အရင် ၂၀၀၈ တုန်းက ထွက်ရှိထားတဲ့ မူလဂိမ်းနဲ့ ကွဲပြားတဲ့ Devil May Cry 4 Special Edition ရဲ့ အဓိက ထူးခြားချက်တွေကတော့ Dante နှင့် Neo တို့သာမကဘဲ Vergil, Lady နှင့် Trish တို့ကို playable character တွေအဖြစ် ကစားနိုင်မှာဖြစ်ပြီး ပိုမိုသွက်လက်စွာ ကစားနိုင်မယ့် 60 Frame Per Second (FPS) gameplay နှင့် Challenge mode ပုံစံ ရန်သူတွေကို ဆက်တိုက် တိုက်ခိုက်နိုင်မယ့် game mode အသစ် ပါဝင်လာခြင်းတို့ဘဲ ဖြစ်ပါတယ်။ Graphics ပိုင်းကလည်း remastered edition တွေရဲ့ ထုံးစံအတိုင်း အရင်ကထက်တော့ အများကြီး ပိုကြည့်ကောင်း လာတာ တွေ့ရမှာပါ။ Story ပိုင်းကို ကြည့်မယ်ဆိုရင်တော့ အရင် Neo နှင့် Dante တို့ ပါဝင်ထားတဲ့ ဂိမ်းရဲ့ ဇာတ်လမ်းအတိုင်းပဲ Demon Lord Sparda ကို ကိုးကွယ်ကြောင်း အကြောင်းပြပြီး နောက်ကွယ်မှာ မကောင်းဆိုးဝါး Demon တွေရဲ့ စွမ်းအင်တွေကို အသုံးချဖို့ စမ်းသပ်မှုတွေ ပြု လုပ်နေတဲ့ the Order of the Sword ကို တားဆီးရမယ့် ဇာတ်လမ်းဖြစ်ပါတယ်။
Character အသစ်တွေ ပါဝင်ထားပေမယ့် မူလဂိမ်းရဲ့ Storyline တွေက အရင်တုန်းက ဇာတ်ကောင်နှစ်ယောက်ဖြစ်တဲ့ Neo နှင့် Dante တို့ပဲ ပါဝင်တာမျိုးတွေရှိသလို ဇာတ်လမ်း အနေနဲ့ကလည်း Vergil ရဲ့ Yamato ဓားကို စမ်းသပ်နေတာမျိုးတွေ၊ အရင်ဂိမ်းတွေအပြီး ဇာတ်လမ်းအဖြစ်အပျက်တွေနောက်မှာ နေရာယူထားတာတွေကြောင့် Vergil လိုမျိုး ဇာတ်ကောင်တွေကို ကိုင်တွယ်ရတဲ့အခါ Cutscenes အချို့ကို ကျော်ထားတာ တွေ့ရမှာပါ။ အရင် Devil May Cry 4 ဂိမ်းမကစားရသေးသူတွေ အနေနဲ့ကတော့ ဇာတ်လမ်းနားလည်အောင် default character တွေကိုပဲ အသုံးပြုကာ ကစားသင့်ပြီး တစ်ခေါက်ကစားပြီးတော့မှ အခြား ဇာတ်ကောင်သစ်တွေရဲ့ gameplay ပုံစံသစ်တွေကို စမ်းသပ်ကစားကြည့်တာ ပိုသင့်တော်မှာ ဖြစ်ပါတယ်။ ဇာတ်ကောင်သစ်တွေရဲ့ ဇာတ်လမ်းသစ်ပုံစံအမျိုးအစား playable character အသစ်အနေဖြင့်သာ ပါဝင်ထားကြတဲ့ ပုံစံမျိုးဖြစ်ပြီး Vergil, Lady နှင့် Trish တို့အတွက်ကတော့ Intro sequence မှာတော့ cutscenes အသစ်လေးတွေ ထည့်ထားပေးတာ တွေ့ရပါတယ်။
Gameplay ပိုင်းကတော့ သွက်လက်တဲ့ Combo မျိုးစုံနှင့် Weapon Skills တွေကို ဆက်တိုက် အသုံးပြုနိုင်မှာဖြစ်ပြီး mission တစ်ခုပြီးတိုင်း gameplayperformance ပေါ် အဓိကမူတည်ကာ ရရှိတဲ့ Proud Souls တွေနဲ့ တိုက်ခိုက်မှုစွမ်းရည်တွေကို မြှင့်တင်နိုင်သလို ရန်သူတွေကို တိုက်ခိုက်ပြီးရလာတဲ့ Red Orbs တွေကို အသုံးပြု ပြီးတော့ items တွေ ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။ ဇာတ်ကောင်တွေဖြစ်တဲ့ Vergil ကတော့ သူရဲ့ Yamato ဓားနဲ့ အနီးကပ် တိုက်ခိုက်မှုတွေကို အသုံးပြုနိုင်မှာဖြစ်ပြီး အချိန်ကိုက် timing ဖြင့် ဟန်ချက်ကျကျကစားနိုင်ရင် Combo မျိုးစုံ ဆက်တိုက် ထုတ်နိုင်မှာဖြစ်ပါတယ်။ Trish ကတော့ Dante ပုံစံမျိုး Pistol နှင့် Melee weapon ပေါင်းစပ်ထားတဲ့ ဇာတ်ကောင်ဖြစ်ပြီး Lady ကတော့ အဝေးပစ်လက်နက်မျိုးစုံကို ကိုင်တွယ်နိုင်သလို Rocket Launcher လိုမျိုး လက်နက်ကြီးတွေပါ ပါဝင်ထားပါတယ်။ Mission တစ်ခုချင်းဆီအတွက်လည်း Character စိတ်ကြိုက် ရွေးကစားနိုင်တဲ့အတွက် ဇာတ်ကောင်မျိုးစုံ စမ်းကစားချင် သူတွေအနေနဲ့ အချိန်ကုန်သက်သာမှာပါ။
Devil May Cry 4 Special Edition ဟာ Graphics နှင့် Combat Gameplay ပိုင်း ပိုကောင်းအောင်လုပ်ထားတဲ့ Remastered version ဖြစ်လို့ story ပိုင်းနှင့် မူလ backtracked missions တွေများတဲ့ gameplay တွေအပေါ် ပြောင်းလဲထားမှုမရှိတဲ့အတွက် မူလဂိမ်းကစားပြီးသူတွေအနေနဲ့ ပိုကောင်းတဲ့ graphics နှင့်ဇာတ်ကောင်သစ်တွေ စမ်းသပ် ကစားလိုတယ်ဆိုရင်တော့ သင့်တော်တဲ့ ဂိမ်းသစ်ဖြစ်ပြီး မူလဂိမ်းကို မဆော့ရသေးသူ Action ဂိမ်းပရိသတ်တွေအတွက်ကတော့ ကစားသင့်တဲ့ Hack n Slash Action ဂိမ်းကောင်းဖြစ်ပါတယ်။
*** Game Review ကို Internet Journal မှကူးယူဖော်ပြပါသည်။***
Minimum :
OS : Window 7/8/8.1
CPU : Intel(R) Core(TM) 2 Duo 2.4GHz, AMD Athlon(TM) X2 2.8 GHz
Ram : 2 GB
Graphic Card :GeForce(R) 8800 GTS or Radeon(TM) HD 3850
HDD : 27 GB
Direct X : 10
Recommended :
OS : Window 7/8/8.1
CPU : Intel(R) Core(TM) i3 3.0GHz, AMD FX-4100 3.6 GHz
Ram : 4 GB
Graphic Card : GeForce(R) GTX 570 or Radeon(TM) HD 7790
HDD : 27 GB
Direct X :11
Part 1(0.98 GB) Part 2(0.98 GB) Part 3(0.98 GB) Part 4(0.98 GB) Part 5(0.98 GB)
Only(4.92 GB)
No comments:
Post a Comment