၂၀၁၀ အစောပိုင်းမှာ PS3 နဲ့ Xbox360 တို့အတွက်ထွက်ရှိခဲ့ပြီး နှစ်ကုန်ခါနီးမှာ PC မှာထွက်ရှိခဲ့တဲ့ Darksiders video game ဟာ Action ဂိမ်းပရိသတ် များကြားမှာရော၊ Open World ဂိမ်းပရိသတ်တွေကြားမှာပါ နာမည်ကြီးခဲ့ပါတယ်။ Darksiders ကိုရေးဆွဲတဲ့ developer Vigil Games ဟာ publisher THQ ကတည်ထောင်ထားတဲ့ video game studio တစ်ခုဖြစ်ပြီး Darksiders ဂိမ်းဟာသူတို့ရဲ့ ပထမဦးဆုံးဂိမ်းဖြစ်ပေမယ့် Comic ဆန်ပြီးကြည့်ကောင်းတဲ့ graphics, အရမ်းမရှုပ်ဘဲ ကစားရတာလည်းသွက်တဲ့ combat gameplay နဲ့ ကောင်းမွန်တဲ့ level design ပါဝင်တဲ့ open world map တွေကြောင့် Darksiders ဂိမ်း နာမည်ကြီးခဲ့ပါတယ်။ Darksiders ဂိမ်းတွေရဲ့ level တည်ဆောက်ပုံနဲ့ exploration gameplay ပိုင်းတွေဟာ Nintendo ရဲ့ The Legend of Zelda ဂိမ်းတွေရဲ့ အခြေခံ gameplay ပိုင်းတွေနဲ့ အတော်လေးဆင်တူတဲ့ပုံစံမျိုးမြင်တွေ့ရပေမယ့် ပုံစံချွတ်စွပ်တူနေတာမျိုးမဟုတ်သလို Zelda ဂိမ်းတွေလိုပဲ ကစားလို့ကောင်းတဲ့အတွက်ကြောင့် Vigil Games ရဲ့ ကောင်းမွန်တဲ့ game series အပေါ်မှီငြမ်းနိုင်မှုကို ချီးကျူးရမှာဖြစ်ပါတယ်။ အခု Remaster edition အဖြစ်ပြန်ထွက်လာတဲ့ DarksidersWarmastered Edition မှာတော့ ထုံးစံအတိုင်း graphics ပိုင်းအဆင့်ပြန်မြှင့်တင်ပေးထားသလို 4k video output resolution, texture details အဆင့်နှစ်ဆနဲ့ ပိုကောင်းတဲ့ framerate တွေကို ထည့်သွင်းထားပါတယ်။
DarksidersWarmastered Edition မှာ ကစားသူဟာ သက်ရှိလောကများအားလုံး ညီမျှမှုရှိအောင် ထိန်းသိမ်းပေးရတဲ့ Horsemen of Apocalypse လေးယောက်ထဲမှ တစ်ယောက်ဖြစ်တဲ့ War နေရာမှ ကစားရမှာပါ။ Darksiders ဂိမ်းရဲ့ဇာတ်လမ်းအစပိုင်းမှာ နတ်ပြည်နဲ့ ငရဲပြည်တို့ လူသားကမ္ဘာမှာ စစ်ဖြစ်ပြီး ကာလ Charred Council မှ လွဲမှားစွာ ဖမ်းဆီးခြင်းခံထားရတဲ့ War အနေနဲ့ သူအပြစ်မရှိကြောင်းသက်သေပြဖို့အတွက် အနာဂတ်အချိန် အလုံးစုံပျက်စီးနေပြီဖြစ်တဲ့ ကမ္ဘာမြေမှာ ဝင်ရောက်ကစားရမယ့် Action ဂိမ်းဖြစ်ပါတယ်။ Darksiders ရဲ့ gameplay ပိုင်းက ဇာတ်လမ်းတက်လာတာနဲ့အမျှ နေရာသစ်များသို့သွားလာနိုင်မယ့် အထောက်အကူပေး items အသစ်တွေရရှိလာမှာဖြစ်သလို missions တွေကို Dungeons တွေ၊ ကြီးမားတဲ့အဆောက်အဦတွေအတွင်း ဝင်ရောက်ကစားရမှာဖြစ်ပါတယ်။
ဂိမ်းရဲ့မြေပုံတွေက လုံးဝ Open World ကြီးမဟုတ်ပေမယ့် Action ဂိမ်းအများစုရဲ့မြေပုံတွေထက် ကျယ်ပြန့်တဲ့အတွက်ကြောင့် story quest တွေအပြင် များပြားတဲ့ items အသစ်အဆန်းတွေ၊ စိတ်ဝင်စားဖွယ် side quest missions တွေကို မြေပုံတစ်လျှောက်မြင်တွေ့နိုင်မှာပါ။ Dungeons တွေကလည်း ခုန်ပေါက်သွားလာရတဲ့ Prince of Persia ဆန်ဆန် platforming gameplay ပိုင်းတွေ၊ main quest မှာရော side quest တွေမှာပါ ပါဝင်တဲ့ စိတ်ဝင်စားဖွယ် boss fights တွေထည့်ပေးထားပါတယ်။ War ရဲ့မြင်းဖြစ်တဲ့ Ruin ကိုလည်း ကျယ်ပြန့်တဲ့ကုန်းမြေရှိတဲ့နေရာတွေမှာ အချိန်မရွေး ဆင့်ခေါ်နိုင်ပါတယ်။ Combo ပိုင်းမှာ Ninja Gaiden နဲ့ God of War တို့လောက် တိုက်ကွက်တွေအရမ်းမများပေမယ့် War ရဲ့အဓိကလက်နက်ဖြစ်တဲ့ Chaoseater နဲ့ အခြားလက်နက်တွေဖြစ်တဲ့ Scythe, Revolver နဲ့ Crossblade တွေကို ပေါင်းစပ်ပြီး အချိန်မရွေးပြောင်းလဲနိုင်မှာပါ။
DarksidersWarmastered Edition ဟာ အရင်ကောင်းပြီးသားဂိမ်းကို graphics ပိုင်းတွေပြင်ပေးထားပြီး ပိုမိုခမ်းနားအောင်ပြုလုပ်ထားနိုင်တဲ့အတွက် Action ဂိမ်းနဲ့ Open World ဂိမ်းပရိသတ်တွေအားလုံးအတွက် သင့်တော်တဲ့ ဂိမ်းကောင်းတစ်ခုဖြစ်ပါတယ်။ နှစ်ဂိမ်းစလုံးကစားဖူးသူတွေအနေနဲ့လည်း ပင်မ ဇာတ်လမ်းမပြီးသေးတာသိတဲ့အတိုင်းပဲ THQ Nordic အနေနဲ့ စိတ်ဝင်စားဖို့ကောင်းတဲ့ Darksiders ရဲ့ဇာတ်သိမ်းကို မကြာခင်မှာ ထုတ်နိုင်မယ်ဆိုရင်တော့ Remaster Editions တွေကိုပြန်ဝယ်ကစားပြီး အားပေးရကျိုးပိုနပ်မှာပါ။
*** Game Review ကို Internet Journal မှကူးယူဖော်ပြပါသည်။***
Minimum:
OS : Window 7/8/8.1/10
CPU : Intel Core 2 Duo 2.0 GHz Processor or AMD equivalent
RAM : 4 GB
Graphic Card :512 MB NVIDIA GeForce 9800 GT Video Card or AMD equivalent
HDD : 13 GB
DirectX : 11
Recommended :
OS : Window 7/8/8.1/10
CPU : Quad-core AMD or Intel Processor
RAM : 8 GB
Graphic Card :NVIDIA GeForce GTX 260 Video Card or AMD equivalent
HDD : 13 GB
DirectX : 11
Part 1(1 GB) Part 2(1 GB) Part 3(1 GB) Part 4(1 GB) Part 5(1 GB) Part 6(1 GB) Part 7(1 GB) Part 8(1 GB)
Part 9(1 GB) Part 10(1 GB) Part 11(1 GB) Part 12(1 GB) Part 13(1 GB) Part 14( 1GB) Part 15(1 GB) Part 16(1 GB) Part 17(61.38 MB)
Only(16 GB)
No comments:
Post a Comment