The Witcher 3: Wild Hunt က ပိုလန်စာရေးဆရာ Andrzej Sapkowski ရဲ့ ၀တ္ထုမှ ဗီဒီယိုဂိမ်းပြောင်းလဲပုံဖော်မှု Witcher Saga ကို ရှေ့ဆက်ထားပါတယ်။ စီးရီးရဲ့ အခုနောက်ဆုံးအပိုင်းမှာ ဇာတ်လိုက် Witcher Geralt of Rivia က သူ့ရဲ့မွေးစားသမီး Ciri နောက် ခြေရာခံလိုက်တဲ့ quest အကြောင်း ဇာတ်လမ်းပုံပြင် အဆုံးသတ်ထားပါတယ်။ သူဟာ လျှို့ဝှက်ဆန်းကြယ်ပြီး ဆိုးယုတ်တဲ့ “Wild Unit” ရဲ့လိုက်ဖမ်းတာခံရပါတယ်။ ယခင် Witcher ဂိမ်းတွေကပိုပြီး အဖြောင့်အတိုင်းဖြစ်တဲ့ level structure ကို ထည့်သွင်းထားတဲ့အခါ The Witcher 3 ကတော့ စီးရီးအတွင်း လုံးဝဖွင့်ထားတဲ့ open world ကို ပထမဆုံးမိတ်ဆက်ပေးခဲ့တဲ့ ဂိမ်းဖြစ်ပါတယ်။ Developer တွေကThe Witcher 3 ဂိမ်းဟာ The Elder Scrolls V: Skyrim ထက် ၂၀ ရာခိုင်နှုန်းပိုကြီးတယ်လို့ ဆိုပါတယ်။Open World ကိစ္စကို ဘေးဖယ်ထားလိုက်ရင် The Witcher စီးရီးရဲ့ကြီးမားတဲ့ အာရုံစိုက်မှုက အမြဲအားဖြင့် ဇာတ်လမ်းပုံပြင်နဲ့ သူ့ရဲ့ ဇာတ်ကောင်တွေပဲဖြစ်ခဲ့ပါတယ်။ အရင်ဂိမ်းတွေရဲ့ ဇာတ်ကြောင်း ပုံပြင်မှာ ရင့်ကျက်ပြီးဖြစ်တဲ့ Theme အကြောင်းအရာ တွေ ဆွေးနွေးဖို့ ဘယ်တုန်းကမှ နှောင့်နှေးတွန့်ဆုတ်ခြင်း မရှိခဲ့ပါဘူး။ နောက်ဆုံးထွက် ဂိမ်းကလည်းထို့အတူပဲဖြစ်ပါတယ်။ Geralt ရဲ့ နောက်ဆုံးစွန့် စားခန်းက အများကြီးပိုပြီးတော့ ပုဂ်္ဂိုလ်ရေးဆန်ပါတယ်။ များစွာသော quest တွေက အရင်ကမိတ်ဆွေတွေနဲ့ အသိအကျွမ်းတွေကို ကူညီရ တာတွေ အာရုံစိုက်ပါတယ်။ သူ့ရဲ့ သဘာဝလွန် မှော်ကဝေအာရုံ (Witcher Senses) နဲ့ အ၀ါရောင်မျက်လုံးတွေ ဘယ်လိုပဲရှိရှိ Geralt က စစ်မှန်တဲ့ လူတစ်ယောက်လို ခံစားရပြီး သူလုပ်သမျှလုပ်ဆောင်မှု တိုင်းရဲ့ အကျိုးဆက်ကို အကောင်းပဲဖြစ်ဖြစ် အဆိုးပဲဖြစ်ဖြစ် ခံစားရ တယ်။ Witcher စီးရီးမှာတွေ့ရတဲ့ ဇာတ်ကြောင်းပြန်မှု အရည်အ သွေးကို လိုက်မီတဲ့ ဂိမ်းတွေအလွန်တရာနည်းပါးပြီး Wild Hunt က စိတ်ဝင်စားစရာ ပုံပြင်တွေကို ဆက်ပြီးပေးပါတယ်။