Saturday, July 30, 2016

Zombie Army Trilogy

                      First Person Shooter နှင့် Third Person Shooter ဂိမ်းတွေထဲမှာ ဂိမ်းတိုင်းနီးပါး Sniper ကိုင်တွယ်လို့ရမှာ ဖြစ်သလို Sniper weapon သီးသန့် Single player missions တွေ၊ Sniper အသားပေး ကိုင်တွယ်ရမယ့် Multiplayer Maps/Game Modes တွေ အများကြီးရှိပေမယ့် တစ်ဂိမ်းလုံးကို Sniper သီးသန့်ကိုင်ပြီး Stealth ပုံစံ gameplay ဖြင့် ကစားရတဲ့ video game တွေထဲမှာ နာမည်ကြီး ဂိမ်းနှစ်ခုကတော့ Sniper - Ghost Warriors နှင့် Sniper Elite ဂိမ်းတွေလောက်ပဲ ရှိသေးတာ တွေ့ရမှာပါ။ Sniper Elite III ရဲ့ Game Engine ကို အသုံးပြု ပြီး ရေးဆွဲထားတဲ့ Sniper Elite Spin-off ဂိမ်းသစ် Zombie Army Trilogy ကတော့ Stealth ပုံစံ gameplay သိပ်မပါဘဲ Third Person Shooter နဲ့ Survival Horror ဂိမ်းပုံစံ ရေးဆွဲထားပြီး Nazi Zombie တွေကို တိုက်ခိုက်ရသော ပုံစံ ကစားရမယ့် စိတ်ဝင်စား စရာဂိမ်းသစ် ဖြစ်ပါတယ်။
Developer Rebellion Oxford အနေနဲ့ Zombie Army Trilogy ကို PC နှင့် PS4, Xbox ONE တို့မှာပဲ Next Generation Sniper ဂိမ်းသစ်အဖြစ် ရေးဆွဲထားလို့ အရင်ဂိမ်းတွေထက် Graphics ပိုင်း အများကြီး ပိုကောင်းလာသလို Gameplay ပုံစံအသစ်တွေ၊ Single Player ရော Co-Op Missions တွေပါ ထည့်သွင်းပေးထားတာ တွေ့ရပါတယ်။

                       Zombie Army Trilogy လို့ နာမည်ပေးထားတဲ့အတိုင်းပဲ အရင်သီးသန့် တစ်ဂိမ်းချင်း ထွက်ပြီးသား Sniper Elite V2 ရဲ့ Spin-off ဖြစ်တဲ့ Sniper Elite - Nazi Zombie Army နဲ့ Nazi Zombie Army II တို့ကို graphics ပိုင်းနှင့် gameplay ပိုင်းတွေ အဆင့်မြှင့်တင်ပြီး ထည့်သွင်းပေးထားသလို သူတို့ရဲ့ ဇာတ်လမ်းအဆက် ဂိမ်းသစ် Nazi Zombie Army III ကိုပါ ထည့်သွင်းထားတာ တွေ့ရမှာပါ။Single Player ကစားနိုင်တဲ့ Story Campaign ပါဝင်ထားတဲ့အတွက် original ဂိမ်းခွေ ဝယ်မကစားဖြစ်သူတွေလည်း အဆင်ပြေနိုင်မှာ ဖြစ်ပါတယ်။ ဇာတ်လမ်းအရတော့ Hitler ဦးဆောင်တဲ့ Nazi Zombie တွေနဲ့ သဘာဝလွန် စစ်တပ်တွေကို ရင်ဆိုင်တိုက်ခိုက်ရမှာပါ။ ဇာတ်လမ်းကတော့ Sniper Elite main game တွေလိုတော့ အတည်ပေါက်ကြီးမဟုတ်ဘဲ စစ်ရှုံးနေတဲ့ Hitler အနေနဲ့ သူ့ရဲ့နောက်ဆုံး အကြံအစည် အဖြစ် သေဆုံးပြီး Nazi စစ်သားတွေကို Zombie ဖုတ်ကောင်တွေအဖြစ် ပြန်လည် အသက်သွင်းလိုက်လို့ တိုက်ခိုက်ရပုံဇာတ်လမ်းဆင်ထားပါတယ်။ Story Chapters တစ်ခုချင်းဆီမှာ မတူညီတဲ့မြို့တွေ၊ level design မျိုးစုံ၊ မြေပုံမျိုးစုံ ပါဝင်တဲ့အတွက် Call of Duty က Zombie bonus mode လိုမျိုး bonus mode ပုံစံမဟုတ်ဘဲ သီးသန့်ဂိမ်းတစ်ခုအနေနဲ့ ကစားရတဲ့ အရသာမျိုး ပေးစွမ်းနိုင်မှာပါ။

                    Sniper Elite ဂိမ်းတွေရဲ့ အဓိက feature အသစ်ဖြစ်တဲ့ ရန်သူကို Sniper bullet မှန်သွားရင် ဘယ်အစိတ်အပိုင်းကို ထိတယ်၊ ဘယ်အရိုးတွေ ဖောက်ထွက်သွားတယ်ဆိုတာကို မြင်နိုင်မယ့် X-Ray Kill Cam vision လည်း ပြန်လည် ပါဝင်လာသလို အရင်ထက်ပိုပြီး အသေးစိတ်ဆန်တဲ့ ပြကွက်တွေ၊ Cam Vision ပုံစံသစ်တွေ ပါရုံသာမက ကားတွေ၊ စက်ပစ္စည်းတွေကို ဖောက်ခွဲရင်တောင် X-Ray Cam နဲ့ ပြဦးမှာ ဖြစ်ပါတယ်။ လက်နက်တွေအနေနဲ့ မဖြစ်မနေ လိုအပ်တဲ့ Sniper နှင့်အတူ Webley revolver နဲ့ shotgun ကို အဓိက အသုံးပြု ဖြစ်မှာဖြစ်ပြီး Thompson, Colt 1911, MP49 နှင့် PPSH41 တွေလည်း ပါဝင်ထား ပါတယ်။ Zombies တွေအနေနဲ့က Left 4 Dead တို့ Dying Light တို့လို အရမ်းအပြေးမြန်မယ့်ကောင်တွေ မပါဝင်ပေမယ့် အသက်တော်တော် ပြင်းပါတယ်။ ခြေတွေ လက်တွေ မရှိရင်တောင် ဖြေးဖြေးချင်း အနားကို ကပ်လာပြီး အသည်းယားအောင် လုပ်နိုင်မယ့်ပုံစံ ရေးဆွဲထားပြီး Sniper နှင့် Shotgun သို့မဟုတ် Revolver နဲ့ အနီး ကပ်ပစ်မှ မြန်မြန်အဆုံးစီရင်နိုင်မှာပါ။ Machine guns တွေက သိပ်အသုံးမဝင် လို့ သေနတ်မျိုးစုံ ပြောင်းဆော့ ချင်သူတွေအတွက် သိပ်အဆင်မပြေဘူး ဆိုပေမယ့် head shots တွေ တန်းစီပစ်ချင်သူတွေကတော့ ပစ်ရတာ အရမ်းပျော်မှာ သေချာပါတယ်။ Storyline နဲ့မဟုတ်ဘဲ Gears of War နှင့် Call of Duty: World At War - Nazi Zombie bonus mode မှာလိုမျိုး Wave ထိန်းတဲ့ပုံစံ ကစားချင်သူတွေအတွက်လည်း Horde Mode ပါဝင်ထားပါသေးတယ်။

                 Zombie Army Trilogy ဂိမ်းသစ်ဟာ Horror Action ပုံစံဖြင့် ကစားလို့ ကောင်းအောင် ဖန်တီးထားသလို၊ အရင် ရှေ့က Sniper Elite Nazi Zombie I နှင့် II ကစားပြီးသူတွေရော သုံးဂိမ်းလုံး မဆော့ရသေး သူတွေအတွက်ပါ ကစားလို့ကောင်းပြီး graphics ပိုင်းလည်း ကောင်းမွန်တဲ့ Third Person Shooter ဂိမ်းသစ် တစ်ခုဖြစ်တာ တွေ့ရပါတယ်။


***Game Review ကို Internetjournal မှကူးယူဖော်ပြပါသည်။***


















Minimum: 
OS :  Window 7/8/8.1
CPU :  Intel® Pentium® D 3GHz / AMD Athlon™ 64 X2 4200
RAM : 2GB
Graphic Card : GeForce GTX 460 or Radeon HD 5870 1024MB
HDD : 15 GB
DirectX : 10



Recommended :
OS : Window 7/8/8.1
CPU :   Core 2 Quad Q8400 2.66GHz or Athlon II X3 455
RAM :  4GB
Graphic Card : GeForce GTX 550 Ti or Radeon HD 6790
HDD : 15 GB
DirectX :11





                                                                                                               Single ISO
                                                                                                             (only 4.8 GB)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...