Wednesday, June 21, 2017

Dead Rising 4:Deluxe Edition Bundle Inc. all updates & DLCs

                             Dead Rising ဂိမ်းစီးရီး ဟာ Resident Evil ဂိမ်းတွေကို ဖြန့်ချိတဲ့ Capcom ရဲ့ Zombie ဖုတ်ကောင်တွေပါဝင်တဲ့ နောက် ထပ် ဂိမ်းစီးရီး တစ်ခုဖြစ်ပြီး 7th generation console ခေတ်မှာမှ Xbox360 ဂိမ်းစက်မှာ စတင်ထွက်ရှိခဲ့တဲ့ IP အသစ်ဖြစ်ပေမယ့် ပုံစံကွဲပြားပြီး Resident Evil လိုမဟုတ်ဘဲ ပျော်စရာကောင်းတဲ့ action gameplay ဘက်ကို အသားပေးထားတဲ့ ဂိမ်းတစ်ခု ဖြစ်ပြီး ပရိသတ်အမြောက်အမြား ရှိပြီးသား စီးရီးတစ်ခုဖြစ်တာ တွေ့ရမှာပါ။ Dead Rising ဂိမ်းတွေရဲ့ အဓိက ပုံမှန်ပါဝင်လေ့ရှိတဲ့ features တွေကတော့ Open World မြေပုံ၊ လက်နက်မျိုးစုံနဲ့ ထောင်နဲ့ချီတဲ့ Zombies တွေပဲ ဖြစ်ပါတယ်။ မူလ Dead Rising ဂိမ်းအနေနှင့်ကတော့ ထွက်ထွက် ချင်း အချိန်မှာ graphics ပိုင်း တစ်ခုတည်းတင် မဟုတ်ဘဲ တစ်ပြိုင်တည်း ရာနှင့်ချီတဲ့ ဖုတ်ကောင်တွေကို loading time မပါဘဲနဲ့ ဖော်ပြပေးနိုင်တဲ့ နည်းပညာမြင့် ဂိမ်းတစ်ခု ဖြစ်ခဲ့သလို မကြာသေးခင်ကဘဲ Capcom အနေနဲ့ Dead Rising Triple Pack အမည်ရ HD Remaster ဂိမ်းကို ဖြန့်ချိခဲ့ပြီး Dead Rising, Dead Rising 2 နှင့် Dead Rising 2 Off The Record သုံးဂိမ်းစလုံးရဲ့ HD Remastered version တွေ ပါဝင်လာခဲ့ပါတယ်။ ဒါပေမဲ့ Xbox One launch title ဂိမ်းဖြစ်တဲ့ Dead Rising 3 ဂိမ်းကတော့ Microsoft နဲ့ Capcom ရဲ့ exclusive စာချုပ်အရ Xbox One မှာပဲ အရင်ထွက်ခဲ့ပြီး နောက်ပိုင်းမှာလည်း PC မှာပဲ ထွက်ရှိခဲ့ပါတယ်။ ခု December လ 2016 ထဲမှာ အသစ်ထွက်ရှိခဲ့တဲ့ Dead Rising 4 ဟာ ဆိုရင်လည်း Steam client မှာ တောင်မရသေးဘဲ Microsft ရဲ့ Games on Microsoft Store နဲ့ Xbox One ဂိမ်းစက်တွေမှာပဲ လက်တလော ထွက်ရှိထားတာ တွေ့ရမှာပါ။ 

                     
                               Dead Rising 3 ထွက်ရှိ တုန်းက Dead Rising 2 အပြီး ဆယ်နှစ်ကျော်ကာလမှာ နေရာယူထားပြီး California ပြည်နယ် Los Perdidos မြို့အတွင်း ရောဂါပိုးကြောင့် မြို့သူမြို့သားများ zombie ဖုတ်ကောင်အဖြစ် အသွင်ပြောင်းလဲချိန်မှာ ဝင်ရောက်ကစား ခဲ့ရပါတယ်။ ခု Dead Rising 4 မှာတော့ Dead Rising 3 အပြီး တစ်နှစ်အကြာမှာ ဇာတ်လမ်းဆင်ထားပြီး ပထမ Dead Rising ဂိမ်းရဲ့ အဓိက ဇာတ်ကောင် သတင်းထောက်ဖြစ်တဲ့ Frank West ဟာ ကောလိပ်ကျောင်းဆရာ တစ်ယောက်အဖြစ် အလုပ်ပြောင်း လုပ်နေချိန်မှာ ဇာတ်လမ်း စထားပါတယ်။ Frank West အနေနဲ့ Vicky အမည်ရ ကျောင်းသူတစ်ယောက်ရဲ့ သတင်းပေးမှုကြောင့် zombie outbreak ပထမဆုံးအကြိမ် စတင်ဖြစ်ပွားခဲ့တဲ့ Willamette မြို့စွန် Colorado ပြည်နယ်ကို သွားရောက်စုံစမ်းရင်း လျှို့ဝှက်စမ်းသပ်မှုတွေ ပြုလုပ်နေတဲ့ အဖွဲ့အစည်းတွေနဲ့ ဖုတ်ကောင်တွေရန်နဲ့ ပြန်လည်ရင်ဆိုင်ရပုံ ဇာတ်လမ်းဆင်ထားပါတယ်။ Holiday Season မှာ ဇာတ်လမ်းဆင်ထားပေမယ့် အစောပိုင်း trailers တွေ screenshots တွေကြည့်ရင်တော့ အရင် Dead Rising ဂိမ်းတွေကို နောက်ခံ အရောင်မျိုးနဲ့ စိုစိုပြည်ပြည် မဟုတ်ဘဲ အမှောင်ခန်းတွေများလို့ ဇာတ်လမ်းလည်း နည်းနည်းတည်သွားမှာ စိုးရိမ်ရပေမယ့် တကယ်တမ်း ကစားကြည့်တဲ့ အခါမှာတော့ အရင်လိုပဲ ရယ်စရာ ဇာတ်ကောင်တွေ၊ လက်နက်ဆန်း မျိုးစုံတွေအပြင် ဟာသဇာတ်ဝင်ခန်း cutscenes တွေလည်း ပါဝင်ထားတာ တွေ့ ရပါတယ်။ Frank West အနေနဲ့ ထောင်နဲ့ သောင်းနဲ့ချီအောင် နေရာအနှံ့မှာ ပြည့်နှက်နေတဲ့Zombies တွေအပြင် Psycho missions လို့ခေါ်တဲ့ သာမန် လူသားဖြစ်ပေမယ့် Zombie Outbreak ကြောင့် စိတ်ပုံမှန် မဟုတ်တော့တဲ့ လူသတ်သမား တွေ၊ ရန်သူတပ်ဖွဲ့ဝင်တွေနဲ့တိုက်ခိုက်ရမယ့် missions မျိုးစုံလည်း ပါဝင်ထားပါတယ်။

                                 Dead Rising ဂိမ်းတွေအနေနဲ့ Zombies တွေအများ ကြီးကြား တိုက်ခိုက်ရလို့ ပျော်စရာကောင်းပေမယ့် အရင်ဂိမ်း တွေမှာ Main Missions တွေအပေါ် အချိန်ကန့်သတ်ချက်တွေ ပါဝင်သလို အိမ်သာလိုမျိုး သတ်မှတ်ထားတဲ့ Save point တွေမှာပဲ game save လုပ်ခွင့်ရပေမည့် Dead Rising 4 ရဲ့ Campaign မှာတော့ Save point ကန့်သတ်ချက်တွေ time limit တွေ မပါဝင်တော့ပါဘူး။ Dead Rising 2 မှာစတင် မိတ်ဆက်ပေးခဲ့တဲ့ လက်နက် နှစ်မျိုးပေါင်း Combo weapon တွေရဲ့ ပုံစံသစ်မျိုးစုံ ပါဝင်လာပြီး Work Bench ကို သွားစရာ မလိုတော့ဘဲ Combo weapon တွေကော ယာဉ်နှစ်မျိုးပေါင်း Combo Vehicle တွေကို ချက်ချင်းဖန်တီး နိုင်မှာပါ။ Motorcycle နဲ့ လမ်းကြိတ် စက် Steamroller ကို ပေါင်းထားတဲ့ Rollerhawg လို ယာဉ်တွေကို ဂိမ်းထဲမှာ စက္ကန့်ပိုင်း အတွင်း ဖန်တီးနိုင်တာ သဘာဝမကျပေမယ့် အစကတည်းက အတည်ပေါက် ဇာတ်လမ်း မဟုတ်သလို အချိန်ပေး စောင့်စရာ မလိုဘဲ ကိုယ်လိုချင်တဲ့ ယာဉ်ကို ချက်ချင်းရတာက ပိုအဆင်ပြေ ပါတယ်။ Combo weapon တွေမှာ ဆိုရင်လည်း တိုက်ပွဲမှာ အမှန်တကယ် အသုံးဝင်တဲ့ ရေခဲ၊ မီးစတဲ့ elemental effects တွေပါ ထည့်နိုင်တဲ့ Katana, Broads word နှင့် ပေါက်ဆိန်၊ တူမျိုးစုံ ပေါင်းထားတဲ့ လက်နက်တွေ အပြင် Machine guns နဲ့ ဝက်ဝံရုပ်ပေါင်းထားတဲ့ Freedom Bear Combo Weapon၊ Microwave နဲ့ Engine တွေပေါင်းထားတဲ့ laser ပစ်နိုင်တဲ့ Chest Beam လို ရယ်စရာ လက်နက်တွေလည်း ရာနဲ့ချီ ပါဝင်ထားပါတယ်။ Vehicles မျိုးစုံပါဝင်ပေမယ့် တစ်ဂိမ်းလုံး ကားမောင်းပြီးတော့ Zombies တွေနဲ့ အနီးကပ် ထိပ်တိုက် ရင်ဆိုင်ရမှု နည်းသွားမှာစိုးလို့ အချို့နေရာတွေမှာ လမ်းတွေ ပိတ်ထားတာမို့လို့ လမ်းလျှောက် သွားရမည့် missions တွေနဲ့ ယာဉ်တွေမောင်းပြီး ဝင်မရမယ့် အဆောက်အဦးတွင်း အခန်းမျိုး စုံလည်း ပါဝင်ထားပါတယ်။ နောက်ပိုင်းမှာ Call of Duty Advanced Warfare ကလိုမျိုး EXO Suit တွေနဲ့ ခေတ်လွန် လက်နက်တွေကိုပါ အသုံးပြု လာနိုင်မှာပါ။


*** Game Review ကို Internet Journal မှကူးယူဖော်ပြပါသည်။***









Minimum:
OS : Window 7/8/8.1/10
CPU :  Intel Core i5-2400 3.1 GHz or AMD FX-6300 3.5 GHz
RAM : 6 GB
Graphic Card : Nvidia GeForce GTX 760 2GB or AMD Radeon R9 270X(2 GB)
HDD :  50 GB
DirectX : 12


Recommended :
OS : Window 7/8/8.1/10
CPU :  Intel Core i7-3770 3.4 GHz or AMD FX-8350 4.0 GHz
RAM : 8 GB
Graphic Card : Nvidia GeForce GTX 970 or AMD Radeon R9 390( 4 GB)
HDD : 50 GB
DirectX : 12



                                                                                                    Direct Links(5 GB Per Part)
                                                                                                             Only(22.5 GB)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...