Monday, April 4, 2016

Final Fantasy Type 0 HD

                       Final Fantasy Type-0 HD ဂိမ်းသစ်ကို developer နှင့် publisher Square Enix က developer Hexa Drive နဲ့ ပူးပေါင်းဖန်တီးထားတဲ့ ဂိမ်းဖြစ်ပြီး ၂၀၁၅ခုနှစ် အစောပိုင်းကတော့ PS4 နှင့် Xbox One ဂိမ်းစက်တွေမှာ ထွက်ရှိထားခဲ့ပြီး ဖြစ်ပါတယ်။ PS4 နှင့် Xbox One version တွေမှာတော့ ၂၀၁၆ မှာ ထွက်ရှိမယ်လို့ ကြော်ငြာထားတဲ့ Final Fantasy XV ဂိမ်းသစ်ကို စမ်းသပ်ကစားနိုင်မယ့် Demo ပါဝင်ထားပေမယ့် PC version မှာတော့ Final Fantasy XV ရဲ့ Demo မပါဝင်ထားပါဘူး။
                  
                    
                      Official HD English version မထွက်ခင်ကတည်းက ပရိသတ်တွေကိုယ်တိုင် ဘာသာပြန်ထားတဲ့  English language patched  version တွေ ထွက်ခဲ့ပေမယ့်လည်း Square Enix က HD Remastered version အဖြစ် တရားဝင်ဖြန့်ချိမယ် ကြော်ငြာလိုက်တဲ့အခါမှာလည်း မဆော့ရသေး သူတွေရော၊ ကစားပြီးသူတွေပါ စိတ်ဝင်စားခဲ့ကြပါတယ်။ Gameplay ပိုင်း ပြောင်းလဲထားခြင်းမရှိသော်လည်း ပိုမိုခက်ခဲသော ရန်သူတွေနဲ့ ရင်ဆိုင်ရမယ့် difficulty level အသစ်ထည့်သွင်းပေးထားသလို character model ပိုင်းနှင့် background texture ပိုင်းများ အဆပေါင်းများစွာ ပိုမိုကောင်း မွန်အောင် ပြင်ဆင်ထားလို့ 8th generation ဂိမ်းစက်သစ်တွေနဲ့ PC တို့မှာသာ HD version အဖြစ် ပြန်လည်ဖြန့်ချိခဲ့ခြင်း ဖြစ်တယ်လို့ Square Enix က ကြေညာခဲ့ပါတယ်။

                  Square Enix ရဲ့ Final Fantasy Type 0 ဂိမ်းဟာ PlayStation Portable မှာ ဂျပန်ဘာသာနှင့် စထွက်ကတည်းက Final Fantasy ဂိမ်းရဲ့ ပင်မစီးရီးတွေနီးပါး သေသေချာချာ ဖန်တီးထားသလို ဇာတ်လမ်းပိုင်းရော gameplay ပိုင်းတွေပါ စိတ်ဝင်စားဖို့ကောင်းတဲ့အတွက် နိုင်ငံတကာ JRPG ဂိမ်းပရိသတ်တွေရဲ့ စိတ်ဝင်စားမှုကို ရရှိခဲ့ပါတယ်။ Final Fantasy Type-0 HD ရဲ့ ဇာတ်လမ်းကတော့ Orience အမည်ရကမ္ဘာမှာ စစ်ဖြစ်နေကြတဲ့ တိုင်းပြည်တွေရဲ့ တိုက်ပွဲတွေ နေရာကနေ ဝင်ရောက်ကစားရမှာဖြစ်ပြီး Dominion of Rubrum တိုင်းပြည်ရဲ့ အဆင့်မြင့်မှော်ပညာတွေ အသုံးပြုနိုင်တဲ့ Class Zero သင်တန်းမှ ကျောင်းသားများ နေရာက ဝင်ရောက်ကစားရမယ့် ဂိမ်းဖြစ်ပါတယ်။ Class Zero ကျောင်းသားတွေအနေနဲ့ ၎င်းတို့ နယ်မြေကို ဝင်ရောက် ကျူးကျော်လာတဲ့ အိမ်နီးချင်း Militesi Empire တိုင်းပြည်မှ တပ်သားများကို အဓိကရင်ဆိုင်ရမှာဖြစ်ပြီး ဂိမ်း၏ ဇာတ်လမ်းတစ်လျှောက်တွင် အခြားတိုင်းပြည်များ၏ အဖြစ်အပျက်များနှင့် စစ်ပွဲ၏ နောက်ကွယ်မှ လျှို့ ဝှက်ချက်များကို ရှာဖွေတွေ့ရှိပုံ ဇာတ်လမ်းဆင်ထားပါတယ်။

              ဂိမ်းဇာတ်လမ်းယူထားတဲ့ Orience ကမ္ဘာအနေနဲ့ အပေါ်ယံကြည့်ရင် မှော်ပညာတွေ အသုံးပြုနိုင်တဲ့ သာမန် Fantasy ကမ္ဘာတစ်ခုလို့ ထင်ရပေမယ့် နိုင်ငံတွေရဲ့ အဓိက Ruler ဖြစ်တဲ့ Crystal တွေဟာ ကိုယ်ပိုင်အသိဉာဏ်ရှိတဲ့ Sentient Beings တွေဖြစ်ပြီး လူတွေရဲ့ မှတ်ဉာဏ်တွေကိုပါ ထိန်းချုပ်နိုင်တဲ့ ပုံစံဇာတ်လမ်းဆင်ထားတာ တွေ့ရမှာပါ။ အဓိကဇာတ်လိုက်တွေကတော့ ကျောင်းသားအရွယ်လူငယ်တွေ ဆိုပေမယ့် စစ်ပွဲကာလမှာ နေရာယူထားတဲ့ story ပိုင်းကလည်း တော်တော်လေး serious ဖြစ်သလို တိုက်ပွဲမှာ ကျဆုံးသွားတဲ့သူတွေကို သတိရပြီး ဝမ်းနည်းမနေအောင် သေဆုံးသူတွေနဲ့ ပတ်သက်တဲ့ စိတ်တွင်းက အပြင်မှာပါရှိတဲ့ မှတ်တမ်းတွေကို Crystal တွေက ဖျောက်ပစ်လိုက်တဲ့ပုံစံလိုမျိုး သာမန်လောကနဲ့ ပုံစံကွဲပြားတဲ့ ကမ္ဘာသစ်တစ်ခုကို တည်ဆောက်ပေးထားနိုင်တာ တွေ့ရပါတယ်။ Final Fantasy Type 0 HD ရဲ့ အဓိကဇာတ်ကောင်တွေကတော့ Anime ဇာတ်လမ်းတွေမှာလိုမျိုး တစ်ယောက်နှင့်တစ်ယောက် စိတ်ဓာတ်ပိုင်းရော ပြင်ပဇာတ်ကောင် ဒီဇိုင်းပိုင်းပါ ကွဲပြားအောင် ဖန်တီးထားနိုင်တာတွေ့ရပြီး JRPG နှင့် Anime ဂိမ်းအများစုမှာ တွေ့ရလေ့ရှိတဲ့ ထုံးစံအတိုင်း English voice acting ထက် Japanese voice acting ကပိုပြီး အသက်ပါပါတယ်။

                  Graphics ပိုင်းကလည်း resolution နှင့် lighting effects လောက်ပဲ ပြောင်းလိုက်တာမဟုတ်ဘဲ texture ပိုင်းနှင့် နောက်ခံ အဆောက်အဦတွေကိုပါ ပိုကြည့်ကောင်းအောင် အများကြီးပြင်ဆင်ပေးထားပါတယ်။ maincharacter တွေကိုပဲ ကြည့်မယ်ဆိုရင် PSP ဂိမ်းရဲ့ HD version မဟုတ်ဘဲ တကယ့် next generation PS4 ဂိမ်းတစ်ခုလို့ ထင်ရလောက်အောင် ကောင်းမွန်တာကို တွေ့ရပါတယ်။ NPC တွေကိုတော့ details အများကြီး ပြန်မပြင်ပေမယ့် ရန်သူတွေ texture ပိုင်းကိုတော့ တော်တော်လေး ပြန်ပြင်ပေးထားပါတယ်။ Gameplay ကတော့ ဇာတ်လမ်းအသားပေး Action RPG ဂိမ်းဖြစ်ပြီး တိုက်ပွဲ တစ်ခုတွင် ကျောင်းသားသုံးယောက်က ရွေးချယ် ကိုင်တွယ်နိုင်မှာဖြစ်ပြီး တိုက်ခိုက်ပုံ gameplay နှင့်လက်နက်များ ကွဲပြားသောကြောင့် ရွေးချယ်စရာ Character Class မျိုးစုံပါဝင်ထားသော ဂိမ်းဖြစ်သလို တစ်ယောက်ချင်းစီတွင်လည်း တိုက်ပွဲအတွင်း ဆင့်ခေါ် အသုံးပြုမယ့် Eidolons War Gods တွေကို Summon ပြုလုပ်နိုင်သော အစွမ်းများ ပိုင်ဆိုင်ထားပါတယ်။ Main missions တွေမလာခင် ကျောင်းအတွင်း free time ပေးထားတဲ့အချိန်မှာ side missions တွေ လုပ်နိုင်သလို Persona ဂိမ်းတွေလိုမျိုး အခြားမိတ်ဆွေတွေနဲ့လည်း တွေ့ဆုံနိုင်ပါတယ်။ Battle gameplay ကို အရမ်းလွယ်အောင် မလုပ်ထား ဘဲ ရှောင်တိမ်းရတဲ့ dodge gameplay ပိုင်းကို အသားပေး ကစားသွားရမှာပါ။ ရန်သူဒီဇိုင်းအများစုကတော့ monsters တွေ သိပ်မပါဘဲ စက်ရုံတွေများတယ်ဆိုပေမယ့် ဒီဇိုင်းအရမ်းမိုက်တဲ့ လူဆိုးခေါင်းဆောင် boss တွေနဲ့ Eidolons တွေကတော့ ကြည့်ကောင်းပါတယ်။

                  နှစ်စဉ် Final Fantasy ဂိမ်းတွေ အများကြီး ထွက်လေ့ရှိတဲ့ ကြားက အသစ်ထွက်ထားတဲ့ FF ဂိမ်းတွေထဲမှာ စိတ်ဝင်စားဖို့ အကောင်းဆုံးဂိမ်းသစ်ခုဖြစ်ပြီး Console ထွက်တုန်းကတော့ FFXV Demo ကို ကစားချင်လို့ ဝယ်သူတွေရှိပေမယ့် PC version မှာလိုမျိုး FFXV Demo မပါဘဲနဲ့လည်း ဝယ်ရတာ တန်ပါတယ်။ ဇာတ်လမ်းတင်ဆက်မှုပိုင်းနဲ့ gameplay ပိုင်း ကောင်းမွန်သလို အချိန်အကြာကြီး ကစားနိုင်တဲ့ ဂိမ်းဖြစ်လို့ Final Fantasy ဂိမ်းကစားလေ့ရှိသူတွေရော Western/Japanese RPG ဂိမ်းပရိသတ်တွေပါ အကြိုက်တွေ့မယ့် ဂိမ်းသစ်ဖြစ်ပါတယ်။


*** Game Review ကို Internet Journal မှကူးယူဖော်ပြပါသည်။***















Minimum  :
OS  : Window 7/8/8.1(64 Bit)
CPU  : Core i3 2.5GHz or Phenom 9650 Quad-Core
Ram  :  4 GB
Graphic Card  :  GeForce GTX 560Ti or AMD Radeon 7790
HDD :  30 GB
DirectX  :  11




Recommended  :
OS  : Window 7/8/8.1(64 Bit)
CPU  :  Core i5 or FX-8120
Ram  :  6 GB
Graphic Card  :  
GeForce GTX 750 or  Radeon HD 5870
HDD  : 30 GB
DirectX  :11




                         Part 1(0.98 GB)  Part 2(0.98 GB)  Part 3(0.98 GB)  Part 4(0.98 GB)  Part 5(0.98 GB)   Part 6(0.98 GB)  Part 7(0.98 GB)   Part 8(0.98 GB) 
              Part 9(0.98 GB)   Part 10(0.98 GB)   Part 11(0.98 GB)   Part 12(0.98 GB)   Part 13(0.98 GB)   Part 14(0.98 GB)   Part 15(0.98 GB)   Part 16(206.88 GB)
                                                                                                               Only(14.9 GB)


No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...