Far Cry Primal ဂိမ်းဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၂,ဝဝဝ ကျော်ကာလ ရေခဲခေတ်အပြီး အချိန်မှာ Oros လို့ခေါ်တဲ့ နယ်မြေမှာ နေရာယူထားပါတယ်။ ဥရောပအရှေ့ပိုင်း Carpathian တောင်တန်းတွေ နယ်မြေအတွင်းက ကျောက်ခေတ်ဖြစ်ပြီး ရေခဲတွေ အရည်ပျော်ကာစ အချိန်မှာနေ ရာယူထားလို့ အမွေးပွဆင် Mammoth ကြီးတွေ၊ အစွယ်ပါတဲ့ကြောင်အကြီးစား Sabertooth Cat တွေ အစရှိသဖြင့် အကောင်မျိုးစုံနဲ့ ရင်ဆိုင်ရမယ့် ဂိမ်းဖြစ်ပါတယ်။ ရေခဲခေတ် အကောင်ဆန်းတွေနဲ့ ရင်ဆိုင်ရမှာဖြစ်သလို သူတို့ကို ထိန်းကျောင်းနိုင်မယ့် Ice Age animals တွေကို အဓိကထား ကြော်ငြာထားပါတယ်။ အရင်လို main villain တွေကို အသားပေး မပြထားပေမယ့် Far Cry Primal ထဲမှာ အခြားလူသား ရန်သူတွေလည်း အများကြီး ပါပါသေးတယ်။ ကျောက်ခေတ်ဆိုတဲ့အတွက် ဇာတ်လမ်းကတော့ အရမ်းကြီး မရှုပ်ဘဲ လှည့်ကွက်တွေလည်း မပါပေမယ့် ရေခဲတွေမရှိတော့ဘဲ နေလို့ကောင်းလာတဲ့ Oros နယ်မြေကို သိမ်းပိုက်လိုတဲ့ အခြားလူရိုင်းတွေနဲ့ ရင်ဆိုင်ရတဲ့ ဇာတ်လမ်းကတော့ စိတ်ဝင်စားဖို့ ကောင်းပါတယ်။
ကစားသူရဲ့ ဇာတ်ကောင်အမည်က Takkar ဖြစ်ပြီး အစောပိုင်းအခန်းမှာ အခြား မိတ်ဆွေတွေနဲ့ ကွဲသွားပြီး နောက်ပိုင်းမှာတော့ Udam လိုမျိုး Neanderthals cannibal လူရိုင်းတွေ၊ Izila လိုမျိုး ပုံမှန်ထက် civilization မြင့်တဲ့ Mesopotamian လူမျိုးစုတွေ နဲ့ ရင်ဆိုင်ရမှာပါ။ အခြေခံ gameplay ပိုင်းကတော့ အရင် Far Cry ဂိမ်းတွေ လိုမျိုးပဲ နယ်မြေသစ်တွေ ရအောင်ရှာ၊ ရန်သူတွေကို တိုက်ပြီး သို့မဟုတ် အမဲလိုက်ပြီး လိုတဲ့ items နှင့် ingredients တွေ ရှာကစားရမှာ ဆိုပေမယ့် အရင် Far Cry 4 တို့ Red Dead Redemption တို့လို ဂိမ်းတွေမှာကြတော့ အမဲလိုက်ရတဲ့အပိုင်းက သားကောင်တွေကို အသာစီးကနေ ဒီတိုင်း လိုက်ဖမ်းနေရတဲ့ ပုံစံမျိုးဖြစ်နေပေမယ့် Far Cry Primal မှာတော့ မိမိ အသက်ရှင်ဖို့ survival အတွက် လိုအပ်တဲ့ အရာတွေ ရှာဖွေရတဲ့ ပုံစံပိုပေါက်နေပြီး Mammoth ကြီးတွေကနေ ခွေးအတွေအပြင် Scouting လုပ်လို့ရမယ့် ဇီးကွက်တွေ အစရှိသဖြင့် အကောင်မျိုးစုံကို ထိန်းကျောင်းနိုင်သလို တိုက်ပွဲအတွင်းမှာလည်း အတူတူ တိုက်ခိုက်နိုင်လို့ Far Cry 4 တုန်းကလိုပဲ battle တွေက အရမ်းသွက်နေမှာပါ။ Far Cry ဂိမ်းတွေက first person shooting ပိုင်းကြီးပဲ သီးသန့်မဟုတ်ပေမယ့် melee gameplay ပိုင်းကိုပဲ သီးသန့် အသားပေးထားတဲ့ ဂိမ်းတွေ မဟုတ်ပြန်တော့ ကျောက်ခေတ်ဆိုပေမယ့် လေးနှင့်မြားပစ်ရတဲ့ ပုံစံကို သေနတ်ပစ်ရတဲ့ ပုံစံနဲ့ ပိုတူအောင် လုပ်ထားသလို လက်ပစ်ဗုံးနေရာမှာဆိုလည်း ပျားအုံတွေ ထည့်ပေးထားပါတယ်။ တုတ်နှင့် လှံတွေကိုလည်း အဝေးကို ပစ်ပြီး တိုက်ခိုက်လို့ ရပါသေးတယ်။ Upgrade အနေနဲ့ကတော့ stealth အသားပေးအပိုင်း၊ တိုက်ခိုက်မှု အသားပေးအပိုင်းနှင့် အကောင်တွေကို ထိန်းချုပ်နိုင်တဲ့အပိုင်းတွေကို မြှင့်တင်နိုင်ဦးမှာပါ။
Far Cry Primal ဂိမ်းဟာ ကျောက်ခေတ်မှာ ကစားရပြီး အမြင်ပိုင်းမှာ ကွဲပြားမှုတွေ ရှိနေပေမယ့် အခြေခံ gameplay ပိုင်းနှင့် ဂိမ်းတည်ဆောက်မှု world structure ပိုင်းတွေကတော့ အရင် Far Cry ဂိမ်းပုံစံမျိုးပဲ ဖြစ်နေတာ တွေ့ရပါတယ်။ Far Cry Primal ဟာ အပစ်ပိုင်းအရမ်းအသားပေးကစားချင်တဲ့ shooting game ပရိသတ်လိုမျိုးဆိုရင်တော့ အရင် Far Cry တွေလောက် range weapon တွေ အများကြီးသုံးမရပေမယ့် ဆန်းသစ်တဲ့ gameplay ပုံစံသစ်တွေကြောင့် မြင်နေကျ FPS ဂိမ်းတွေနဲ့ ပုံစံကွဲထွက်နေတဲ့ ဂိမ်းသစ်တစ်ခု ဖြစ်တာ တွေ့ရပါတယ်။
*** Game Review ကို Internet Journal မှကူးယူဖော်ပြပါသည်။***
Minimum:
OS : Window 7/8/8.1/10
CPU : Intel Core i3-550 | AMD Phenom II X4 955
RAM : 4 GB
Graphic Card : GeForce GTX 460 (1GB VRAM) | Radeon HD 5770 (1GB VRAM)
HDD : 20 GB
DirectX : 11
Recommended :
OS : Window 7/8/8.1/10
CPU : Intel Core i7 2600K or AMD FX 3850
RAM : 8 GB
Graphic Card : GeForce GTX 780 or Radeon R9 280X
HDD : 20 GB
DirectX : 11
OS : Window 7/8/8.1/10
CPU : Intel Core i7 2600K or AMD FX 3850
RAM : 8 GB
Graphic Card : GeForce GTX 780 or Radeon R9 280X
HDD : 20 GB
DirectX : 11
Only(12.39 GB)
No comments:
Post a Comment