်းလုံး ကားမောင်းပြီးတော့ Zombies တွေနှင့် ထိပ်တိုက်ရင်ဆိုင်ရမှု နည်းသွားမှာဆိုးလို့ အချို့နေရာတွေမှာ လမ်းတွေပိတ်ထားတာမို့လို့ လမ်းလျှောက်သွားရမည့် missions တွေနှင့် ယာဉ်တွေမောင်းပြီး ဝင်မရမည့် အဆောက်အဦးတွင်း အခန်းမျိုးစုံလည်း ပါဝင်ထားပါတယ်။

         PC ရဲ့ Apocalypse မှာတော့ အရင် Xbox One Version မှာ Season Pass အဖြစ် ပိုက်ဆံထက်တောင်းပြီး ရောင်းချခဲ့တဲ့ Chaos Rising နှင့် The Last Agent လိုမျိုး Story DLC 4 ခု တစ်ခါတည်း ပါဝင်ထားပါတယ်။ Dead Rising 3 ရဲ့ PC version မှာ ထွက်ပြီးခါစ တစ်ပတ်ကျော်ကျော်လောက်အထိ Loading Crash နှင့် Graphic Card Issues တွေကြောင့် အချို့ကစားသူတွေအတွက် အဆင်မပြေခဲ့ပေမည့် September လလယ်အတွင်း ထွက်လာတဲ့ Update Patch တွေကြောင့် လက်ရှိအချိန်မှာ ကစားလို့ အဆင်ပြေနေပါပြီ။ Graphics ပိုင်းကော gameplay ပိုင်းပါ ကောင်းမွန်တဲ့ဂိမ်းတစ်ခုဖြစ်လို့ Xbox One မှာထွက်တုန်းက မဆော့လိုက်ရတဲ့Zombie ဂိမ်းပရိသတ်အားလုံးသေချာပေါက်သဘောကျမည့် ဂိမ်းသစ်ဖြစ်တာကို တွေ့ရှိရပါတယ်။


*** Game Review ကို MMGamers မှကူးယူဖော်ပြပါသည်။***






















Minimum :
OS : Window 7/8/8.1(64 Bit)
CPU : Intel Core i3-3220 @ 3.30GHz or AMD Phenom II X4 945 @ 3.00 GHz
RAM : 6 GB
Graphic Card : NVIDIA GeForce GTX 570 or AMD Radeon 7870
HDD : 30 GB
DirectX : 11



Recommended :
OS : Window 7/8/8.1(64 Bit)
CPU : Intel Core i5-4570 or AMD FX-4100
RAM : 8 GB
Graphic Card : NVIDIA GeForce GTX 670 or AMD Radeon 7970 (2GB)
HDD : 30 GB
DirectX : 11







                                                                                    Part 1(4.88 GB)  Part 2(4.88 GB)  Part 3(2.81 GB)
                                                                                                                Only(12.5 GB)
                                                                                  Password         :          www.PCGames-Download.net

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...