လက်ရှိအချိန်မှာ Alpha Version 0.7 အဆင့်ရောက်ရှိနေပြီဖြစ်တဲ့ The Forest ဟာ 2014 အတွင်းထွက်ရှိထားတဲ့ Early Access အဆင့်သာရှိသေးတဲ့ ဂိမ်းတွေထဲမှာ လူကြိုက်အများဆုံးနှင့် ရောင်းအားအကောင်းဆုံးဂိမ်းတစ်ခုဖြစ်တာကို တွေ့ရပြီး gameplay features အချို့နှင့် ကြိုတင်စီစဉ်ထားပြီးဖြစ်တဲ့ in-game items အချို့ ပါဝင်သေးခြင်း မရှိပေမည့် version update အသစ်တိုင်းမှာ gameplay features အသစ်နှင့် အရင် version တွေက ပြုပြင်သင့်တဲ့ gameplay balance ပိုင်းတွေကို တစ်ဆိုက်မှတ်မှတ်ပြင်ဆင်နေလို့ လက်ရှိအချိန်မဟာ 15$ ဖြင့် Steam က ဝယ်ရတာ တန်မည့် ဂိမ်းတစ်ခုဖြစ်တာတွေ့ရပါတယ်။ ဂိမ်းရေးလို့မပြီးသေးတဲ့ Final Version အဆင့်မရောက်သေးပေမည့် ဂိမ်းရဲ့အဓိက ကစားရမည့်ပုံစံတွေ၊ ဂိမ်းတွင်းအသုံးပြုရမည့် Survival Skills တွေကတော့ Alpha အဆင့်မှာ ကတည်းက အသုံးပြုလို့ရနေပြီဖြစ်ပါတယ်။
The Forest ဟာ အရင်က graphics ကောင်းတဲ့ Mobile ဂိမ်းအများစုမှာ အသုံးပြုလေ့ရှိတာ တွေ့ရပြီး နောက်ပိုင်း graphics အကောင်းစား PC games တွေမှာလည်း တွေ့လာရတဲ့ Unity game engine ကို အသုံးပြုထားပြီး ဂိမ်းကစားဖို့ requirements ပိုင်းလည်း အရမ်းမမြင့်တာ တွေ့ရသလို graphics မြင့်ရင် မြင့်နိုင်သလို lighting effects ပိုင်းတွေ သစ်တောတစ်ခုလုံးရဲ့ အသေးစိတ် detailed အချက်အလက်တွေက ကြည့်လို့ကောင်းနေတာ တွေ့ရပါတယ်။ The Forest ဂိမ်းရဲ့ ဇာတ်လမ်းအစမှာတော့ ကစားသူဟာ လူသားစားလူရိုင်းများ နေထိုင်ရာ ကျွန်းပေါ်သို့ လေယဉ်ပျက်ကြသူ ခရီးသည်တစ်ယောက်နေရာမှ ကစားရမှာဖြစ်ပြီး သစ်တောအတွင်းမှာ အတတ်နိုင်ဆုံး ရက်ပေါင်းများစွာ အသက်ရှင်အောင် နေထိုင်ရမှာဖြစ်လို့ အခြေခံ gameplay က Minecraft လိုမျိုးဂိမ်းတွေ နှစ်သက်သူတွေ သဘောကျမှာပါ။ Minecraft လိုတော့ မြေကြီးတွေတူးပြီး Customized Structure မျိုးစုံဆောက်နိုင်မှာ ခံတပ်တွေ၊ furniture တွေ၊ လက်နက်နှင့် armor တွေကို ဖန်တီးနိုင်မှာဖြစ်ပါတယ်။ Survival Guide အညွှန်းစာအုပ်ပါဝင်သလို Survival gameplay တွေကတော့ ကိုယ်တိုင်ရှာဖွေလေ တွေ့ရှိပါပဲ။ ကျောက်တုံးနှင့် သစ်ကိုင်းပေါင်းပြီး Spear လက်နက်ဖန်တီးကာ ငါးဖမ်းရတာမျိုး၊ ဖွတ်အကြီးစားတွေကို ဖမ်းပြီးသူတို့အရေခွံနှင့် armor ပြုလုပ်တာမျိုး အစရှိတဲ့ items creation တွေက ကိုယ်တိုင်ရှာဖွေရမည့် Survival Skill တွေဖြစ်ပါတယ်။ နောက်ဆုံးထွက် version မှာဆိုရင်လည်း ယုန်နှင့်လိပ်လိုမျိုး animal type အသစ်တွေ ထည့်ထားလို့ resource အသစ်တွေ items အသစ်တွေ ဖန်တီးနိုင်မှာပါ။
ဂိမ်းအမည် The Forest ဆိုတဲ့အတိုင်းပဲ သစ်တောအတွင်းမှာ အဓိကနေရာယူထားတဲ့ဂိမ်းဖြစ်ပြီး လေယဉ်ပျက်ကျပြီးပြီးခြင်းမှာပဲ အနီးအနားက ပုဆိန်တွေ၊ အစားအသောက်တွေအပြင် briefcase အတွင်းက items တွေအားလုံးကို အကုန်လိုက်ယူထားပြီး အသက်ရှင်နိုင်ဖို့ နည်းလမ်းတွေ ရှာဖွေရမှာဖြစ်ပါတယ်။ သစ်တောအတွင်း သွားလာရင်း သေဆုံးပြီး အခြားခရီးသည်တွေရဲ့ ကိုယ်ပေါ်က weapons တွေ၊ items တွေရနိုင်သလို၊ အခြား collectibles တွေလည်းပါဝင်သေးလို့ လက်ရှိအချိန်မှာ missions တွေ သစ်တောထဲက လွှတ်သွားတဲ့ ဇာတ်သိမ်းတွေ၊ အခြား ending မျိုးတွေမပါဝင်သေးဘဲ survival gameplay သီးသန့်ဆိုပေမည့် နောက်ပိုင်း updates တွေမှာတော့ missions တွေ ထည့်ပေးဖို့ စီစဉ်ထားသလို online multiplayer co-op mode လည်း ထည့်ပေးဖို့ ကြိုးစားနေတယ်လို့ Developer Endnight Games က ပြောကြားထားပါတယ်။ သစ်တောနှင့် လှိုင်ဂူများအတွင်းနေထိုင်သူတွေကတော့ ရန်သူ အသားစား Cannibal လူရိုင်းများဖြစ်ပြီး A.I ပိုင်းကလည်း ကောင်းမွန်ပြီး သဘာဝကျကျ တွေးခေါ်နိုင်တာတွေ့ရပါတယ်။ စခန်းချဖို့ Camp ပုံစံမျိုးစုံကို တည်ဆောက်နိုင်မှာဖြစ်သလို Tree House လိုမျိုး သစ်ပင်ပေါ်က အိမ်အသေးစားတွေပါ ဆောက်လာနိုင်ပြီဖြစ်တာတွေ့ရပါတယ်။ ဗိုက်ဆာရင် ပြတဲ့ Hunger Meter နှင့် Stamina Bar တို့ပါဝင်ထားလို့ အဆာလွန်ပြီး Game Over မဖြစ်အောင် သစ်သီးနှင့် တိရိစ္ဆာန်အသေးစားတွေကို ဖမ်းယူစားသောက်ရမှာဖြစ်ပြီး အဆိပ်သင့်အပင်တွေ မစားမိအောင်နှင့် ရောဂါကူးစက်ခြင်း မခံရအောင်တော့ သတိထားရမှာပါ။ နောက်ထက် စိတ်ဝင်စားဖို့ကောင်းတဲ့အချက်က ရန်သူတွေက ပုံမှန် လူရိုင်းတွေတင်မဟုတ်ဘဲ ခြေတွေလက်တွေ အများကြီးနဲ့ အကောင်ဆန်းတွေလည်း ပါဝင်လို့ Resient Evil တို့ Silent Hill တို့လို Supernatural Horror ဂိမ်းပရိသတ်တွေက သဘောကျကြဦးမှာ ဖြစ်ပါတယ်။
The Forest ဂိမ်းဟာ Beta အဆင့်တောင် မရောက်သေးတဲ့ Early Access ဂိမ်းဆိုပေမည့် ထူးခြားတဲ့ gameplay, ကောင်းမွန်တဲ့ graphics နှင့် ကြောက်စရာ cannibal လူရိုင်းတွေကြောင့် Survival Horror ဂိမ်းနှစ်သက်သူတွေ ကြိုတင်ကစားထားသင့်တဲ့ ဂိမ်းတစ်ခုဖြစ်ကြောင်း မိတ်ဆက်ပေးလိုက်ပါတယ်။
*** Game Review ကို MMGamers မှကူးယူဖော်ပြပါသည်။***
Password ; www.movitgame.com
No comments:
Post a Comment