Dying Light ဂိမ်းသစ်ဟာ ဇွန်ဘီဂိမ်းတွေဖြစ်တဲ့ Dead Island ဂိမ်းစီးရီးနှင့် နာမည်ကြီးလာတဲ့ Polish video game developer Techland ကနေ ရေးဆွဲထားတဲ့ ဂိမ်းသစ်ဖြစ်ပြီး first person viewpoint ကနေ ကစားရမည့် Horror Action ဂိမ်းသစ်ဖြစ်ပါတယ်။ Developer Techland ရဲ့ပြောကြားချက်အရ Publisher Deep Silver အတွက် Dead Island ဂိမ်းကို ရေးဆွဲပေးနေတဲ့အချိန်မှာ ဂိမ်းဖန်တီးမှုအပိုင်းသဘောထားကွဲလွဲမှုတွေ ပေါ်ပေါက်ခဲ့ပြီးတဲ့နောက် Dead Island: Riptide အပြီးမှာတော့ Warner Bros. Interactive အတွက် Zombie ဂိမ်းသစ်ရေးဆွဲပေးဖို့ စီစဉ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ Techland အနေနှင့် Dying Light ဂိမ်းအတွင်းမှာ အရင်ကတည်းက ထည့်သွင်းပေးချင်ခဲ့တဲ့ စိတ်ဝင်စားစရာ gameplay ပုံစံသစ်တွေအပြင် စိတ်ကြိုက်ဖန်တီးမှုအသစ်တွေကို ထည့်သွင်းနိုင်ခဲ့တာကြောင့် story ပိုင်းနှင့် graphics ပိုင်းသာမကဘဲ သွက်လက်တဲ့ gameplay ပိုင်းတွေနှင့်ပါ zombie ဂိမ်းပရိသတ်ကို စွဲဆောင်နိုင်မည့် 2015 ခုနှစ်ရဲ့ စိတ်ဝင်စားစရာ အကောင်းဆုံးဂိမ်းသစ်တစ်ခုအဖြစ် တွေ့ရမှာပါ။
Dying Light ဂိမ်းကို အခြား open world နှင့် zombie ဂိမ်းတွေနှင့် ပုံစံမတူကွဲထွက်သွားစေတဲ့ အချက်ကတော့ တိုက်တွေပေါ်မှာ လျှင်မြန်ဖျက်လက်စွာ ခုန်ပျံကျော်လွှား သွားလာနိုင်တဲ့ Mirror's Edge ဂိမ်းထဲကလို Parkour freerunning gameplay ပဲဖြစ်ပါတယ်။ Gameplay ပိုင်းကို အသေးစိတ်မသွားသေးဘဲ story ပိုင်းကိုအရင်ကြည့်မယ်ဆိုရင်တော့ ကစားသူဟာ လျှို့ဝှက် undercover operative တစ်ယောက်ဖြစ်တဲ့ Kyle Crane နေရာကနေ ကစားရမှာဖြစ်ပြီး ဇွန်ဘီဖုပ်ကောင်တွေ ပြည့်နှက်နေတဲ့ Harran မြို့အတွင်းမှ ပုန်းအောင်းနေတဲ့ agent ဟောင်းတစ်ယောက်ဖြစ်တဲ့ Kadir "Rais" Sulaiman ကို ရှာဖွေဖို့ကြိုးစားပုံ ဇာတ်လမ်းဆင်ထားပါတယ်။ ဖုပ်ကောင်တွေနဲ့ ရင်ဆိုင်ရပြီးနောက် Harris Brecken ခေါင်းဆောင်တဲ့ အသက်ရှင်ကျန်ရစ်သူ survivor အဖွဲ့ရဲ့ ကယ်တင်ခြင်း ခံရပြီးနောက်မှာတော့ သူ့ရဲ့အဓိကတာဝန်ကို ဦးစားပေးထမ်းဆောင်မလား၊ မြို့သူမြို့သားတွေကို ကူညီဖို့ကြိုးစားမလားဆိုတာကို ရွေးချယ်ရမှာဖြစ်သလို စိတ်ဝင်စားဖို့ကောင်းတဲ့ ဇာတ်လမ်းလှည့်ကွက်အနည်းငယ်လည်း ပါဝင်ထားပါတယ်။
Kyle Crane အနေနှင့် မြို့တွင်းက ဒုက္ခသည်တွေကို ကူညီရတဲ့ mission တွေ၊ supplies တွေရှာရတဲ့ missions တွေမှာ freerunning gameplay ကိုအဓိက အသုံးပြုရတဲ့အချက်ကတော့ နောက်ကနေ ဖုပ်ကောင် တွေအမြန်လိုက်နေလို့ပဲဖြစ်ပါတယ်။ နေ့ခင်းဘက်အချိန်မှာထက် ညဘက်မှာ ပိုပြီးတော့ အန္တရယ်များတဲ့ ရန်သူတွေပေါ်လာမှာဖြစ်ပြီး Volatiles (Nightmares) လို့ခေါ်တဲ့ zombie class တွေက သာမန်ကောင်တွေထက် အပြေးမြန်ပြီး နောက်ကနေအဖော်တွေခေါ်ပြီး လိုက်မှာမို့လို့ အဆောက်အဦးတွေ၊ ခေါင်မိုးတွေ ပေါ်ကနေ ကျော်လွှားပြီး သွားလာရတဲ့ အပိုင်းတွေက စိတ်ဝင်စားဖို့ကောင်းပါတယ်။ ညဘက် mission တွေလုပ်ရင်လည်း experience point ပိုရတဲ့အတွက် ကစားရတာ ပိုခက်ပြီး rewards လည်းပိုရတဲ့ gameplay ပါဝင်ထားသလို "Be the Zombie" လို့ခေါ်တဲ့ game mode ကနေ zombie class အကောင်ဆန်းတွေကို ကိုင်တွယ်ပြီး အခြားကစားသူတွေကို လိုက်တိုက်ခိုက်နိုင်ပါသေးတယ်။ LAN ချိပ်ပြီးလည်း ကစားလို့ရတဲ့အတွက် ဂိမ်းတွေ ကစားဖို့အဆင်ပြေအောင် စက်ကောင်းကောင်းဆင်ထားတဲ့သူတွေ ပေါင်းပြီး ကစားမည်ဆိုရင်တော့ ပျော်ဖို့ကောင်းမှာပါ။ Requirements တွေကတော့ သာမန်ထက်နည်းနည်းမြင့်လို့ Left 4 Dead တုန်းကလိုတော့ ဂိမ်းဆိုင်အများစုမှာ ချိပ်ကစားဖို့ အဆင်မပြေလောက် သေးပါဘူး။ အမြန်ပြေးတာအပြင် special ability တွေလည်းပိုင်ဆိုင်ထားတဲ့ Night Hunter လိုအကောင်တွေ ကိုင်ပြီး ကစားရတာလည်း တော်တော်လေး မိုက်ပါတယ်။
Exp. points အသုံးပြုပြီး level တင်ရတဲ့ စနစ်လည်း ပါဝင်သလို level မြင့်လာတာနဲ့အမျှ ပိုအားပြင်းတဲ့ အနီးကပ် melee လက်နက်တွေကိုင်နိုင်မှာဖြစ်သလို အရင်ထက်လည်း ပိုပြီးကြာကြာအသုံးခံလာနိုင်တာ တွေ့ရပါတယ်။ လက်နက်မျိုးစုံပေါင်းစပ်နိုင်မှာဖြစ်ပြီး Dead Island ကလို workbench မလိုတော့ဘဲ လမ်းပေါ်မှာတင် Combo Weapon တွေ ဖန်တီးနိုင်ပါတယ်။ Spiked bats၊၊ Electrified shovels နှင့် Fire-enhanced knives အစရှိတဲ့ Combo Weapon လက်နက်မျိုးစုံပါဝင်သလို ထောင်ချောက်မျိုးစုံဆင်နိုင်တဲ့ အကွက်တွေလည်းပါဝင်လို့ co-op mode မဆော့ဘဲ single player အနေနှင့် ကစားမည်ဆိုလည်း အဆင်ပြေပါတယ်။ Graphics ပိုင်းနှင့်အတူ lighting effects နှင့် dynamic weather effect တွေကလည်း အထူးကောင်းမွန်ပြီး Low settings ရဲ့ graphics ကတောင် အရင် Zombie ဂိမ်းအများစုရဲ့ graphics ပိုင်း၊ zombie character model နှင့် texture ပိုင်းတွေထက်အများကြီးပိုပြီး ကြည့်ကောင်းနေမှာပါ။
Dying Light ဂိမ်းဟာ developer Tech Land ရဲ့ Zombie ဂိမ်းတွေထဲမှာ အကောင်းဆုံး ဂိမ်းဖြစ်တာ တွေ့ရပြီး Techland အနေနှင့် Dying Light ဂိမ်းရဲ့ story DLC နှင့် လက်နက်သစ်တွေကို ဆက်လက်ဖန်တီးနေဆဲဖြစ်သလို Dead Island ဂိမ်းတွေရဲ့ ပိုင်ရှင် Deep Silver အနေနှင့်လည်း Yager Development နှင့်အတူ Dead Island 2 ဂိမ်းကို 2015 နှစ်လယ်မှာ ဆက်လက်ဖြန့်ချီသွားဦးမှာ ဖြစ်ပါတယ်။
Part 1(999 MB) Part 2(999 MB) Part 3(999 MB) Part 4(999 MB) Part 5(999 MB) Part 6(999 MB) Part 7(999 Part 8(999 MB) Part 9(999 MB) Part 10(714.46 MB)
Only (9.45 GB)
No comments:
Post a Comment