ဒါပေမယ့် ဆက်တိုက်လို့ပြောရပေမယ့် Milestone S.r.l. ကနေပြီးတော့ ဆက်တိုက်ထုတ်လုပ်ပေးတယ်ဆိုတာ MotoGP 13 နဲ့မှ 2 ခွေပဲရှိကြပါသေးတယ် ၊ အစောပိုင်းမှာတော့ Milestone က Capcom တို့လို ဂိမ်းရေးတဲ့လူတွေနဲ့တွဲပြီးတော့ ထုတ်လုပ်ပေးခဲ့သေးတယ်၊ ပြီးတော့ Namco THQ Atlus တို့တောင်မှ ပါသေးတယ်။ ဒီလောက်အထိကို လူတွေက အားပေးခဲ့ကြတာဖြစ်ပါတယ်။ အခုဂိမ်းမှာလဲ ဖြန့်ချိပေးတော့လဲ Milestone S.r.l. က ပဲ ပေးဖြစ်ပါတယ်။ ဒါပေမယ့် တောင်နဲ့မြောက်အမေရိကလိုမျိုး၊ ဂျပန်အတွက်လိုမျိုး နေရာမှာတော့ Bandai Namco Games က Mile stone S.r.l. အတွက် ကူညီပေးပြီးတော့ ထုတ်လုပ်ပေးတယ်လို့သိရတယ်။ ဂိမ်းကစားဟန်ကတော့ အရင်အတိုင်းပါပဲ၊ ဆိုက်ကယ်ပြိုင်မောင်းရတဲ့ ဂိမ်းမျိုးဖြစ်တယ်။ ပြီးတော့ အခုဂိမ်းထဲမှာ ဆိုရင် လုပ်ပေးထားတာတွေက ချစ်စရာကောင်းတယ်။ အသင်းတွေအားလုံးကို ထည့်ထားပေးတယ်။ အဲ့ဒါတွေ အပြင် ဆိုင်ကယ်မောင်းတဲ့လူတွေ တော်တော်များများအပြင် ပတ်လမ်းတွေ အားလုံးကိုလည်းပဲ ဒီဂိမ်းထဲမှာထည့်ထားပေးတယ်လို့ ပြောထားပါသေးတယ်။ 2014 MotoGP World Championship နဲ့ အတူ 3 Class အဖြစ် Moto3, Moto2 နဲ့ MotoGP တို့ကို လည်း မငြီးနိုင်မစီးနိုင်အောင် ကစားစေဖို့ လုပ်ပေးထား တာကတော့ ဒီဂိမ်းအတွက် ဂိမ်မာတွေ တန်လွန်းမက တန်လွန်းတယ်လို့တောင်မှ ပြောနိုင်မှာဖြစ်ပါတယ်။ ဒါက လည်းပဲ အခုမှ ဒီဂိမ်းကို စတင်ပြီးတော့ ကစားတဲ့ ဂိမ်မာတွေ သမိုင်းကို သိအောင်လို့ ထည့်ထားပေးတာပဲဖြစ်ပါ တယ်လို့ဆိုထားပါတယ်။
ပြီးတော့ MotoGP 13 မှာတုန်းက ဖြစ်ခဲ့တာတွေကို အဆင့်မြှင့်ပြီးတော့ ပိုကောင်း အောင်လို့ လုပ်ထားပေးတယ်လို့လဲ သိရပါတယ်။ အဟောင်းတွေရော၊ အသစ်တွေပါထည့်ထားတာကြောင့် ဒီ ဂိမ်းမှာ အားလုံးတွေ့ရမယ်၊ feature အသစ်တွေ အပြင် Milestone S.r.l. က ဆိုင်ကယ်နဲ့ ကားမောင်း ပြိုင်ပွဲ တွေကို အမြဲတမ်းထုတ်လုပ်လေ့ရှိတဲ့ အတွက်ကြောင့် ဘယ်လိုမျိုးကောင်းအောင်လို့ လုပ်ပြရမလဲဆိုတာ သိပ်သိနေကြသလိုတောင်ဖြစ်နေတယ်။ အခုဂိမ်းမှာ brand new အတွက် အသံတွေနဲ့ အတူ နောက်ခံသီးချင်း တွေအပြင် သုံးထားတဲ့ graphics engine တွေက အရင်နဲ့မတူစေရဘူးဆိုပြီး ပြောထားတာကြောင့် သိချင် လာပါတော့တယ်။ MotoGP 13 highlight တွေထဲကလိုမျိုး ဖြစ်လာအောင် နည်းနည်းလေး လုပ်ပေးထားတာ ကိုတွေ့ရမှာဖြစ်တယ်။ ပြီးတော့ ရူပဗေဒ ဆန်တဲ့ နည်းလမ်းတွေကို လက်တွေ့နဲ့ တစ်ထပ်တည်းကျအောင်လို့ လုပ်ထားပေးမှာကိုလည်းသိချင်နေတယ်။ တစ်ကယ့်ကို ထပ်တူနီးပါးဖြစ်အောင်လို့ ဒီဂိမ်းထဲမှာ ပြင်ဆင်ပေးမှာ ကို ပြောထားတာကြောင့်တစ်ကယ်တူမတူဆိုတာ ပြန်ပြီးတော့ ပြင်ဆင်မှုအနည်းငယ်လုပ်ထားတဲ့ အခုဂိမ်းမှာ ကြည့်ရမှာဖြစ်တယ်။ engine audio အပိုင်းကလည်း အမိုက်စားဖြစ်နေမှာကြောင့် သဘောကျလောက်တဲ့ အနေ အထားတစ်ရပ်ကိုတော့ ဂိမ်မာမာတွေ ပိုင်ဆိုင်နိုင်စေမှာဖြစ်ပါတယ်။ အလင်းအမှောင်နဲ့ အရိပ်ကျစေမယ့် အပိုင်းတွေကိုပါ နေ့နဲ့ ညမှာ မတူညီအောင်ခွဲထားပေးသလို သဘာဝကို ထပ်တူညီအောင်လို့ lighting နဲ့ shading အပိုင်းမှာပါ အတိအကျနီးပါးဖြစ်စေမယ်လို့ သိထားရတာကြောင့် ဆိုင်ကယ်မောင်းမယ့်သူတွေအဖို့ တော့ ရွှေပါပဲခင်ဗျာ။ Feature many single player and multiplayer modes ဆိုပြီးတော့ ထည့်ထားပေးတဲ့ အချက်ကလည်း အားလုံးကို စိတ်အေးချမ်းစေနိုင်ပါသေးတယ်။
Single player mode ထဲမှာဆိုရင်တော့ တွေ့ရမှာတွေက Time Attack, Grand Prix, Championship, Career နဲ့ Scenario Mode ဆိုတဲ့ အသစ်တစ်မျိုးပါလာမှာဖြစ်နေတာ ကိုတွေ့ရမှာဖြစ်ပါတယ်။ Career mode ကတော့ အရင် အတိုင်းပဲဖြစ်ပါတယ်။ ဘာမှတော့မပြောင်းလဲပါဘူး။ player တစ်ယောက်အနေနဲ့ပေါ့နော် ၊ ဂိမ်းထဲမှာ ဆိုရင် own rider ဖန်တီးပြီးတော့ အထွေထွေပြိုင်ပွဲတွေမှာ ၀င်ရောက်ယှဉ်ပြိုင်နိုင်စေဖို့အတွက် ဖန်တီးခွင့်ပေးထားတယ်။ MotoGP World Champion မှာ ဆရာကြီးဖြစ် လာစေဖို့ စိတ်ကြိုက်လုပ်ဆောင်ခွင့်လို့ခေါ်နိုင်ပါတယ်။ ပြိုင်ပွဲတစ်လျှောက်မှာ နာမည်ရလာလေလေ ကိုယ့် အတွက် စပွန်ဆာတွေက နာမည်ကြီးတွေဖြစ်လာလေလေဆိုသလို ငွေရပေါက်တွေလဲ များလာမှာဖြစ်ပါတယ်။ ဒီတော့ ဆိုင်ကယ်အတွက် သာမက၊ အင်ဂျင်ကောင်းပြီးတော့ စိတ်ကြိုက်မိမိဘာသာ အရာရာကို ပြောင်းလဲနိုင် မယ့် အရာတွေပါ ရလာဖို့ရှိနေတယ်။ bike upgrade လုပ်နိုင်တာတွေပါတော့ပိုကောင်းတာပေါ့။ Virtual fan တွေအပြင် အောင်မြင်မှုအတွက် မေးခွန်းတွေ ထုတ်လာမယ့် social media တွေနဲ့ အင်တာဗျူးတွေလုပ်တဲ့ အခါမှာ မန်နေဂျာဂိမ်းတွေထဲကလိုပဲ အမေးအဖြေတွေထဲမှာ သက်ရောက်မှုတွေကို ခပ်များများလေး ထည့်ထား ပေးမှာဖြစ်တယ်။ 12 ယောက်အထိ အွန်လိုင်းမှာ ပြိုင်ဆိုင်လို့ရတယ်၊ ဒါကတော့ တစ်ယောက်ချင်းအနေနဲ့ ပေါ့နော်။ နှစ်ယောက်ပြိုင်ဆိုင်မှုကတော့ local multiplayer အဖြစ်သာရမှာဖြစ်ပါတယ်လို့လဲ ပြောထားတာသိ ရထားပါတယ်။ Online game mode မှာတော့ ပြောရမယ်ဆိုရင် Grand Prix, Championship နဲ့ Sprint Season တွေကို စိတ်နဲ့တွေ့သလောက်ကို ကစားခိုင်းမှာဖြစ်နေတယ်။ Split Battle ဆိုပြီးတော့ နာမည်ပေးထားတာလဲ တစ်ခုပါသေးတယ်။ အဲ့ဒါလေးကတော့ fastest sector split အနေနဲ့ ပေးထားတဲ့ အချိန်မှာ လုပ်ဆောင်ရမယ့်အပိုင်းမျိုးဖြစ်တယ်။ Local multiplayer အတွက်ကတော့ 2 ယောက် သာပြိုင်လို့ ရဦးမှာကတော့ သေချာနေတုန်းပါပဲ၊ အခုအထိတော့ လူတွေ အများကြီးနဲ့ ကစားနိုင်စေဖို့တော့မလုပ်ပေးနိုင် သေးဘူး။ ဒါပေမယ့် ရှိတာနဲ့တင် ခပ်မိုက်မိုက်လေးဖြစ်နေတာကြောင့် ပြင်ဆင်မှု အချို့နဲ့ ပြန်လာမယ့် ဒီဂိမ်းကို တော့ Racing Gamer တွေအတွက် ရေးသားဖော်ပြပေးလိုက်ရပါတယ်။ Myanmar Gamer တွေအားလုံး ရွှင်လန်းချမ်းမြေ့နိုင်ကြပါစေ……။
*** Game Review ကို MMGamers မှကူးယူဖော်ပြပါသည်။***
Minimun :
OS : Window Vista/7/8/8.1
CPU : Intel Core 2 Duo @ 2.4 Ghz / AMD Athlon 64 X2 5200+
Memory: 2 GbHDD : 18 GB
Graphic Card: nVidia GeForce GTS 450 / ATI Radeon HD 6850
DirectX: 10
Recommended
OS : Window Vista/7/8/8.1
Memory : 4 GB
HDD : 18 GB
Graphic Card : nVidia GeForce GTX 780 / AMD Radeon HD R9 290X
DirectX : 11
Only (6.5 GB)
No comments:
Post a Comment