Friday, July 10, 2015

The Forest

              PC အတွက် ဂိမ်းဖြန့်ချီရေးပိုင်းမှာ Digital Download စနစ်ကို အဓိကအသားပေးလာသလို ဝယ်ယူသူတွေအနေနှင့်လည်း Online ကဝယ်ယူနှုန်းများလာတာနှင့်အမျှ Single Player ဂိမ်းပဲဖြစ်စေ Co-op သို့မဟုတ် Multiplayer ဂိမ်းပဲဖြစ်စေ development နောက်ဆုံးအဆင့် ကို မရောက်ရှိသေးပေမည့် ကစားလိုသူများ ကြိုတင်စမ်းသပ် ကစားနိုင်အောင် Early Access သို့မဟုတ် Beta Access တွေကို ကြိုတင်ရောင်းချနေတာ တွေ့ဖူးမှာပါ။ အချို့ gamer တွေအနေနှင့်ကတော့ ပြီးပြည့်စုံတဲ့အဆင့်သို့မဟုတ် Online ဂိမ်းအနေနှင့်ဆိုရင်လည်း နောက်ပိုင်း DLC တွေ Updates တွေထွက်မှာဆိုရင်တောင်မှ beta အပြီး Final Product အဆင့်ရောက်မှ ကစားလိုကြပေမည့် Early Access အဆင့်ကစားသူတွေအနေနှင့် developer တွေနဲ့ပူးပေါင်းပြီး bug တွေကို report လုပ်ပေးတာ ကစားနေရင်းနဲ့ ပိုကောင်းတဲ့ gameplay features တွေကို အကြံပေး feedback ပေးရတာတွေကို သဘောကျလို့ ကြိုပြီး ဝယ်ကစားကြတာ တွေ့ရပါတယ်။ Developer တွေကော ကစားသူတွေအနေနှင့်ပါ Beta နှင့် Alpha အဆင့်မှာ ဝင်ရောက်ကစားရတာကို နှစ်သက်ကြသလို Gamescom 2014 Convention မှာဆိုရင်လည်း EA ရဲ့ FIFA World Online တို့ developer Bioware ကရေးတဲ့ Shadow Realms တို့လိုဂိမ်းတွေဆိုရင်လည်း closed beta မှာ ဝင်ရောက်ကစားနိုင်ဖို့ အတွက် စာရင်းပေးနိုင်ပြီဖြစ်ကြောင်း ကြော်ငြာခဲ့သလို Day Z လိုမျိုး Early Access အဆင့်ဂိမ်း တွေကလည်း သန်းနှင့်ချီရောင်းချထားရပြီး ဖြစ်တာ တွေ့ရမှာပါ။

            လက်ရှိအချိန်မှာ Alpha Version 0.7 အဆင့်ရောက်ရှိနေပြီဖြစ်တဲ့ The Forest ဟာ 2014 အတွင်းထွက်ရှိထားတဲ့ Early Access အဆင့်သာရှိသေးတဲ့ ဂိမ်းတွေထဲမှာ လူကြိုက်အများဆုံးနှင့် ရောင်းအားအကောင်းဆုံးဂိမ်းတစ်ခုဖြစ်တာကို တွေ့ရပြီး gameplay features အချို့နှင့် ကြိုတင်စီစဉ်ထားပြီးဖြစ်တဲ့ in-game items အချို့ ပါဝင်သေးခြင်း မရှိပေမည့် version update အသစ်တိုင်းမှာ gameplay features အသစ်နှင့် အရင် version တွေက ပြုပြင်သင့်တဲ့ gameplay balance ပိုင်းတွေကို တစ်ဆိုက်မှတ်မှတ်ပြင်ဆင်နေလို့ လက်ရှိအချိန်မဟာ 15$ ဖြင့် Steam က ဝယ်ရတာ တန်မည့် ဂိမ်းတစ်ခုဖြစ်တာတွေ့ရပါတယ်။ ဂိမ်းရေးလို့မပြီးသေးတဲ့ Final Version အဆင့်မရောက်သေးပေမည့် ဂိမ်းရဲ့အဓိက ကစားရမည့်ပုံစံတွေ၊ ဂိမ်းတွင်းအသုံးပြုရမည့် Survival Skills တွေကတော့ Alpha အဆင့်မှာ ကတည်းက အသုံးပြုလို့ရနေပြီဖြစ်ပါတယ်။

               The Forest ဟာ အရင်က graphics ကောင်းတဲ့ Mobile ဂိမ်းအများစုမှာ အသုံးပြုလေ့ရှိတာ တွေ့ရပြီး နောက်ပိုင်း graphics အကောင်းစား PC games တွေမှာလည်း တွေ့လာရတဲ့ Unity game engine ကို အသုံးပြုထားပြီး ဂိမ်းကစားဖို့ requirements ပိုင်းလည်း အရမ်းမမြင့်တာ တွေ့ရသလို graphics မြင့်ရင် မြင့်နိုင်သလို lighting effects ပိုင်းတွေ သစ်တောတစ်ခုလုံးရဲ့ အသေးစိတ် detailed အချက်အလက်တွေက ကြည့်လို့ကောင်းနေတာ တွေ့ရပါတယ်။ The Forest ဂိမ်းရဲ့ ဇာတ်လမ်းအစမှာတော့ ကစားသူဟာ လူသားစားလူရိုင်းများ နေထိုင်ရာ ကျွန်းပေါ်သို့ လေယဉ်ပျက်ကြသူ ခရီးသည်တစ်ယောက်နေရာမှ ကစားရမှာဖြစ်ပြီး သစ်တောအတွင်းမှာ အတတ်နိုင်ဆုံး ရက်ပေါင်းများစွာ အသက်ရှင်အောင် နေထိုင်ရမှာဖြစ်လို့ အခြေခံ gameplay က Minecraft လိုမျိုးဂိမ်းတွေ နှစ်သက်သူတွေ သဘောကျမှာပါ။ Minecraft လိုတော့ မြေကြီးတွေတူးပြီး Customized Structure မျိုးစုံဆောက်နိုင်မှာ ခံတပ်တွေ၊ furniture တွေ၊ လက်နက်နှင့် armor တွေကို ဖန်တီးနိုင်မှာဖြစ်ပါတယ်။ Survival Guide အညွှန်းစာအုပ်ပါဝင်သလို Survival gameplay တွေကတော့ ကိုယ်တိုင်ရှာဖွေလေ တွေ့ရှိပါပဲ။ ကျောက်တုံးနှင့် သစ်ကိုင်းပေါင်းပြီး Spear လက်နက်ဖန်တီးကာ ငါးဖမ်းရတာမျိုး၊ ဖွတ်အကြီးစားတွေကို ဖမ်းပြီးသူတို့အရေခွံနှင့် armor ပြုလုပ်တာမျိုး အစရှိတဲ့ items creation တွေက ကိုယ်တိုင်ရှာဖွေရမည့် Survival Skill တွေဖြစ်ပါတယ်။ နောက်ဆုံးထွက် version မှာဆိုရင်လည်း ယုန်နှင့်လိပ်လိုမျိုး animal type အသစ်တွေ ထည့်ထားလို့ resource အသစ်တွေ items အသစ်တွေ ဖန်တီးနိုင်မှာပါ။
                  
                          ဂိမ်းအမည် The Forest ဆိုတဲ့အတိုင်းပဲ သစ်တောအတွင်းမှာ အဓိကနေရာယူထားတဲ့ဂိမ်းဖြစ်ပြီး လေယဉ်ပျက်ကျပြီးပြီးခြင်းမှာပဲ အနီးအနားက ပုဆိန်တွေ၊ အစားအသောက်တွေအပြင် briefcase အတွင်းက items တွေအားလုံးကို အကုန်လိုက်ယူထားပြီး အသက်ရှင်နိုင်ဖို့ နည်းလမ်းတွေ ရှာဖွေရမှာဖြစ်ပါတယ်။ သစ်တောအတွင်း သွားလာရင်း သေဆုံးပြီး အခြားခရီးသည်တွေရဲ့ ကိုယ်ပေါ်က weapons တွေ၊ items တွေရနိုင်သလို၊ အခြား collectibles တွေလည်းပါဝင်သေးလို့ လက်ရှိအချိန်မှာ missions တွေ သစ်တောထဲက လွှတ်သွားတဲ့ ဇာတ်သိမ်းတွေ၊ အခြား ending မျိုးတွေမပါဝင်သေးဘဲ survival gameplay သီးသန့်ဆိုပေမည့် နောက်ပိုင်း updates တွေမှာတော့ missions တွေ ထည့်ပေးဖို့ စီစဉ်ထားသလို online multiplayer co-op mode လည်း ထည့်ပေးဖို့ ကြိုးစားနေတယ်လို့ Developer Endnight Games က ပြောကြားထားပါတယ်။ သစ်တောနှင့် လှိုင်ဂူများအတွင်းနေထိုင်သူတွေကတော့ ရန်သူ အသားစား Cannibal လူရိုင်းများဖြစ်ပြီး A.I ပိုင်းကလည်း ကောင်းမွန်ပြီး သဘာဝကျကျ တွေးခေါ်နိုင်တာတွေ့ရပါတယ်။ စခန်းချဖို့ Camp ပုံစံမျိုးစုံကို တည်ဆောက်နိုင်မှာဖြစ်သလို Tree House လိုမျိုး သစ်ပင်ပေါ်က အိမ်အသေးစားတွေပါ ဆောက်လာနိုင်ပြီဖြစ်တာတွေ့ရပါတယ်။ ဗိုက်ဆာရင် ပြတဲ့ Hunger Meter နှင့် Stamina Bar တို့ပါဝင်ထားလို့ အဆာလွန်ပြီး Game Over မဖြစ်အောင် သစ်သီးနှင့် တိရိစ္ဆာန်အသေးစားတွေကို ဖမ်းယူစားသောက်ရမှာဖြစ်ပြီး အဆိပ်သင့်အပင်တွေ မစားမိအောင်နှင့် ရောဂါကူးစက်ခြင်း မခံရအောင်တော့ သတိထားရမှာပါ။ နောက်ထက် စိတ်ဝင်စားဖို့ကောင်းတဲ့အချက်က ရန်သူတွေက ပုံမှန် လူရိုင်းတွေတင်မဟုတ်ဘဲ ခြေတွေလက်တွေ အများကြီးနဲ့ အကောင်ဆန်းတွေလည်း ပါဝင်လို့ Resient Evil တို့ Silent Hill တို့လို Supernatural Horror ဂိမ်းပရိသတ်တွေက သဘောကျကြဦးမှာ ဖြစ်ပါတယ်။
The Forest ဂိမ်းဟာ Beta အဆင့်တောင် မရောက်သေးတဲ့ Early Access ဂိမ်းဆိုပေမည့် ထူးခြားတဲ့ gameplay, ကောင်းမွန်တဲ့ graphics နှင့် ကြောက်စရာ cannibal လူရိုင်းတွေကြောင့် Survival Horror ဂိမ်းနှစ်သက်သူတွေ ကြိုတင်ကစားထားသင့်တဲ့ ဂိမ်းတစ်ခုဖြစ်ကြောင်း မိတ်ဆက်ပေးလိုက်ပါတယ်။

*** Game Review ကို MMGamers မှကူးယူဖော်ပြပါသည်။***







                                                                                                                Part 1(584 MB)
                                                                                                 Password  ;   www.movitgame.com

Far Cry 4

ပုံမှန် story based First Person Shooter ဂိမ်းအဖြစ်စတင်ခဲ့ပြီး ဒုတိယမြောက် Far Cry 2 မှာတော့ Open World Africa တိုက်အတွင်း ဇာတ်လမ်းဆင်ခဲ့သလို Far Cry 3 မှာ Open World Tropical Island ကျွန်းစုတွေမှာ ကစားခဲ့ရတဲ့Far Cry ဂိမ်းစီးရီးအနေနှင့်Far Cry 4 မှာတော့သူ့ရဲ့ အောင်မြင်ပြီးformula ဖြစ်တဲ့ Open World ဂိမ်းနဲ့ ကျယ်ပြန့်တဲ့ မြေပုံတွေပါဝင်ထားပြီး Nepal နိုင်ငံတွင်းက စိတ်ကူးယဉ် နယ်မြေတစ်ခုဖြစ်တဲ့ Kyrat မှာ ဇာတ်လမ်းဆင်ထားပါတယ်။ September ၊ October လတွေမှာ Shadows of Mordor၊ The Evil Within၊ Call of Duty - Advanced Warfare လိုနာမည်ကြီးဂိမ်းပေါင်းများစွာ ထွက်ရှိပြီးနောက် November လထဲမှာ ထွက်ရှိလာတဲ့ Far Cry 4 ဟာ 2014 ရဲ့ နောက်ဆုံးသောဂိမ်းကောင်းတွေထဲက တစ်ခုလို့ ပြောလို့ရမှာပါ။ Main Story mode ၊ Co-op Story mode နှင့် Multiplayer mode တွေအပြင် ရန်သူဘုရင် Pagan Min ရဲ့ စခန်းများကို လိုက်လံဖျက်ဆီးခြင်းနှင့် အမဲလိုက်ခြင်း အစရှိတဲ့ Far Cry 4 ရဲ့ side missions တွေကြောင့် အရင်မပြီးဆုံးသေးတဲ့ ဂိမ်းဟောင်းတွေကို ပြန်ကစားဖို့ အားချင်မှအားတော့မှာပါ။
Far Cry 4 ရဲ့ Story Mode မှာ ကစားသူဟာ Himalaya တောင်တန်းတွေကြားက Kyrat နိုင်ငံကို ခရီးနှင်ရာက စတင်ထားပြီး သေဆုံးသူ မိခင်ရဲ့တောင်းဆိုမှူအရ မိခင်ရဲ့အရိုးပြာများကို သူမမွေးရပ်မြေမှာ စွန့်ပစ်ဖို့ Kyrat သို့ပြန်လာရင်း ဘုရင်ဆိုး Pagan Min နှင့် ဆုံတွေ့ပြီးနောက် တော်လှန်ရေးတပ်ဖွဲ့များဖြင့် ပူးပေါင်းတိုက်ခိုက်ရပုံ ဇာတ်လမ်းက ဝင်ရောက်ကစားရမှာဖြစ်ပါတယ်။ အရင် Far Cry ဂိမ်းတွေမှာ American နိုင်ငံသားအဖြစ် ကစားရမှာဖြစ်ပေမည့် Far Cry 4 ရဲ့ အဓိကဇာတ်လိုက်ကတော့ American နိုင်ငံတွင်းကြီးပြင်းခဲ့သူ Nepal နိုင်ငံသား Ajay Ghale နေရာက ဝင်ရောက်ကစားရမှာပါ။ Far Cry 4 ဂိမ်းကို စတင်ကြော်ငြာစဉ်ကတည်းက မြန်မာပြည်က ပရိသတ်ကို စိတ်ဝင်စားစေခဲ့တဲ့ အချက်ကတော့ main villain Kyrat ဘုရင်ရဲ့ နာမည် Pagan Min ပဲဖြစ်ပါတယ်။ အမည်ရင်း Gang Min ကနေ Pagan Min ဟာ မြန်မာနိုင်ငံ 18 ရာစု ကုန်းဘောင်ခေတ်က ဖခင်ကိုသတ်ပြီး နန်းလုခဲ့တဲ့ ပုဂံမင်းအမည်ကို ယူထားတာဖြစ်ပြီး ဝါရင့်အသံသရုပ်ဆောင် Troy Baker ကိုအသုံးပြုထားလို့ video game villain တွေထဲမှာ စိတ်ဝင်စားဖို့အကောင်းဆုံး ဇာတ်ကောင်တစ်ယောက်ဖြစ်သလို Vaas အပြင် Golden Path တော်လှန်ရေးအဖွဲ့မှ စိတ်ဝင်စားဖွယ်ဇာတ်ကောင်များကိုလည်း နောက်ပိုင်းမှာ ဆုံတွေ့နိုင်မှာပါ။
Far Cry 4 ရဲ့ Story mode ဟာ စိတ်ဝင်စားဖွယ် ဇာတ်လမ်းနှင့် Kyrat နိုင်ငံတွင်း ရှုခင်းများ၊ ကောင်းမွန်တဲ့ character design နှင့် အသံသရုပ်ဆောင်ပိုင်းတွေကြောင့် အစမှ အဆုံးပရိသတ်ကို စွဲဆောင်နိုင်မှာဖြစ်သလို side mission တွေအများကြီးလုပ်ရတာ ဝါသနာမပါသူတွေတောင်မှ story mode သီးသန့်ကစားရုံနဲ့တင် ကစားလို့တန်မှာပါ။ Gameplay ပိုင်းကတော့ Open World နှင့် FPS gameplay ကို ပေါင်းစပ်ထားတာဖြစ်တဲ့အတွက် Far Cry 3 နှင့်ပုံစံအတော်ဆင်ပေမည့် အမြင်ပိုင်း သာယာပြီး တောရိုင်းတိရိစ္ဆာန်ပေါင်းများစွာ ပါဝင်တဲ့ သစ်တောနှင့် ကြီးမားတဲ့တောင်တန်းတွေပါ ပါဝင်တဲ့ မြေပုံအတွင်း Glider ၊ Wing Suit၊ Chopper အသေးစားတွေနှင့် ကားမျိုးစုံ အစရှိတဲ့ သယ်ယူပို့ဆောင်ရေးစနစ်မျိုးစုံကို အသုံးပြုနိုင်တဲ့အတွက် အရင်ကထက်ပိုပြီး ကစားလို့ ပိုသွက်တာကို တွေ့ရပါတယ်။
Far Cry 4 ရဲ့ side missions နှင့် မြေပုံတွေပွင့်အောင်လို့ Pagan Min ရဲ့ Fortress တွေနှင့် Bell Tower တွေကို ဝင်ရောက်စီးနှင်းရမှာဖြစ်သလို ရန်သူစခန်း တွေကို လိုက်လံသိမ်းဆီးပြီးတော့လည်း နယ်မြေသစ်များ ချဲ့ထွင်နိုင်သလို တိုက်ပွဲအတွင်း ဆင်တွေ၊ ကျားတွေပါဝင်လာတာကလည်း gameplay ကို ပိုသွက်စေပါတယ်။ ဇာတ်လမ်းတက်ရင်လည်း လက်နက်အသစ်တွေ ရရှိလာမှာဖြစ်သလို ရန်သူတွေဆီက သို့မဟုတ် side mission တွေအောင်နိုင်လို့ရရှိတဲ့ ပိုက်ဆံနှင့် လက်နက် upgrade များပြုလုပ်နိုင်မှာပါ။ Experience point စနစ်လည်းပါဝင်ပြီး stealth အသားပေး ကစားသူများအတွက် stealth takedown နှင့် melee attack upgrade အစွမ်းမျိုးစုံ၊ ခံနိုင်ရည် မြင့်တင်ပေးမည့် defensive ability မျိုးစုံတို့ကို The Tiger နှင့် The Elephant ဆိုပြီး နှစ်မျိုးခွဲပေးထားပါတယ်။ Side Missions အနေနှင့် စိတ်ကူးယဉ်ဆန်တဲ့ Shangri la နယ်မြေကို ရောက်ရှိသွားပုံ Mission တွေလည်း ပါဝင်ထားပါတယ်။
Far Cry 4 ဟာမူလ Far Cry ဂိမ်းတွေနှင့် ဇာတ်လမ်းဆက်စပ်မှုမရှိသလို Open World ဂိမ်းတွေထဲမှာ စိတ်ဝင်စားဖွယ်အကောင်းဆုံး ဂိမ်းတစ်ခုဖြစ်တဲ့အတွက်ကြောင့် မူလ Far Cry ပရိသတ်ကော Open World နှင့် FPS ဂိမ်းပရိသတ်တွေပါ ကစားသင့်တဲ့ ဂိမ်းကောင်းတစ်ခုဖြစ်ပါတယ်။

*** Game Review ကို MMGamers မှကူးယူဖော်ပြပါသည်။***



                                                                                                       
                                                 Part 1(999 MB)   Part 2(999 MB)  Part 3(999 MB)  Part 4(999 MB)  Part 5(999 MB)  Part 6(832.90 MB)
                                                                                                                Only (5.68 GB)
Related Posts Plugin for WordPress, Blogger...