Saturday, July 11, 2015

Mortal Kombat X

NetherRealm Studios ရဲ့ Mortal Kombat X ဂိမ်းသစ်ဟာ video game generations လွှတ်သွားခြင်းမရှိဘဲ နှစ်ပေါင်းများစွာ အဆက်မပျက်ထွက်ရှိခဲ့တဲ့ Mortal Kombat ဂိမ်းစီးရီးရဲ့ ဆယ်ခွေမြောက်ဂိမ်းသစ်ဖြစ်ပြီး 2011 ခုနှစ်ကနေ ဇာတ်လမ်းပုံစံအသစ် (Reboot) အဖြစ် ပြန်လည်စတင်ခဲ့တဲ့ Mortal Kombat 9 ရဲ့ တိုက်ရိုက်အဆက်လည်းဖြစ်တဲ့အတွက် MK9 တုန်းကလို စိတ်ဝင်စားစရာကောင်းတဲ့ singleplayer storyline cutscenes တွေ သွက်လက်တဲ့ versus fighting gameplay တွေသေချာပေါက် ပြန်လည်ပါဝင်ထားပါတယ်။ အရင် PlayStation 2 တို့ Nintendo Game Cube ဂိမ်းစက်တို့မှာကတော့ Mortal Kombat ဂိမ်းတွေအများကြီး ထွက်ခဲ့ပေမည့် 7th Generation တုန်းကတော့ Mortal Kombat 9 တစ်ခွေသာ နောက်ကျပြီးထွက်ခဲ့ပါတယ်။ ဒါပေမည့် 8th Generation အတွက် စောစောစီးစီးထွက်လာပြီး PC ၊ PlayStation 4 နှင့် Xbox One အတွက်ကတော့ April လအတွင်းက ထွက်ခဲ့ပေမည့် Xbox360 နှင့် PlayStation 3 Version တွေကိုတော့ June လ 2 ရက်နေ့မှာက ကစားနိုင်မှာဖြစ်ပါတယ်။

Tekken နှင့် Dead or Alive တို့လို 3D စနစ်နဲ့ စခဲ့တဲ့ Versus Fighting ဂိမ်းအများစုကပဲ အပေါ်အောက် (shifting) ပုံစံသွားလာနိုင်တဲ့ background level တွေကိုထည့်သွင်းခဲ့သလို Mortal Kombat တို့ Street Fighter တို့ဟာ ကြားထဲမှာ 3D level စနစ်သုံးဖြစ်ခဲ့ပေမည့် အစကတည်းက လူကြိုက်များခဲ့တဲ့ 2D gameplay တွေကိုပဲ ပြန်အသုံးချလာတာ တွေ့ရပါတယ်။ Mortal Kombat X မှာလည်း ရှေ့နှင့်နောက်ပဲ သွားလာလို့ရတဲ့ 2D level တွေနှင့် 3D character model တွေကို ပေါင်းစပ်ထားပြီး X-Ray attack တွေသုံးရင် Fatality တွေသုံးရင်တော့ Camera Angle တွေပြောင်းလဲသွားမည့် 2.5 viewpoint စနစ်ကို အသုံးပြုထားပါတယ်။ NetherRealm Studios ကပဲ ရေးသားတဲ့ DC Comic’s Injustice: Gods Among Us ကလိုပဲ နောက်ခံ level တွေမှာရှိတဲ့ items တွေ၊ ထောင်ချောက်တွေကို အသုံးပြုလို့ရမည့် interactive background level တွေကိုလည်း ထည့်သွင်းပေးထားတာ တွေ့ရမှာပါ။

Singleplayer Story mode အနေနှင့်ကတော့ အဓိကလူဆိုးခေါင်းဆောင်ဖြစ်သူ Shinnok နှင့် Quan Chi ဦးဆောင်တဲ့ NetherRealm မှမကောင်းဆိုးဝါးတပ်ဖွဲ့ဟာ ကမ္ဘာမြေ Earthrealm ကိုအပိုင်သိမ်းဖို့ ဝင်ရောက်ကျူးကျော်တဲ့အတွက် Johnny Cage၊ Sonya Blade၊ Kenshi နှင့် Raiden လိုမျိုး ပရိသတ်သဘောကျ ရင်းနှီးပြီးသား ဇာတ်ကောင်တွေက ပြန်လည်တိုက်ခိုက်ရပုံကို တပ်ဖွဲ့နှစ်ဖွဲ့လုံး နေရာမှ ဝင်ရောက်ကစားရမှာဖြစ်ပါတယ်။ အစောပိုင်းဇာတ်လမ်းအနည်းငယ်က လွဲပြီးတော့ ကျန်ရှိတဲ့ Story mode တစ်ခုလုံးက 25 နှစ်အကြာမှာ နေရာယူထားပြီး စုစုပေါင်း playable character 24 ယောက်ပါဝင်ထားသလို Story mode ထဲမှာပဲ ပါဝင်ထားပြီး versus mode ထဲမှာ ကိုင်လို့မရတဲ့ ဇာတ်ကောင်အချို့လည်း ကျန်နေပါသေးတယ်။ Kombat Pack လို့အမည်ပေးထားတဲ့ Jason နှင့် Predator တို့လို နာမည်ကြီး movie characters တွေပါဝင်ထားတဲ့ DLC တွေလည်း နောက်ပိုင်းထွက်ရှိလာဦးမှာဖြစ်ပြီး Goro ကတော့ Pre-order Bonus နှင့် Day One DLC အဖြစ် ပါဝင်ထားပါတယ်။ အနာဂတ်မှာ နေရာယူထားတဲ့အတွက် Liu Kang လိုမျိုးအရင်မြင်နေကြ ဇာတ်ကောင်တွေကို ဆံပင်ဖြူတွေနှင့် အသက်ကြီးနေတဲ့ ပုံစံမျိုးမြင်တွေ့ရမှာဖြစ်သလို Johnny Cage နှင့် Sonya Blade တို့ရဲ့သမီး Cassie Cage၊ Jax ရဲ့သမီး Jacqui, Kenshi ရဲ့သား Takeda နှင့် Kung Lao ရဲ့မျိုးဆက်ဖြစ်တဲ့ Kung Jin လိုမျိုးဇာတ်ကောင်သစ်တွေ ပထမဦးဆုံးအကြိမ်အဖြစ်ပါဝင်လာပါတယ်။ Mortal Kombat ဂိမ်းဇာတ်ကောင်တွေနှင့် ရင်းနှီးပြီးသားသူ အများစုကတော့ MKX Storyline ကိုနားလည်နိုင်ပေမည့် နောက်ကြောင်းပြန်တာတွေ၊ အနာဂတ်အချိန်တွေနှင့် time skip မျိုးစုံပါဝင်တဲ့အတွက် ကျန်ရှိတဲ့ ကစားသူတွေကတော့ ဇာတ်လမ်းအကုန်နားလည်ဖို့ ခက်ပေမည့် Versus Fighting Game ဖြစ်တဲ့အတွက် Mutiplayer mode ကိုပဲ အဓိက ကစားဖြစ်မှာမို့လို့ သိပ်တော့ပူစရာမလိုသလို Story mode ကိုအဓိက ကစားချင်ရင်တော့ Mortal Kombat 9 ရဲ့ဇာတ်လမ်းကို ကြိုသိထားရင် ပိုအဆင်ပြေမှာပါ။

အခြေခံ gameplay ပိုင်းအနေနှင့်ကတော့ အရင် Mortal Kombat 9 ရဲ့ gameplay ဂိမ်းတွေလိုပဲ basic attack နှင့် special attack မျိုးစုံပေါင်းစပ်ပြီး Combo တွေထုတ်နိုင်မှာဖြစ်သလို Health Bar အပြင် Stamina Bar ကိုလည်း ထည့်သွင်းလာတာ တွေ့ရပါတယ်။ ပုံမှန်တိုက်ခိုက်မှုအတွက်တော့ Stamina ကုန်မှာ မဟုတ်ပေမည့် Running နှင့် Dashing လိုမျိုး movement တွေအတွက် Stamina အသုံးပြုရမှာဖြစ်ပြီး Damage အများကြီးထိသ X-Ray Vision ထိုးဖောက်မြင်ရတဲ့ တိုက်ကွက်တွေ ရက်စက်တဲ့ Fatalities တွေလည်း မပါမဖြစ် ပါဝင်လာပါတယ်။ The Crypt ကနေပြီးတော့ ကစားရင်း ရရှိထားတဲ့ coins တွေနှင့် ဇာတ်ကောင်တစ်ယောက်ခြင်းဆီအတွက် Finishing Moves 5 မျိုးလောက်ထိ ရရှိနိုင်သလို Alternate Costume မျိုးစုံလည်း ပါဝင်ထားပါတယ်။ ဇာတ်ကောင် 24 ယောက်ပဲ အစောပိုင်းမှာ ရွေးနိုင်သလို အချို့နာမည်ကြီးဇာတ်ကောင်တွေ နေရာမှာ ဇာတ်ကောင်သစ်တွေ အစားထိုးဝင်ရောက်လာပေမည့် တစ်ယောက်ကို တိုက်ခိုက်ပုံပုံစံနှင့် special attack တွေမတူတဲ့ Variations 3 မျိုးဆီရွေးနိုင်တယ်ဆိုတော့ အချိန်ကြာကြာ မပျင်းအောင်ဆက်တိုက် ကစားနိုင်မှာဖြစ်ပါတယ်။

Mortal Kombat X ဂိမ်းဟာ graphics ပိုင်းကော gameplay framerate ပိုင်းကော ကြည့်မယ်ဆိုထွက်ထားသမျှ MK ဂိမ်းတွေထဲမှာ အကောင်းဆုံးနှင့် အသွက်လက်ဆုံးဖြစ်တာ တွေ့ရမှာဖြစ်ပြီး graphics ပိုင်းကောင်းလွန်းလွန်းပဲ အရင်က ရယ်စရာကောင်းအောင် Slapstick Violence ပုံစံလုပ်ထားတဲ့ Fatalities တွေကတော့ မြင်နေကြ မဟုတ်သူတွေအတွက် နည်းနည်းတော့ ကြောက်ဖို့ကောင်းနေမှာဖြစ်သလို MK ပရိသတ်တွေ အားလုံးနှင့် Versus Fighting ဂိမ်းပရိသတ်တွေကတော့ သေချာပေါက် သဘောကျမည့် ဂိမ်းသစ်ဖြစ်တာ တွေ့ရပါတယ်။

*** Game Review ကို MMGamers မှကူးယူဖော်ပြပါသည်။***







                                                                                                            Direct Download (31 GB)
                                                                                                       Password  ;  www.download.ir

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...