Saturday, July 11, 2015

Call of Duty: Advanced Warfare

Activision ရဲ့ Call of Duty စီးရီးဟာ နှစ်ကုန်ခါနီးတိုင်းအမြဲတိုင်း ဂိမ်းသစ်ထွက်လေ့ရှိတဲ့ စာရင်းထဲမှာပါဝင်ပေမည့် ဂိမ်းရေးသားချိန်ကို တစ်နှစ်အတွင်း အမြန်ရေးတာမဟုတ်ဘဲ Ubisoft နှင့် Assassin's Creed စီးရီးလိုမျိုး developer အဖွဲ့တွေ ခွဲပြီးအချိန်ယူ ရေးဆွဲခဲ့လို့ ဇာတ်လမ်းပိုင်း၊ gameplay ပိုင်း quality ကောင်းမွန်အောင် ဖန်တီးနိုင်ခဲ့တာကို တွေ့ရပါတယ်။ 2013 တုန်းက Call of Duty Ghosts ကို Infinity Ward ကရေးဆွဲခဲ့ပြီး ပုံမှန်ဆိုရင် Treyach ရဲ့ဂိမ်းအသစ်ထွက်ရမည့် နှစ်ဖြစ်ပေမည့် နောက်ထက် developer တစ်ဖွဲ့ဖြစ်တဲ့ Sledgehammer Games ဂိမ်းဟာ Call of Duty Advanced Warfare ကို သုံးနှစ်ကျော်ကြာ အချိန်ပေးရေးဆွဲခဲ့ကြောင်း သိရပြီး အရင်သုံးနေကြ IW Engine အစား Sledgehammer Games ရဲ့ Custom Game Engine အသစ်ကို အသုံးပြုထားလို့ graphics ပိုင်းအကောင်းဆုံးနှင့် ခေတ်အမှီဆုံး next generation Call of Duty ဂိမ်းသစ်အဖြစ် မြင်တွေ့ရမှာပါ။ World War II ခေတ်က ဂိမ်းတွေနှင့်စတင်ခဲ့တဲ့ Call of Duty Series ဟာ CoD: Black Ops II မှာတော့ တိုးတက်တဲ့ အနာဂတ်အချိန် 2025 ခုနှစ်မှာ အဓိကနေရာယူထားပြီး စက်ရုပ်တွေ လက်နက်ဆန်းတွေ အသုံးပြုစေခဲ့သလို Call of Duty Advanced Warfare ကတော့ 2054 ခုနှစ်နောက်ပိုင်းမှာ နေရာယူထားလို့ အရင်ထက်ပိုပြီး ဆန်းပြားတဲ့ လက်နက်နှင့် နည်းပညာအသစ်အဆန်းတွေ ပါဝင်ထားတာ တွေ့ရပါတယ်။

Call of Duty Advanced Warfare ရဲ့ campaign တစ်လျှောက်မှာ အရင်ထက်ပိုပြီး အချိန်ယူရေးဆွဲထားတဲ့ အချက်တွေကို သတိထားမိမှာဖြစ်ပြီး ဇာတ်လမ်းအစကတည်းက ပြသတဲ့ cutscenes တွေဟာဆိုရင်လည်း လူသားသရုပ်ဆောင်တွေနီးပါး သဘာဝကျတဲ့ လှုပ်ရှားမှုနှင့် မျက်နှာအမူအရာတွေကို မြင်တွေ့ရမှာဖြစ်ပြီး စတင်ကြော်ငြာချိန်ကတည်းက အသားပေးပြသထားတဲ့ Oscar ဆုရ မင်းသားကြီး Kevin Spacey ရဲ့ဇာတ်ကောင် Jonathan Irons ကိုဆိုရင်လည်း အဆင့်မြင့် motion capture နည်းတွေသုံးပြီး ဖန်တီးထားလို့ cutscenes တွေကတော့ အရင်ထက်ပိုပြီး အသက်ဝင်နေတာကို တွေ့ရပါတယ်။

2054 ခုနှစ်မှာ ဇာတ်လမ်းစတင်ထားတဲ့ Call of Duty Advanced Warfare မှာ ကစားသူဟာ United States Marine Corps ရဲ့ တပ်သားဖြစ်သူ Jack Mitchell နေရာက ဝင်ရောက်ကစားရမှာဖြစ်ပြီး South Korea နိုင်ငံ Seoul မြို့ကို North Korea နိုင်ငံက ဝင်ရောက်ကျူးကျော်တိုက်ခိုက်တဲ့ တိုက်ပွဲအပြီး သူငယ်ချင်းဖြစ်သူ Will Irons သေဆုံးပြီး Jack Mitchell အနေနှင့် လက်တစ်ဖက်ပျက်သွားခဲ့ပါတယ်။ Jack Mitchell အနေနှင့် Will Irons ရဲ့ဈာပနအပြီးမှာ Will ရဲ့ဖခင် Jonathan Irons တည်ထောင်ထားတဲ့ စစ်ရေးဆိုင်ရာမှာ ခွန်အားအကြီးဆုံး private military contractor ဖြစ်တဲ့ Atlas Corporation ရဲ့ ဖိတ်ကြားခြင်းခံခဲ့ရပါတယ်။ Jack ဟာ အဆင့်မြင့် prosthetic အစားထိုးလက်နှင့်အတူ စွမ်းရည်မျိုးစုံအသုံးပြုနိုင်တဲ့ exoskeletal armor တွေကို အသုံးပြုပြီး ရန်သူအကြမ်းဖက်သမားတွေနှင့် ရင်ဆိုင်ရမှာဖြစ်သလို အစကတည်းက ကြော်ငြာထားသလိုပဲ ကမ္ဘာကြီးကို အပိုင်စီးဖို့ ကြံစည်နေတဲ့ Jonathan Irons ကို ပြန်လည်တားဆီးဖို့ ကြိုးစားရပုံ ဇာတ်လမ်းဆင်ထားတာ တွေ့ရမှာပါ။ Advanced Warfare ရဲ့ Jonathan Irons ပါဝင်တဲ့ ဇာတ်ဝင်ခန်းတိုင်းမှာ စိတ်ဝင်စားစရာ dialogue တွေနှင့် ကောင်းမွန်တဲ့ သရုပ်ဆောင်မှုမျိုးစုံပါဝင်ထားသလို ကစားသူရဲ့ဇာတ်ကောင် Jack Mitchell (အသံသရုပ်ဆောင် - Troy Baker) ရဲ့စကားပြောခန်းတွေလည်း ပါဝင်ထားတဲ့အတွက် နောက်ပိုင်း Call of Duty ဂိမ်းတွေအနေနှင့် Sledgehammer Games က တင်ဆက်သွားတဲ့ cutscenes တွေရဲ့ quality ကို မှီဖို့အရင်ထက်ပိုပြီး ကြိုးစားရတော့မှာ ဖြစ်ပါတယ်။

Gameplay ပိုင်းအဓိက ထူးခြားချက်ကတော့ အမြင့်ကြီးခုန်နိုင်သလို လေထဲမှာ တစ်ချက်ထောက်ပြီး ပြေးနိုင်တဲ့ Dash ability ပါဝင်ထားပြီး Batman လိုမျိုး Grapple Hook ကိုလည်းအသုံးပြုနိုင်ပါတယ်။ ရန်သူတွေကို ဖောက်ထွင်းမြင်ရအောင် လုပ်ပေးတဲ့ဗုံးတွေ၊ လျှပ်စစ်အသုံးပြုထားတဲ့ စက်ရုပ်တွေ၊ drone swarm တွေကို ရပ်တန့်သွားစေမည့် EMP Shockwave grenade တွေအစရှိသဖြင့် ability နှင့် လက်နက်တွေ ပါဝင်ထားပါတယ်။ Advanced Warfare ရဲ့ဇာတ်လမ်းတစ်လျှောက်မှာ စွမ်းရည်မျိုးစုံပါဝင်တဲ့ Exo suit တွေအသုံးပြုနိုင်သလို multiplayer မှာဆိုရင်လည်း Exo suit တွေဝတ်ဆင်ထားလို့ ပုံမှန် CoD Multiplayer mode တွေထက် အသက်ပိုပြင်းပြီး head shot ကလွဲလို့ ကျည်တစ်ချက်၊ နှစ်ချက်မှန်ရုံနဲ့ သေသွားမှာ မဟုတ်သလို Titanfall လိုမျိုး သွက်လက်တဲ့ gameplay နှင့် ပိုကျယ်တဲ့ မြေပုံတွေ ပါဝင်ထားတာ တွေ့ရပါတယ်။ အရင်လို Co-op mode လည်းပါဝင်ထားပေမည့် zombies တွေ၊ ဂြိုဟ်သားတွေမဟုတ်ဘဲ သာမှန်ရန်သူစစ်တပ်ကို wave 25 ခု ခုခံတိုက်ခိုက်ရတဲ့ Exo survival ပါဝင်ထားပြီး ရိုးရိုးစစ်သားတွေအစား စက်ရုပ်တွေ၊ zombies တွေဆိုရင်တော့ ကစားရတာ ပိုသွက်နိုင်ပါတယ်။ Customization option မှာ လက်နက် loadout အပြင် ဝတ်စုံ၊ ခေါင်းစွပ်နှင့် မျက်မှန်အစရှိတဲ့ accessory မျိုးစုံကို ပြင်ဆင်နိုင်ပြီး headshot အများကြီးပစ်နိုင်ရင် ရတဲ့ Bloodshed helmet လိုမျိုး skill-specific accessory တွေလည်းပါဝင်ထားပါတယ်။

Call of Duty – Advanced Warfare ဟာ နှစ်စဉ်နှစ်တိုင်း ထွက်နေကြ ဂိမ်းတစ်ခုဖြစ်ပေမည့် science fiction gameplay features အသစ်တွေ၊ စိတ်ဝင်စားစရာ cutscenes တွေ ဆက်လက်ထည့်သွင်းပေးနိုင်တာ မြင်တွေ့ရပြီး updated graphics နှင့် level design တွေနှင့်အတူ Multiplayer ပိုင်းလည်း အရင်ထက် ပိုမိုကောင်းမွန်လာတဲ့အတွက်ကြောင့် first person shooter ပရိသတ်တွေ သဘောကျဦးမည့် ဂိမ်းဖြစ်ပါတယ်။


*** Game Review ကို MMGamers မှကူးယူဖော်ပြပါသည်။***












No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...