Friday, January 20, 2017

Shadow Warrior 2

        Shadow Warrior 2 ဂိမ်းသစ်ဟာ ၂၀၁၃ က ထွက်ရှိခဲ့တဲ့ ပထမ Shadow Warrior ဂိမ်းရဲ့ အဆက်ဖြစ်ပြီး ပထမဂိမ်းကတော့ ၁၉၉၇ က ထွက်ရှိခဲ့တဲ့ Shadow Warrior PC ဂိမ်းရဲ့ 3D remake version ပါ။ Old school First Person Shooter ဂိမ်းတွေ ကစားရတဲ့ အရသာလည်း မပျက်အောင်၊ modern Shooter ပုံစံတွေကစားနေကြ ပရိသတ်အတွက်လည်း မပါမဖြစ်ခေတ်ပေါ် gameplay features တွေနဲ့ customization option တွေပါဝင်အောင်ပါ ရေးသားထားတဲ့ ဂိမ်းတစ်ခုဖြစ်တာလည်းတွေ့ရမှာပါ။ Shadow Warrior 2 ဂိမ်းဟာ Old School First Person Shooter ဂိမ်းများဖြစ်တဲ့ Doom, Wolfenstein နှင့် Duke Nukem 3D တို့လိုပဲ ဇာတ်လမ်း cutscenes လေးတွေ အနည်းငယ် ပါဝင်သည့်တိုင်အောင် သီးခြား storyline တွေ ဇာတ်လမ်းပေါ်မူတည်ပြီး လိုက်လံဆောင်ရွက်ပေးရတဲ့ mission based objective တွေ (အရင်ထက်တော့ ပိုပါလာပေမယ့်) ဇာတ်လမ်းတစ် လျှောက် အများစုပါဝင်ခြင်းမရှိဘဲ တွေ့မြင်သမျှ ရန်သူအားလုံးကို နှိမ်နင်းရမယ့် action gameplay လုံးဝ အသားပေး ဂိမ်းတစ်ခုဖြစ်နေပါတယ်။ ရန်သူတွေက မိမိရဲ့ဇာတ်ကောင်ကို တစ်ချိန်လုံး ဝိုင်းအုံ တိုက်ခိုက်နေမှာဖြစ်ပြီး level တိုင်းမှာ မိမိရဲ့တစ်ခုတည်းသော objective ကလည်း ရန်သူများ လက်အောက်မှ ရှောင်တိမ်း တိုက်ခိုက်ရင်း level တစ်ခန်းချင်းဆီနိုင်အောင် ကစားသွားရုံပဲဖြစ်ပါတယ်။


              Shooter ဂိမ်းအဟောင်းတွေမှာ ကစားသူရဲ့ ဇာတ်ကောင်တွေကို သာမန်စစ်သားတွေ သေနတ်သမားတွေအဖြစ်သာ တင်ဆက်ခဲ့လေရှိပေမယ့် Shadow Warrior ကတော့ မူရင်း ၁၉၉၇ ဂိမ်းတုန်းမှာရော ယခု 2013 3D remake မှာပါ 3D Realms ရဲ့ Duke Nukem လိုပဲ ရယ်စရာ one-line dialogue တွေနဲ့ အောက်ပိုင်း ဟာသတွေ အဆက်မပြတ် ပြောတတ်သူ Lo Wang နေရာက ဝင်ကစားရမှာမို့လို့ ကစားသူကို ဂိမ်းအစကနေ အဆုံးဟာသအပြော အဆိုတွေနဲ့ ဆွဲဆောင်သွားနိုင် တာ တွေ့ရမှာပါ။ နောက်ထပ် features သစ်ကတော့ story mode ကို ကစားသူလေးယောက် တစ်ပြိုင်တည်း ဆော့နိုင်မှာဖြစ်ပြီး အားလုံးကတော့ Wang ကို ထိန်းချုပ်နေရတဲ့ ပုံစံအဖြစ် စီစဉ်ထားတဲ့ ကျန်တဲ့ ဇာတ်ကောင်သုံးယောက်ကိုတော့ ကစားသူရဲ့ အမြင်မှာ အခြားနင်ဂျာဇာတ် ကောင်တွေအဖြစ် မြင်ရမှာပါ။ ဒါပေမဲ့ ကစားသူတိုင်းကတော့ ကိုယ့်ဇာတ်ကောင်ကို Lo Wang အဖြစ်ပဲ မြင်တွေ့ရမှာပါ။ အရင် ပုံစံနှင့် မတူတော့ဘဲ ဇာတ်ကောင် ဒီဇိုင်းအသစ်နဲ့ မြင်တွေ့ရမယ့် main character ဖြစ်တဲ့ ကြေးစား စစ်သားတစ်ယောက်ဖြစ်သူ Lo Wang ဟာ Zilla Enterprise ရဲ့ ရန်သူလူဆိုးဂိုဏ်းတွေ၊ မ ကောင်းဆိုးဝါး Demon တွေနဲ့ ရင်ဆိုင် တိုက်ခိုက်ရမှာဖြစ်ပြီး အရင်ဂိမ်းထက်လက်နက်၊ ရန်သူဒီဇိုင်းတွေ ပိုများလာသလို မြေပုံတွေလည်း ပိုကျယ်လာပါတယ်။

                  Melee လက်နက်တွေလည်း ပါဝင်ပေမယ့် FPS ဂိမ်းတစ် ခုဖြစ်တဲ့အတိုင်း ပုံမှန် Pistol, Shotgun နဲ့ Sub-Machine gun တွေအပြင် Demon တွေရဲ့ အစိတ်အ ပိုင်းတွေကိုလည်း လက်နက်အဖြစ် အသုံးပြုနိုင်ဦးမှာပါ။ ပုံမှန် SubMachine gun တွေကို နှစ်လက်ကိုင် ပြောင်းလဲ နိုင်မယ့် dualwielding တွေ၊ ပစ်မှတ်ပေါ် lock on စနစ်ပါဝင်တဲ့ rocket launcher တွေ၊ ပုံစံနှစ်မျိုးနဲ့Secondary Fire ပါဝင်တဲ့ flamethrower လိုမျိုး လက်နက်တွေအပြင် Shotgun နှစ်ထပ်ဆင့်ပြီး အသုံးပြုနိုင်တဲ့ အထူးအဆန်း weapon upgrade တွေလည်း ပါဝင်တာ တွေ့ရပါ တယ်။ First person viewpoint ကနေ ကစားရတဲ့ Action ဂိမ်း တွေဖြစ်တဲ့ Condemned နဲ့ Zeno Clash တို့လောက်တော့ အနီးကပ် လက်နက်တွေကို မဖြစ်မနေ အသုံးပြုရမှာ မဟုတ်ပေမယ့် combo ပိုင်းရော၊ ရန်သူတွေကို တိုက်ခိုက်ရတဲ့အပိုင်းတွေ ပါ ကောင်းမွန်တဲ့ အတွက် သေနတ်တွေကြီးပဲမဟုတ်ဘဲ Katana ကို ပုံမှန်အသုံးပြု ပြီး ရန်သူတွေကို အစိတ်အပိုင်း မျိုးစုံဖြစ်အောင် တိုက်ခိုက်နိုင်မှာ ဖြစ်ပါတယ်။ Procedural gore engine လို့ အမည်ပေးထားတဲ့ game engine features ဟာ အနီးကပ်လက်နက်တွေနဲ့ တိုက်ခိုက်ခံရတဲ့ Demon တွေရဲ့ အစိတ်အပိုင်း နေရာအတိုင်း အတိအကျ ပျက်ထွက် ကုန်မှာမို့လို့ melee လက်နက် နှစ်သက်သူတွေကတော့ အရမ်းသဘောကျမှာ သေချာပါတယ်။ အဝေးပစ် လက်နက်တွေကိုသာ Upgrade ပြုလုပ်နိုင်တာ မဟုတ်ဘဲ Melee Weapon ဖြစ်တဲ့ Katana ဓားကိုပါ upgrade ပြုလုပ်နိုင်ပြီးရန်သူတွေကို နှိမ်နင်းကာ ရရှိလာမယ့် Karma upgrades နဲ့ Ki Crystals တို့ကို အသုံးပြု ပြီး BioShock ရဲ့ Plasmid system လိုမျိုးမိမိ Character Stats ကို မြှင့်တင်ပြီး စွမ်းရည်သစ်တွေ ရရှိနိုင်သလို၊ stab attack, shock wave attack တို့အပြင် လက်နက်ကို တစ်ပတ်လှည့်ပြီး တိုက်ခိုက်လို့ရတဲ့ 360 degree whirlwind အစရှိတဲ့ Upgrade တွေလည်း ပြုလုပ်နိုင်ဦးမှာပါ။ လက်နက်မျိုးစုံကို အချိန်မရွေး အသုံးပြုပြီး ကစားနိုင်သလို weakness ကို လိုက်ပစ်ရတဲ့ အကြီးစား boss fight ကြီးတွေ ကလွဲလို့ ကျန်တဲ့အခန်း အတော်များများက ကစားသူစိတ်ကြိုက်ပုံစံမျိုးနဲ့ ranged weapon သို့မဟုတ် melee weapon ရွေးချယ် ကစားနိုင်မှာပါ။

              Graphics ပိုင်းကတော့ Road Hog Engine အမည်ရ Flying Wild Hog ရဲ့ ကိုယ်ပိုင် Game Engine ကို အသုံးပြုထားပြီး ရန်သူ Demon တွေရဲ့ ဒီဇိုင်းပိုင်းတွေအပြင် အလင်းအမှောင်ပိုင်း၊ အလင်းပြန်တဲ့ အပိုင်းအစရှိတဲ့ lighting effect တွေကို အသားပေး ရွေးဆွဲထားတာ တွေ့ရပါတယ်။ ပုံမှန် FPS ဂိမ်းတွေရဲ့ ကစားချိန်ထက်ကျော်လွန်ပြီး လျှို့ဝှက်လမ်းတွေပါပွင့်ဖို့ဆိုရင် နာရီ ၂၀ လောက် အားရပါးရကစားရမှာဖြစ်တဲ့ Shadow Warrior 2 ဟာ မူလ ဂိမ်းကစားသူတွေရော ပရိသတ်အသစ်တွေပါ သဘော ကျမယ့် ပေါ့ပေါ့ပါးပါး ကစားလို့ကောင်းတဲ့ ဂိမ်းတစ်ခုဖြစ်တာကို တွေ့ရပါတယ်။


*** Game Review ကို Internet Journal မှကူးယူဖော်ပြပါသည်။***


















Minimum:
OS : Window 7/8/8.1/10
CPU :  Intel Core i3-6300 (2 * 3800) or AMD A10-5800K APU (4 * 3800
RAM : 4 GB
Graphic Card :GeForce GT 560Ti (1024 MB) or Radeon HD 6850 (1024 MB) or better.
HDD :  14 GB
DirectX : 11


Recommended :
OS : Window 7/8/8.1/10
CPU :  Intel Core i5-5675C (4 * 3100) or AMD A10-7850K APU (4 * 3700) or equivalent
RAM : 8 GB
Graphic Card : GeForce GTX 970 / ATI Radeon R9 290 (4 GB)
HDD : 14 GB
DirectX : 11



                                                                                               Direct Link(9 GB)+Direct Link(1 GB)
                                                                                                              Only(9.18 GB)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...