Publisher နှင့် Developer Capcom အနေနဲ့ သူတို့ရဲ့နာမည်ကြီး Action ဂိမ်းစီးရီးဖြစ်တဲ့ Devil MayCry Series ကို Reboot ပြုလုပ်ပြီး ဇာတ်ကောင် ဒီဇိုင်းပုံစံနှင့် ဇာတ်လမ်းတွေပြောင်းကာ DmC အဖြစ် ပုံစံပြောင်းလဲခဲ့တဲ့အခါမှာ မူရင်းပရိသတ်အချို့အနေနဲ့ အရင်ဇာတ်ကောင်ပုံစံတွေကိုပဲ ပိုကြိုက်တယ်ဆိုပြီး တောင်းဆိုမှုတွေ အများအပြားရှိခဲ့ပါတယ်။ DmC ဂိမ်းထွက် လာတဲ့အခါမှာလည်း အောင်မြင်မှုတော့ အသင့်အတင့် ရခဲ့ပေမယ့် Capcom အနေနဲ့ လောလောဆယ်မှာတော့ ဘယ်လို Devil May Cry ဂိမ်းအသစ်တွေ ဆက်ထုတ်သွားမယ် ဆိုတာကို ကြော်ငြာထားခြင်း မရှိသေးပါဘူး။ ၂၀၁၅ အတွင်းမှာတော့ DmC ရဲ့ Definitive Edition ကို PS4 နှင့် Xbox One တို့မှာ ပြန်လည်ထုတ်လုပ်ခဲ့သလို Devil May Cry 4 ရဲ့ Remastered Edition ဖြစ်တဲ့ Devil May Cry 4 Special Edition ကိုလည်း PC, PS4 နှင့် Xbox One တို့အတွက် ဖြန့်ချိထားပါတယ်။ Capcom အနေနဲ့ Resident Evil ဂိမ်း စီးရီးသစ်တွေကို Survival Horror အသားပေးလား Action Shooter အသားပေးလား မသေချာသေးဘဲ စီစဉ်နေသလိုမျိုး Devil May Cry ဂိမ်းတွေကိုလည်း ဘယ်လိုပုံစံ သွားမလဲဆိုတာ ရွေးချယ်နေဆဲကာလ ဖြစ်နိုင်ပါတယ်။
Monday, April 4, 2016
Final Fantasy Type 0 HD
Final Fantasy Type-0 HD ဂိမ်းသစ်ကို developer နှင့် publisher Square Enix က developer Hexa Drive နဲ့ ပူးပေါင်းဖန်တီးထားတဲ့ ဂိမ်းဖြစ်ပြီး ၂၀၁၅ခုနှစ် အစောပိုင်းကတော့ PS4 နှင့် Xbox One ဂိမ်းစက်တွေမှာ ထွက်ရှိထားခဲ့ပြီး ဖြစ်ပါတယ်။ PS4 နှင့် Xbox One version တွေမှာတော့ ၂၀၁၆ မှာ ထွက်ရှိမယ်လို့ ကြော်ငြာထားတဲ့ Final Fantasy XV ဂိမ်းသစ်ကို စမ်းသပ်ကစားနိုင်မယ့် Demo ပါဝင်ထားပေမယ့် PC version မှာတော့ Final Fantasy XV ရဲ့ Demo မပါဝင်ထားပါဘူး။
Dark Sider II(Complete Edition)
Dark Sider II ဂိမ်းဟာ Action-Adventure အမျိုးအစား RPG ဂိမ်းတခုဖြစ်ပြီး Vigil Game ကုမ္ပဏီကရေးဆွဲထားပြီးတော့ THQ ကုမ္ပဏီက August 2012 မှာ Xbox 360၊Play Station 3နဲ့ PC အတွက်ဆိုပြီးဖြန့်ချီပေးခဲ့ပါတယ်။Wii U အတွက်ကိုတော့ November 2012 မှာဖြန့်ချီပေးခဲ့ပါတယ်။ဒီဂိမ်းဟာ 2010 တုန်းကထွက်ရှိခဲ့တဲ့ Dark Sider ဂိမ်းရဲ့အဆက်ဖြစ်ပြီး ဒီဂိမ်းမှာတော့ Player ဟာ ပထမဂိမ်းကဇာတ်ကောင် War ကိုရှာဖွေဖို့ မြေအောက်ကနေထွက်လာတဲ့ ဒဏ္ဍာရီလာ The Four Horse Men ထဲက သေမင်း(Death)နေရာကနေ ကစားရမှာဖြစ်ပါတယ်။ဒီဂိမ်းဟာ Open World ပုံစံမျိုးရေးဆွဲထားပေးထားတာတွေ့ရပြီးPlayer ဟာခြေကျင်နဲ့လျှောက်သွားလို့ရသလို မြင်းနဲ့လဲ ခရီးသွားလို့ရပါတယ်။ နေရာတိုင်းမှာလဲ ဖြေရှင်းရမဲ့Side Quest တွေတော်တော်များပါဝင်ပြီး ရန်သူတွေလဲ နေရာအနှံ့ပြန့်နေတာတွေ့ရမှာပါ။
Subscribe to:
Posts (Atom)