Tuesday, September 19, 2017

Hellblade: Senua’s Sacrifice

                Developer Ninja Theory အနေနဲ့ Hellblade: Senua’s Sacrifice ကို စတင်ကြော်ငြာ တုန်းက Sony ရဲ့ PlayStation conference မှာဖြစ်ပါတယ်။ အရင်က PS3 exclusive Heavenly Sword ကိုလည်း ရေးဆွဲခဲ့တဲ့အတွက် PS4 exclusive ဖြစ်မယ်လို့ အများက ထင်ခဲ့ကြပေမယ့် တကယ်တမ်းကြတော့ Hellblade ဂိမ်းကို PS4 အပြင် PC မှာပါ ဖြန့်ချိခဲ့တာ တွေ့ရပါတယ်။ ဒါ့အပြင် အစောပိုင်း preview တွေ gameplay video တွေအရ graphics ပိုင်းအရမ်းကောင်းသလို production နှင့် graphics quality မြင့်ဂိမ်းတွေဖြစ်တဲ့ Enslaved နဲ့ DmC (Devil May Cry reboot) ဂိမ်းတွေကို ရေးဆွဲခဲ့တဲ့ developer အဖွဲ့ဖြစ်လို့ ပုံမှန်ဂိမ်းသစ်တွေရဲ့ ဈေး $60 နဲ့ရောင်းမယ်လို့ပဲ ထင်ရပေမယ့် ဂိမ်းမထွက်ခင်မှာ $30 နဲ့သာ ရောင်းချသွားမည်လို့ ကြော်ငြာခဲ့လို့ Ninja Theory ရဲ့ ပရိသတ်တွေက အံ့ဩခဲ့ကြရပါတယ်။ Developer အဖွဲ့ အနေနဲ့ $30 နဲ့သာရောင်းချရတဲ့ အကြောင်းကတော့ ဂိမ်းကိုရေးဆွဲတဲ့ အဖွဲ့ဝင်လည်း ၂၀ ကျော်ပဲ အသုံးပြုခဲ့သလို နည်းပညာမြင့်မားပေမယ့် ကုန်ကျစရိတ် အရမ်းမများသလို ကိုယ်တိုင် publisher အဖြစ် self publish ပုံစံရောင်းချ မှာဖြစ်တဲ့ “independent AAA” ဂိမ်းဖြစ်ပြီး ကစားချိန်ကလည်း အရမ်းကြာမှာမဟုတ်လို့ $30 နဲ့သာ ရောင်းချမှာ ဖြစ်ကြောင်း ရှင်းပြခဲ့ပါတယ်။ သူတို့ရဲ့ဆုံးဖြတ်ချက် မှန်ကန်သလို ဂိမ်းရဲ့ developer တွေက ပြောထားသလိုပဲ $60 တန် AAA ဂိမ်းတွေ အဆင့်မီတဲ့ အတွက်ကြောင့် Hellblade ဂိမ်းဟာထွက်ထွက်ချင်းမှာပဲ reviewer နဲ့ player အများစုရဲ့ ချီးကျူးမှုကို ရရှိခဲ့ပါတယ်။


                  Celtic mythology နဲ့ Norse mythology တို့ကို မှီငြမ်းထားတဲ့ Hellblade: Senua’s Sacrifice ဂိမ်းမှာ ကစားသူဟာ Senua အမည်ရ Celtic warrior တစ်ယောက်နေရာမှ ကစားရမှာဖြစ်ပြီး သေဆုံးပြီးဖြစ်တဲ့ သူမချစ်သူ Dillion ရဲ့ ဝိညာဉ်ကို Norse mythology ရဲ့ငရဲပြည်ဖြစ်တဲ့ Helheim သို့ သွားရောက်ပြီး မြေအောက်ကမ္ဘာ Underworld Helheim ရဲ့ အရှင်သခင်မ Hela ဆီမှ ကယ်တင်ရမယ့်ပုံစံ ဇာတ်လမ်းဆင်ထားပါတယ်။ နောက်ခံဇာတ်လမ်းကိုပဲ story summary ဖတ်ကြည့်လိုက်ရင် Visceral Games ရဲ့ Dante’s Inferno ဂိမ်းတို့၊ Devil May Cry ဂိမ်းတို့ ပုံစံမျိုးဖြစ်မယ် ထင်ရပေမယ့် အစောပိုင်းအခန်း အနည်းငယ် ကစားကြည့်ရုံနဲ့ Action gameplay ထက် ဇာတ်လမ်းပိုင်းကို အများကြီး အသားပေးထားတာ တွေ့ရမှာပါ။ ကစားသူအနေနဲ့ ဇာတ်လမ်းအစမှအဆုံး Senua အဖြစ် ဝင်ရောက်ကစားရတဲ့ အပိုင်းမှာအခြား မဟာမိတ်ဇာတ်ကောင်တွေနဲ့ တွေ့ရတဲ့ အပိုင်းမျိုးမပါဝင်ဘဲ Senua ဟာ စိတ်မူမမှန်ဘဲ ပြင်ပလောကနဲ့ စိတ်အတွင်းမှာ မြင်နေ ကြားနေရတာတွေကို ခွဲခြားသိရှိရန် ခက်ခဲသူ Psychosis ဝေဒနာရှင် တစ်ယောက်အဖြစ် မြင်တွေ့ရမှာ ဖြစ်ပါတယ်။ ဒါ့ကြောင့်လည်း သူမရဲ့ Helheim ကိုသွားတဲ့ ခရီးဟာ အမှန်တကယ်လား၊ သူ့စိတ်ထဲမှာထင်နေမြင်နေတာ တွေက ရာခိုင်နှုန်းဘယ်လောက် ရှိမလဲဆိုတာတွေကို ကစားရင်းနဲ့ပဲ player ကိုယ်တိုင်က ဆုံးဖြတ်ရမှာပါ။ သူမရဲ့ ခရီးစဉ်ကို အသက်ပိုပါအောင် နောက်ခံစကားပြောတဲ့ background voices တွေအများကြီး ပါဝင်ထားသလို၊ သူတို့ရဲ့ ပြောစကားတွေကလည်း ဇာတ်လမ်းအတွက် အရေးကြီးတဲ့ အချက်တွေပါထားပြီး headphone နဲ့ ကစားမယ်ဆိုရင် 3D binaural audio စနစ်ကြောင့် ပိုပြီး immersive ဖြစ်တဲ့ gameplay experience ကို ရရှိနိုင်မှာပါ။

                  ဇာတ်လမ်းတင်ဆက်ပုံကောင်းတဲ့ Adventure ဂိမ်းတွေ Story-driven ဂိမ်းတွေ အများ စုက action gameplay တွေ ပါလေ့မရှိပေမယ့် Hellblade ရဲ့ ထူးခြားချက်ကတော့ graphics နဲ့ story ပိုင်းကောင်းသလောက် gameplay ပိုင်းကိုလည်း ရိုးရှင်းပေမည့် စိတ်ဝင်စားဖို့ကောင်းအောင် ဖန်တီးထားတာ တွေ့ရမှာပါ။ အဓိက တိုက်ခိုက်ရမယ့် အပိုင်းကတော့ light/heavy attack နဲ့အတူ counter attack/parry နဲ့ ရှောင်လို့ရမယ့် dodge ability တွေပဲပါဝင်ပေမယ့် ရန်သူတွေဝိုင်းနေတဲ့အခါမှာ ပတ်ဝန်းကျင်ကို ကြည့်ပြီးအခြေအနေအရ ကစားပုံပြောင်းရမှာ ဖြစ်ပါတယ်။ ဇာတ်လမ်းပိုင်းရဲ့ presentation ကို သဘာဝပိုကျအောင် screen ပေါ်မှာ upgrade စနစ်တွေ combo count တွေကို မထည့်ထားပေမယ့် ကစားချိန် ၇ နာရီနဲ့ ၉ နာရီကြားမှာ ရန်သူအမျိုးအစား အစုံနဲ့ boss fights တွေလည်းပါထားလို့ gameplay ပိုင်းလည်း မအီသွားတာ တွေ့ရပါတယ်။
 

                 Hellblade: Senua’s Sacrifice ဂိမ်းဟာ ဇာတ်လမ်းပိုင်းရော၊ graphics နဲ့ gameplay ပိုင်းတွေပါ ဘက်စုံကောင်းမွန်အောင် ဖန်တီးထားနိုင်သလို pure horror ပုံစံမဟုတ်ပေမယ့် psychosis ရောဂါဖြစ်နေသူတစ်ယောက်ရဲ့ အမြင်ကနေ သဘာဝကျကျ ကစားနိုင်အောင် ဖန်တီးထားတဲ့ စိတ်ဝင်စားဖို့ကောင်းပြီး ပုံစံကွဲပြားတဲ့ အဆင့်မြင့် Action Adventure ဂိမ်းကောင်းတစ်ခုဖြစ်တာ တွေ့ရမှာပါ။

*** Game Review ကို Internet Journal မှကူးယူဖော်ပြပါသည်။***









Minimum:
OS : Window 7/8/8.1/10
CPU : Intel i5 3570K 3.4GHz or AMD FX-8350
RAM : 8 GB
Graphic Card : GTX 770 with 2GB  / Radeon R9 280X 3GB
HDD : 30 GB
DirectX : 11


Recommended :
OS : Window 7/8/8.1/10
CPU : Core i5-4690 3.5GHz or FX-9370
RAM : 8 GB
Graphic Card : GeForce GTX 970 4GB or Radeon R9 290X
HDD : 30 GB
DirectX : 11


                                                                                                                 Direct Link
                                                                                                                Only(9.8 GB)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...