Dead Rising ဂိမ်းစီးရီး ဟာ Resident Evil ဂိမ်းတွေကို ဖြန့်ချိတဲ့ Capcom ရဲ့ Zombie ဖုတ်ကောင်တွေပါဝင်တဲ့ နောက် ထပ် ဂိမ်းစီးရီး တစ်ခုဖြစ်ပြီး 7th generation console ခေတ်မှာမှ Xbox360 ဂိမ်းစက်မှာ စတင်ထွက်ရှိခဲ့တဲ့ IP အသစ်ဖြစ်ပေမယ့် ပုံစံကွဲပြားပြီး Resident Evil လိုမဟုတ်ဘဲ ပျော်စရာကောင်းတဲ့ action gameplay ဘက်ကို အသားပေးထားတဲ့ ဂိမ်းတစ်ခု ဖြစ်ပြီး ပရိသတ်အမြောက်အမြား ရှိပြီးသား စီးရီးတစ်ခုဖြစ်တာ တွေ့ရမှာပါ။ Dead Rising ဂိမ်းတွေရဲ့ အဓိက ပုံမှန်ပါဝင်လေ့ရှိတဲ့ features တွေကတော့ Open World မြေပုံ၊ လက်နက်မျိုးစုံနဲ့ ထောင်နဲ့ချီတဲ့ Zombies တွေပဲ ဖြစ်ပါတယ်။ မူလ Dead Rising ဂိမ်းအနေနှင့်ကတော့ ထွက်ထွက် ချင်း အချိန်မှာ graphics ပိုင်း တစ်ခုတည်းတင် မဟုတ်ဘဲ တစ်ပြိုင်တည်း ရာနှင့်ချီတဲ့ ဖုတ်ကောင်တွေကို loading time မပါဘဲနဲ့ ဖော်ပြပေးနိုင်တဲ့ နည်းပညာမြင့် ဂိမ်းတစ်ခု ဖြစ်ခဲ့သလို မကြာသေးခင်ကဘဲ Capcom အနေနဲ့ Dead Rising Triple Pack အမည်ရ HD Remaster ဂိမ်းကို ဖြန့်ချိခဲ့ပြီး Dead Rising, Dead Rising 2 နှင့် Dead Rising 2 Off The Record သုံးဂိမ်းစလုံးရဲ့ HD Remastered version တွေ ပါဝင်လာခဲ့ပါတယ်။ ဒါပေမဲ့ Xbox One launch title ဂိမ်းဖြစ်တဲ့ Dead Rising 3 ဂိမ်းကတော့ Microsoft နဲ့ Capcom ရဲ့ exclusive စာချုပ်အရ Xbox One မှာပဲ အရင်ထွက်ခဲ့ပြီး နောက်ပိုင်းမှာလည်း PC မှာပဲ ထွက်ရှိခဲ့ပါတယ်။ ခု December လ 2016 ထဲမှာ အသစ်ထွက်ရှိခဲ့တဲ့ Dead Rising 4 ဟာ ဆိုရင်လည်း Steam client မှာ တောင်မရသေးဘဲ Microsft ရဲ့ Games on Microsoft Store နဲ့ Xbox One ဂိမ်းစက်တွေမှာပဲ လက်တလော ထွက်ရှိထားတာ တွေ့ရမှာပါ။