Publisher 2K Games နှင့် Civilization ဂိမ်းအားလုံးရဲ့ ဖန်တီးရှင် Studio Firaxis Games တို့ဟာ ၂၀၀၈ ကတည်းကStrategy ဂိမ်းဖြစ်တဲ့ XCOM: Enemy Unknown ကို စတင်ရေးဆွဲရန် စီစဉ်ခဲ့ကြပြီး ၂၀၁၂ နှစ်ကုန်ပိုင်းမှာ XCOM: Enemy Unknown, ၂၀၁၃ နှစ်ကုန်ပိုင်းမှာ XCOM: Enemy Within နှင့် ၂၀၁၆ အစောပိုင်းမှာတော့ XCOM 2 တို့ကိုဖြန့်ချိခဲ့ပါတယ်။
XCOM: Enemy Unknown ရဲ့ developer ကတော့ Civilization ဂိမ်းအားလုံးရဲ့ ဖန်တီးရှင် Studio Firaxis Games ဖြစ်တဲ့အတွက် gameplay ပိုင်းကောင်းမကောင်း ကတော့ အစကတည်းက ပူစရာမလိုတော့တာ သေချာနေပါပြီ။ Campaign mode ရဲ့ အဓိကဇာတ်လမ်းကတော့ Alien Invasion ရုပ်ရှင်တွေ၊ ဇာတ်လမ်းတွေလိုမျိုးပဲ ကမ္ဘာကို ကျူးကျော်လာတဲ့ဂြိုဟ်သားတွေကို ပြန်လည်တိုက်ထုတ်ရမှာဖြစ်ပါတယ်။ အရင်ဇာတ်လမ်းတွေအပြီး နှစ်ပေါင်း ၂၀ ကျော်မှာနေရာယူထားပါတယ်။ ဂြိုဟ်သားတွေအနေနဲ့ နိုင်ငံအများစုကို သိမ်းပိုက်ပြီးဖြစ်နေလို့ ကစားသူရဲ့ဇာတ်ကောင်တွေက သူပုန်တွေပုံစံမျိုး ရန်သူတွေကို Guerrilla warfare ပုံစံနည်းဗျူဟာတွေနဲ့ တိုက်ခိုက်ရမှာဖြစ်ပါတယ်။
ကစားသူက Extraterrestrial Combat (XCOM) လို့ခေါ်တဲ့ နိုင်ငံပေါင်းစုံတပ်ပေါင်းစုမှ အတော်ဆုံးတပ်သားတွေကို အမိန့်ပေးရမှာဖြစ်ပြီး Avengers အမည်ရ Mobile base ကို အသုံးပြုပြီး Research Facility မှာလည်း လိုအပ်တဲ့လေ့လာမှုများ၊ စမ်းသပ်မှုများကို ဆောင်ရွက်ရဦးမှာဖြစ်တဲ့အတွက် ရန်သူဂြိုဟ်သားတွေကို အမှန်တကယ် တိုက်ထုတ်ဖို့ ကြိုးပမ်းနေတဲ့ Commander တစ်ယောက်လို ခံစားရမှာပါ။ စိတ်ဝင်စားဖွယ် အသွင်မျိုးစုံနှင့် အစွမ်းပေါင်းစုံပိုင်ဆိုင်ထားတဲ့ဂြိုဟ်သားနဲ့၎င်းတို့ရဲ့စက်ရုပ်တွေကို တိုက်ခိုက်ရာမှာ Tactical Turn Based RPG ပုံစံနှင့်ကစားရမှာဖြစ်သလို တိုက်ပွဲတစ်ခုနှင့်တစ်ခုကြားမှာတော့ Strategy gameplay တွေ ပါဝင်လာတာတွေ့ရမှာပါ။ တိုက်ပွဲအတွင်းမှရရှိလာတဲ့ သယံဇာတတွေနဲ့လိုအပ်တဲ့ Upgrades တွေ၊ Research Facility တွေကို အဆင့်မြှင့်တင်နိုင်သလို ဂြိုဟ်သားများကိုလည်း အရှင်ဖမ်းဆီးကာ လေ့လာမှုများပြုလုပ်နိုင်မှာဖြစ်ပါတယ်။ Background levels တွေအနေနဲ့ကလည်း အရင်လို မြို့တွေ၊ တိုက်ပျက်တွေ အများစုမဟုတ်တော့ဘဲ နှင်းတောတွေ၊ ပုံစံကွဲတဲ့မြို့ဒီဇိုင်းတွေ အစရှိသဖြင့် တိုးချဲ့ထားပါတယ်။
XCOM 2 ရဲ့အဓိက gameplay အပိုင်းဖြစ်တဲ့ turn based battle တွေ ဆင်နွှဲဖို့အတွက် ကမ္ဘာအနှံ့သွားလာရမှာဖြစ်ပြီး မြေပုံမှတစ်ဆင့် မိမိသွားလိုတဲ့နေရာကို ညွှန်ပြသွားလာရမှာပါ။ တစ်ပြိုင်တည်းမှာ နေရာပေါင်းစုံက အကူအညီတောင်းတာပေါ်လာရင်တော့ မိမိအတွက် mission တစ်ခုချင်းဆီ၏ အကျိုးသက်ရောက်မှုပေါ်မူတည်ပြီး ရွေးချယ်ရမှာဖြစ်ပါတယ်။ Dark Events နှင့် Special Ops Randomized missions တွေမှာဆိုရင်လည်း အရေးပါတဲ့ ဘယ် researchers တွေကို ဦးစားပေးကယ်တင်ရမလဲဆိုတဲ့ ခက်ခဲတဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်ရဦးမှာပါ။ Character design ပိုင်းကိုတော့ ကာတွန်းဆန်ဆန် ဇာတ်ကောင်တွေပုံ ပြုလုပ်ထားပြီး ဂြိုဟ်သားပုံစံတွေက စိတ်ဝင်စားဖို့ကောင်းတာတွေ့ရပါတယ်။ DNA fusion လုပ်ထားတဲ့ မြွေလိုအကောင်တွေ၊ Faceless လိုမျိုး အကောင်အကြီးစားတွေက အရင်ဂိမ်းတွေထက် ပိုအမြင်ဆန်းစေပါတယ်။ မိမိတပ်သားတွေရဲ့ပုံစံကို စိတ်ကြိုက်ပြင်ဆင်နိုင်ပေမယ့် တိုက်ပွဲအတွင်း ကျဆုံးသွားရင်တော့ အသက်ပြန်ရှင်လာတော့မှာ မဟုတ်ပါဘူး။ Turn based RPG ဂိမ်းတွေပုံစံအတိုင်း တစ်ယောက်တစ်လှည့် တိုက်ခိုက်ရမှာဖြစ်သလို မိမိတပ်သားတွေရဲ့ Abilities တွေ ပေါ်မူတည်ပြီး mission တစ်ခုချင်းဆီကို ဂရုတစိုက် ကစားသွားရမှာပါ။ ပုံမှန်ဆိုရင် Isometric Viewpoint ဖြင့်မြင်ရမှာဖြစ်ပေမယ့် တစ်ဖက်နှင့်တစ်ဖက် တိုက်ခိုက်တဲ့အခါမှာဖြစ်စေ၊ မိမိတပ်သားတွေ တစ်နေရာမှတစ်နေရာရွေ့နေရင်ဖြစ်စေ Camera Angle များ အပြောင်းအလဲမျိုးစုံဖြင့် ထောင့်စုံမှပြသသွားတာက တိုက်ပွဲတွေကိုကြည့်ရတာ ပိုသွက်လာစေပါတယ်။
XCOM 2 ဂိမ်းဟာ အရင်ကောင်းပြီးသားဖြစ်တဲ့ XCOM ဂိမ်းတွေကို gameplay features အသစ်၊ ရန်သူအမျိုးအစားအသစ်တွေ ပါဝင်သလို မူရင်း Enemy Unknown မကစားဖူးသေးသူတွေအတွက်လည်း tutorial missions နှင့် ဇာတ်လမ်းအကျဉ်းတွေ ပါဝင်လို့ မူလ XCOM ပရိသတ်တွေရော Strategy RPG ပရိသတ်အားလုံးနဲ့ပါ သင့်တော်တဲ့ ဂိမ်းသစ်တစ်ခုဖြစ်တာတွေ့ရပါတယ်။
***Game Review ကို internetjournal မှကူးယူဖော်ပြပါသည်***
Minimum :
OS : Window 7/8/8.1/10(64 Bit)
CPU : Intel Core 2 Duo E4700 2.6 GHz or AMD Phenom 9950 Quad Core 2.6 GHz
RAM : 4 GB
Graphic Card : NVIDIA GeForce GTX 460 or ATI Radeon HD 5770 (1 GB)
HDD : 45 GB
DirectX : 11
Recommended :
OS :Window 7/8/8.1/10(64 Bit)
CPU : Core i5-2320 3.0GHz or Athlon II X4 651K
RAM : 8 GB
Graphic Card : NVIDIA GeForce GTX 770 or ATI Radeon HD 7970(2 GB)
HDD : 45 GB
DirectX : 11
Single iso(14.4 GB)
No comments:
Post a Comment