စာရေးဆရာကြီး J. R. R. Tolkien ရဲ့ The Lord of the Rings နှင့် The Hobbit ဇာတ်လမ်းတွေဟာ 1950 ကျော်ခုနှစ်တွေကတည်းက စတင်ထွက်ရှိခဲ့သလို အုပ်ရေ သန်း 150 ကျော်ရောင်းချထားရပြီး ရောင်းကားအကောင်းဆုံးစာအုပ်ဇာတ်လမ်းတွဲတွေအဖြစ် စံချိန်တင်ခဲ့သလို ရုပ်ရှင်ဇာတ်ကားတွေ ထွက်ပြီးနောက်ပိုင်းမှာတော့ The Lord of the Rings ဂိမ်းခွေပုံစံမျိုးစုံထွက်ရှိလာခဲ့တာ တွေ့ရပါတယ်။ LotR – The Two Towers လိုမျိုး ရုပ်ရှင်နှင့်စာအုပ်ထဲက အဖြစ်အပျက်တွေကို တိုက်ရိုက်မှီငြမ်းထားတဲ့ ဂိမ်းတွေအပြင် LotR – The Third Age လိုမျိုး ကစားလို့ကောင်းတဲ့ turn based RPG တွေ၊ Guardians of Middle-Earth လိုမျိုး DotA ပုံစံ MOBA ဂိမ်းတွေ ဆက်တိုက်ထွက်ရှိခဲ့သလို Warner Bros. Interactive Entertainment ကနေ နောက်ဆုံးဖြန့်ချီလိုက်တဲ့ ဂိမ်းသစ်ကတော့ The Hobbit နှင့် The Lord of the Rings ဇာတ်လမ်းနှစ်ခုကြားမှာ နေရာယူထားပြီး Talion အမည်ရ လူသားစစ်သားတစ်ယောက်နေရာမှ ကစားရမည့် Open World နှင့် Action RPG ဂိမ်းသစ် Middle-earth: Shadow of Mordor ပဲဖြစ်ပါတယ်။
Middle-earth: Shadow of Mordor မှာ ကစားသူဟာ မိစ္ဆာတပ်ဖွဲ့ခေါင်းဆောင် Sauron ရဲ့ Orc နှင့် Uruk အကောင်ဆိုးတွေရဲ့ စစ်တပ်တည်ရှိရာ Mordor ရဲ့နယ်စပ်မှ လူသားစစ်သည် တစ်ယောက်ဖြစ်သူ Talion နေရာမှ ဝင်ရောက်ကစားရမှာဖြစ်ပြီး Bright Lord အမည်ရ ဝိညဉ်ရဲ့ သဘာဝလွန်စွမ်းရည်များကို ပူးတွဲအသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ဇာတ်လမ်းအစမှာ ကတည်းက Talion ရဲ့ မိန်းမနှင့်သားကို သတ်သွားတဲ့ Black Hand of Sauron အမည်ရ Sauron ရဲ့ Captain တစ်ယောက်နှင့်အတူအခြား အဖွဲ့ခေါင်းဆောင် Captains များနှင့် ရန်သူ စစ်တပ်ကို လက်စားချေရန်နှင့် Mordor အတွင်းအဖမ်းခံထား ရသော လူသားများကို ခရီးထွက်ပုံမှ ဇာတ်လမ်းကို စတင်ထားပါတယ်။ ဇာတ်လမ်းတစ်ခုလုံး နီးပါး Mordor မှာကစားရမှာဖြစ်ပြီး အချို့ Fantasy Open World ဂိမ်းတွေလို လူသားဇာတ်ကောင်တွေ အဆောက်အဦးအကြီးစားတွေ လှပတဲ့ ရှူခင်းတွေ အများကြီး မပါဝင်ဘဲ ကွင်းပြင်ကျယ်၊ တောင်တန်းနှင့် လှိုဏ်ဂူတွေသာ အဓိက ပါဝင်မှာဖြစ်ပေမည့် ကောင်းမွန်တဲ့ graphics ပိုင်းနှင့် lighting effect နှင့် ရာသီဥတု weather effect တွေပါဝင်လို့ သွားလာလို့ ကောင်းတဲ့ Mordor နယ်မြေတစ်ခုဖြစ်တာ တွေ့ရပါတယ်။ Level design ပိုင်းအပြင် ဇာတ်ကောင် character details ပိုင်းတွေကလည်း PC မှာဆိုရင် medium settings လောက်နဲ့တောင် အရမ်းကြည့်ကောင်းနေမှာ ဖြစ်သလို PS4 နှင့် Xbox One version တွေမှာလည်း အတော်လေးကြည့်ကောင်းတာ တွေ့ရပါတယ်။
Shadow of Mordor ရဲ့အဓိက စိတ်ဝင်စားဖို့အကောင်းဆုံး gameplay features ကတော့ Nemesis System ဖြစ်ပြီး ရန်သူ Orc နှင့် Uruk အစရှိတဲ့ ဇာတ်ကောင်တွေဟာ တစ်ယောက်ချင်းဆီ ပုံစံကွဲပြားတဲ့ တိုက်ခိုက်ဟန်တွေ၊ မျက်နှာသွင်ပြင်နှင့် စကားပြောပုံတွေ တူညီမှာ မဟုတ်သလို သူတို့ဟာ Talion ကို ဇာတ်လမ်းတစ်လျှောက် လိုက်လံစိန်ခေါ်တိုက်ခိုက်နေမှာ ဖြစ်ပါတယ်။ ကောင်းမွန်တဲ့ A.I စနစ်ကြောင့် Talion ကြောင့် ဒဏ်ရာရထားသူတွေဟာ အမာရွတ်တွေနှင့် ပြန်လာမှာဖြစ်သလို Talion ကို နိုင်ဖူးလို့ ရာထူးတတ်ထားတဲ့ ရန်သူတွေကလည်း အရင်ထက်ပိုကောင်းတဲ့ လက်နက်နှင့် level အမြင့်စားတွေနှင့် ပြန်လာမှာဖြစ်ပါတယ်။ ဥပမာ - ပထမ ရိုးရိုးမျှားနဲ့တဲ့ ပစ်တဲ့ Goblin က ရာထူးတက်သွားရင် ပေါက်ကွဲစေတဲ့ explosive မျှားတွေနှင့် ပြန်လာမှာပါ။ Sauron ရဲ့စစ်တပ်အတွင်းမှာတွင် ရန်သူအချင်းချင်းကလည်း ရာထူးတွေလုပြီး တိုက်ခိုက်နေမှာမို့လို့ Captains နှင့် Warchiefs ရာထူးတွေက အမြဲပြောင်းလဲနေမှာ ဖြစ်သလို ရန်သူတွေကို စိတ်ညို့ပြီးတော့လည်းအချင်းချင်းတိုက်ခိုက်ဖို့၊ ခေါင်းဆောင်ကိုလုပ်ကြံဖို့တွေစေခိုင်းနိုင်မှာဖြစ်ပါတယ်။
Combat gameplay ပိုင်းကို ကြည့်မယ်ဆိုရင်တော့ Batman Arkham Series နှင့် Assassin’s Creed Series တို့လိုမျိုး Attack နှင့် Counterattack button တို့ကို ပေါင်းစပ်ပြီး ရန်သူတွေကို တိုက်ခိုက်ရမှာ ဖြစ်ပေမည့် Sauron ရဲ့ စစ်တပ်အတွင်းက ရန်သူတွေကတော့ အခြားဂိမ်းတွေက ဇာတ်ကောင်တွေထက် အသက်ပျင်းတာတွေ့ရပြီး finishing move ဖြင့် အမြန်သတ်မယ် ဆိုရင်တောင် ဘေးကရန်သူတွေရဲ့ အနှောင့်အယှက်မရှိမှ အချိန်ယူပြီး သတ်နိုင်မှာဖြစ်ပါတယ်။ အချို့တိုက်ပွဲတွေမှာ HP အရမ်းများတဲ့ Captain တွေနှင့် တပ်သားတွေ ဝိုင်းနေမှာ ဖြစ်လို့ counter attack move ကိုသတိထား အသုံးပြုရမှာဖြစ်ပြီး Talion ရဲ့ upgrade ပြုလုပ်နိုင်တဲ့ လက်နက်သုံးမျိုးဖြစ်တဲ့ Sword, Dagger နှင့် Wraith Arrow တို့ကို တိုက်ပွဲတိုင်းမှာ တွဲဖက်အသုံးပြုရမှာ ဖြစ်ပါတယ်။
Developer Monolith Production ရဲ့ Shadow of Mordor ဂိမ်းသစ်ဟာ story ပိုင်းအနေနှင့် Gollum နှင့် Bright Lord တို့လို စိတ်ဝင်စားဖို့ကောင်းတဲ့ ဇာတ်ကောင်တွေပါဝင်ပေမည့် ထူးထူးခြားခြား ဇာတ်လမ်းအဖြစ်အပျက်တွေ မပါဝင်ထားဘဲ Nemesis System နှင့် Combat Gameplay ကို ပိုပြီး အသားပေးထားတာ တွေ့ရပြီး Graphics ပိုင်းလည်း ကောင်းမွန်လို့ ထွက်ရှိထားသမျှ Lord of the Rings ဂိမ်းတွေထဲမှာ အကောင်းဆုံးဂိမ်းတစ်ခုဖြစ်သလို J.R.R.Tolkien ရဲ့ဇာတ်လမ်းတွေနှင့် မရင်းနှီးပေမည့် Fantasy Action ဂိမ်းတွေနှစ်သက်သူတွေပါ သဘောကျမည့် ဂိမ်းကောင်းတစ်ခုဖြစ်တာ တွေ့ရပါတယ်။
This comment has been removed by the author.
ReplyDeleteWhere is download links brother ? Please rechack it.
ReplyDeleteSorry ! ညီ
Delete