Far Cry 4 ရဲ့ Story Mode မှာ ကစားသူဟာ Himalaya တောင်တန်းတွေကြားက Kyrat နိုင်ငံကို ခရီးနှင်ရာက စတင်ထားပြီး သေဆုံးသူ မိခင်ရဲ့တောင်းဆိုမှူအရ မိခင်ရဲ့အရိုးပြာများကို သူမမွေးရပ်မြေမှာ စွန့်ပစ်ဖို့ Kyrat သို့ပြန်လာရင်း ဘုရင်ဆိုး Pagan Min နှင့် ဆုံတွေ့ပြီးနောက် တော်လှန်ရေးတပ်ဖွဲ့များဖြင့် ပူးပေါင်းတိုက်ခိုက်ရပုံ ဇာတ်လမ်းက ဝင်ရောက်ကစားရမှာဖြစ်ပါတယ်။ အရင် Far Cry ဂိမ်းတွေမှာ American နိုင်ငံသားအဖြစ် ကစားရမှာဖြစ်ပေမည့် Far Cry 4 ရဲ့ အဓိကဇာတ်လိုက်ကတော့ American နိုင်ငံတွင်းကြီးပြင်းခဲ့သူ Nepal နိုင်ငံသား Ajay Ghale နေရာက ဝင်ရောက်ကစားရမှာပါ။ Far Cry 4 ဂိမ်းကို စတင်ကြော်ငြာစဉ်ကတည်းက မြန်မာပြည်က ပရိသတ်ကို စိတ်ဝင်စားစေခဲ့တဲ့ အချက်ကတော့ main villain Kyrat ဘုရင်ရဲ့ နာမည် Pagan Min ပဲဖြစ်ပါတယ်။ အမည်ရင်း Gang Min ကနေ Pagan Min ဟာ မြန်မာနိုင်ငံ 18 ရာစု ကုန်းဘောင်ခေတ်က ဖခင်ကိုသတ်ပြီး နန်းလုခဲ့တဲ့ ပုဂံမင်းအမည်ကို ယူထားတာဖြစ်ပြီး ဝါရင့်အသံသရုပ်ဆောင် Troy Baker ကိုအသုံးပြုထားလို့ video game villain တွေထဲမှာ စိတ်ဝင်စားဖို့အကောင်းဆုံး ဇာတ်ကောင်တစ်ယောက်ဖြစ်သလို Vaas အပြင် Golden Path တော်လှန်ရေးအဖွဲ့မှ စိတ်ဝင်စားဖွယ်ဇာတ်ကောင်များကိုလည်း နောက်ပိုင်းမှာ ဆုံတွေ့နိုင်မှာပါ။
Far Cry 4 ရဲ့ Story mode ဟာ စိတ်ဝင်စားဖွယ် ဇာတ်လမ်းနှင့် Kyrat နိုင်ငံတွင်း ရှုခင်းများ၊ ကောင်းမွန်တဲ့ character design နှင့် အသံသရုပ်ဆောင်ပိုင်းတွေကြောင့် အစမှ အဆုံးပရိသတ်ကို စွဲဆောင်နိုင်မှာဖြစ်သလို side mission တွေအများကြီးလုပ်ရတာ ဝါသနာမပါသူတွေတောင်မှ story mode သီးသန့်ကစားရုံနဲ့တင် ကစားလို့တန်မှာပါ။ Gameplay ပိုင်းကတော့ Open World နှင့် FPS gameplay ကို ပေါင်းစပ်ထားတာဖြစ်တဲ့အတွက် Far Cry 3 နှင့်ပုံစံအတော်ဆင်ပေမည့် အမြင်ပိုင်း သာယာပြီး တောရိုင်းတိရိစ္ဆာန်ပေါင်းများစွာ ပါဝင်တဲ့ သစ်တောနှင့် ကြီးမားတဲ့တောင်တန်းတွေပါ ပါဝင်တဲ့ မြေပုံအတွင်း Glider ၊ Wing Suit၊ Chopper အသေးစားတွေနှင့် ကားမျိုးစုံ အစရှိတဲ့ သယ်ယူပို့ဆောင်ရေးစနစ်မျိုးစုံကို အသုံးပြုနိုင်တဲ့အတွက် အရင်ကထက်ပိုပြီး ကစားလို့ ပိုသွက်တာကို တွေ့ရပါတယ်။
Far Cry 4 ရဲ့ side missions နှင့် မြေပုံတွေပွင့်အောင်လို့ Pagan Min ရဲ့ Fortress တွေနှင့် Bell Tower တွေကို ဝင်ရောက်စီးနှင်းရမှာဖြစ်သလို ရန်သူစခန်း တွေကို လိုက်လံသိမ်းဆီးပြီးတော့လည်း နယ်မြေသစ်များ ချဲ့ထွင်နိုင်သလို တိုက်ပွဲအတွင်း ဆင်တွေ၊ ကျားတွေပါဝင်လာတာကလည်း gameplay ကို ပိုသွက်စေပါတယ်။ ဇာတ်လမ်းတက်ရင်လည်း လက်နက်အသစ်တွေ ရရှိလာမှာဖြစ်သလို ရန်သူတွေဆီက သို့မဟုတ် side mission တွေအောင်နိုင်လို့ရရှိတဲ့ ပိုက်ဆံနှင့် လက်နက် upgrade များပြုလုပ်နိုင်မှာပါ။ Experience point စနစ်လည်းပါဝင်ပြီး stealth အသားပေး ကစားသူများအတွက် stealth takedown နှင့် melee attack upgrade အစွမ်းမျိုးစုံ၊ ခံနိုင်ရည် မြင့်တင်ပေးမည့် defensive ability မျိုးစုံတို့ကို The Tiger နှင့် The Elephant ဆိုပြီး နှစ်မျိုးခွဲပေးထားပါတယ်။ Side Missions အနေနှင့် စိတ်ကူးယဉ်ဆန်တဲ့ Shangri la နယ်မြေကို ရောက်ရှိသွားပုံ Mission တွေလည်း ပါဝင်ထားပါတယ်။
Far Cry 4 ဟာမူလ Far Cry ဂိမ်းတွေနှင့် ဇာတ်လမ်းဆက်စပ်မှုမရှိသလို Open World ဂိမ်းတွေထဲမှာ စိတ်ဝင်စားဖွယ်အကောင်းဆုံး ဂိမ်းတစ်ခုဖြစ်တဲ့အတွက်ကြောင့် မူလ Far Cry ပရိသတ်ကော Open World နှင့် FPS ဂိမ်းပရိသတ်တွေပါ ကစားသင့်တဲ့ ဂိမ်းကောင်းတစ်ခုဖြစ်ပါတယ်။
*** Game Review ကို MMGamers မှကူးယူဖော်ပြပါသည်။***
Part 1(999 MB) Part 2(999 MB) Part 3(999 MB) Part 4(999 MB) Part 5(999 MB) Part 6(832.90 MB)
Only (5.68 GB)
No comments:
Post a Comment