Assassin’ s Creed Unity မှာ အရင် Assassin’s Creed ဂိမ်းတွေထက် ပိုမို ပြည့်စုံတဲ့ Gameplay ကို အသုံးပြုကစားနိုင်မှာ ဖြစ်ပါတယ်။ အနီးကပ်တိုက်ခိုက်မှုတွေ၊ အဝေးကနေ သေနတ်နဲ့ ပစ်ခတ်မှုတွေ အပြင် လူထူထူ ပရိသတ်တွေကြားမှာ ရုတ်တရက် တွယ်ကပ်ပြီး ခုန်ပြန်ကျော်လွှားနိုင်မယ့် စနစ်လည်း ထည့်သွင်းပေးထားပါတယ်။ လူတွေရဲ့ နေ့စဉ်ဘဝမှာလည်း ပါဝင်ပြီး ဖြေရှင်းပေးနိုင်ပါတယ်။ ဥပမာ – လမ်းဘေးရန်ပွဲတွေ ဖြန်ဖြေတာမျိုး၊ ခါးပိုက်နှိုက် လိုက်ဖမ်းတာမျိုးပေါ့။Phantom Blade ဆိုတဲ့ အဝေးကို ပစ်ခတ်တိုက်ခတ်နိုင်တဲ့ ဓားတစ်ချောင်းလည်း ပါလာပြီး အရင်ဂိမ်းတွေထဲက ဓားလိုပဲ လျှို့ဝှက်လုပ်ကြံဖို့ အသုံးပြုနိုင်ပါတယ်။ ကောင်းကင်မြေပုံစနစ်ကိုလည်း ပြင်ဆင်ထားပြီး Skill အသစ်တွေကို ဝယ်ယူလေ့ကျင့်နိုင်ပါတယ်။ အရင် ဂိမ်းတွေမှာ မပါတဲ့ Skill Tree စနစ်ကိုလည်း ထည့်သွင်းပေးထားပြီး ကိုယ့်ရဲ့ ဇာတ်ကောင်ကို စိတ်ကြိုက် ပညာရပ်တွေ လေ့လာစေနိုင်ပါတယ်။ လက်နက်၊ အဝတ်အစားနဲ့ အခြားပစ္စည်းတွေကိုလည်း စိတ်ကြိုက် မွမ်းမံနိုင်ပြီး ကိုယ့်ရဲ့ ကစားဟန်အတိုင်း စိတ်ကြိုက်ရွေးချယ် ကစားနိုင်ပါတယ်။
Anvil Engine သစ်နဲ့ မျိုးဆက်သစ် ဂိမ်းစက်တွေအတွက် မြင်ကွင်းနဲ့ ပတ်ဝန်းကျင်ကို အသစ်စက်စက် ပြန်လည်တည်ဆောက် ဖန်တီးထားတာကြောင့် အရင်ထက် ပိုအနုစိတ်ပြီး လှပတဲ့ ပါရီမြို့ကို မြင်တွေ့ရမှာပါ။ Assassin’s Creed ဂိမ်းတွေ အားလုံးထဲမှာ လူဦးရေ အထူထပ်ဆုံး နေရာမှာ Open World ကစားရမှာဖြစ်ပြီး ခုန်ပျံကျော်လွှားရမှာတွေ၊ ကိုယ်ယောင်ဖျောက် ပုန်းကွယ်လုပ်ကြံရမှာတွေနဲ့ လူကြားထဲ ခြေရာဖျောက် လှုပ်ရှားရမှာတွေကြောင့် အရင်ဂိမ်းတွေထက် ပိုမိုကောင်းမွန်တဲ့ Gameplay နဲ့ ကစားရမှာပါ။ဇာတ်ကောင်တွေထဲမှာ သမိုင်းထဲက နာမည်ကြီး ဇာတ်ကောင်တွေဖြစ်တဲ့ ဆားဒဲမြို့စား၊ နပိုလီယံ ဘိုနာပတ်နဲ့ ပြင်သစ်တော်လှန်ရေးရဲ့ အရေးအကြီးဆုံး ပုဂ္ဂိုလ်တွေထဲက တစ်ယောက်ဖြစ်တဲ့ မက်ဆီမီလန် ဒီ ရောဘတ်စပီးယဲတို့လည်း ပါဝင်ပါတယ်။ အချို့အခန်းတွေမှာ အချိန်ကမောက်ကမ ဖြစ်မှုကြောင့် ပေါ်လာမယ့် နေရာအချို့ရှိပြီး ဒုတိယကမ္ဘာစစ်ကာလအတွင်းက နာဇီတွေ အုပ်စိုးထားချိန်တွေလည်း ကြုံတွေ့ရမှာပါ။Elise နဲ့အတူ ပြင်သစ်တော်လှန်ရေးမှာ ပါဝင်လှုပ်ရှားရင်း Arno တွေ့လာရတဲ့ Templer Order ရဲ့ လျှို့ဝှက်ချက်တွေဟာ ဘာတွေဖြစ်မလဲဆိုတာ …Gamer တွေပဲကစားပြီး အဖြေရှာကြပေါ့နော်.....
***Game Review ကို planmyanmar မှကူးယူဖော်ပြပါသည်***
Minimum :
OS : Window 7,8,8.1(64bit Only)
CPU : Intel Core i5-2500K @ 3.3 GHz or AMD Phenom II x4 940 @ 3.0 GHz
RAM : 6 GB
Graphic Card : NVIDIA GeForce GTX 680 or AMD Radeon HD 7970 (2 GB )
HDD : 50 GB
DirectX : 11
Recommended :
OS : Window 7,8,8.1(64bit Only)
CPU : intel Core i7-3770 @ 3.4 GHz or AMD FX-8350 @ 4.0 GHz
RAM : 8 GB
Graphic Card : NVIDIA GeForce GTX 780 or AMD Radeon R9 290X (3 GB)
HDD : 50 GB
DirectX : 11
Part 1(2 GB) Part 2(2 GB) Part 3(2 GB) Part 4(2 GB) Part 5(2 GB) Part 6( 2 GB) Part 7(2 GB) Part 8(2 GB) Part 9(2 GB) Part 10(2 GB)
Part 11(2 GB) Part 12(2 GB) Part 13(2 GB) Part 14(2 GB) Part 15(2 GB) Part 16(2 GB) Part 17(2 GB) Part 18(2 GB) Part 19(2 GB) Part 20(175.17 MB)
Crack Fix(1.86 MB)
Only(37.2 GB)
Password : www.p30download.com
No comments:
Post a Comment