Saints Row IV အတွက် နောက်ဆုံး Expansion အဖြစ် နာမည်ပေးပြီးတော့ အားလုံးအသင့်ဖြစ်သွားပြီဖြစ် ပါကြောင်း ကို Developer ဖြစ်တဲ့ Volition နဲ့ Publisher ဖြစ်တဲ့ Deep Silver တို့ကနေပြီးတော့ တရားဝင် ထုတ်ပြောခဲ့ပြီး ပုံတွေရော၊ Trailer တွေကိုပါ ပြသခဲ့တယ်။ ပြီးတော့ နာမည်ကိုလည်း Gat Out of Hell အမည် နဲ့ထုတ်မှာဖြစ်တယ်ဆိုလိုက်တယ်။ ဒီတော့ နာမည်က Saints Row: Gat out of Hell ဆိုပြီးတော့ ဖြစ်လာခဲ့ပါ တယ်။ Saints Row: Gat out of Hell မဖြစ်ခင်မှာတော့ Saints Row IV ကို အရင်ထုတ်လုပ်တယ်။ August 20, 2013 မှာ စတင်ထုတ်လုပ်တယ်။ DLC တွေ တော်တော်လေး ထုတ်လုပ်ခဲ့သလို၊ ထုတ်လုပ်တိုင်းမှာလဲ အရောင်းသွက်ခဲ့ကြပါတယ်။ အခုတော့ နောက်ဆုံး အနေနဲ့ Saints Row: Gat out of Hell ထွက်ချလာတော့ မယ်။ ခါတိုင်းလိုမျိုး ဂြိုလ်သားတွေနဲ့ တိုက်ခိုက်ရမှာမဟုတ်တော့သလို အပြောင်းအလဲတွေအဖြစ် ထည့်ပေးလာ တာကတော့ ငရဲပြည်သွားပြီးတော့ ငရဲသားတွေ၊ အတူ ငရဲမင်း နဲ့တိုက်ခိုက်ရမှာဖြစ်နေတယ်။ အချိန်ဘယ်လောက်ကြာကြာ ကစားရမလဲဆိုတာကိုတော့ မပြောနိုင်သေးပေမယ့် ပြသချက် အနည်းငယ်နဲ့ ပုံ တွေအပြင် သုံးရမယ့်လက်နက်တွေကို ကြည့်ရတာနဲ့တင် သဘောကျနေတဲ့ သူတွေကမနည်းဖူးဆိုတာတွေ့ခဲ့ ရမှာဖြစ်ပါတယ်။ PC, 360, PS3, Xbox One နဲ့ PS4 အတွက်ပါ ထုတ်လုပ်ပေးမှာဆိုတော့ ဘယ်လိုမျိုးပဲဖြစ် ဖြစ် ဒီဂိမ်းဟာ နေရာမရွေးတဲ့ ပလက်ဖောင်းအစုံမှာ ကစားနိုင်ဦးမှာဖြစ်နေတာကတော့ အားလုံးအတွက် ကျေနပ်စရာ ကောင်းသွားပြန်ပါတယ်။ အွန်လိုင်းမှာရော၊ ရိုးရိုးနဲ့ပါ ဆော့ကစားဖူးတဲ့လူတွေ အတွက်တော့ နောက်ဆုံးထွက်လာမယ့် ဒီဂိမ်းကို စောင့်နေမှာဖြစ်ပါတယ်။ Demonic wing တွေအပြင် လက်နက်ဆန်းတွေနဲ့ ငရဲသားတွေကြားမှာ ဘယ်လိုကစားရမလဲဆိုတာကို မသိ သေးတဲ့လူတွေ အတွက်ပြောရမယ်ဆိုရင်တော့ ဒီလိုပါခင်ဗျာ့…. စစချင်းမှာတော့ Saint တို့ တွေဟာနိုင်ငံတော်ကို ဂြိုလ်သာေးတွလက်ထဲကနေပြန်လုပြီးတော့ ကာကွယ်အပြီးမှာ ဘာ ရန်သူမှမရှိတော့တာကြောင့် ပါတီလုပ်ပြီးပျော်ပွဲတွေ ကျင်းပနေတဲ့ ဇာတ်လိုက်ကျော်ကြီး Johnny Gat နဲ့ Kenzie တို့အဖွဲ့ဟာ သူတို့တွေ စီစဉ်ထားတဲ့အတိုင်း ဦးဆောင်သူ ပြန်ရွေးမယ်ပေါ့နော်။ အခုအပျော်တွေနဲ့အတူ အနာဂတ်မှာ လုပ်ဆောင်ရမှာတွေကို ပြောဆိုနေကြတုန်း အဲ့ဒီပါတီမှာ မဆီမဆိုင်ပဲ သူရဲခေါ်ပြီး ကစားကြတဲ့နည်းနဲ့ သူတို့တွေရဲ့ ဇာတ်ကို ဖွင့်ထားပါတယ်။ ၀ိဥာဉ် ၀င်ပူးနေတဲ့ မှန်ဘီးလူနဲ့ စာလုံး တွေကို လိုက်ပေါင်းပြီး အခုဝင်လာတဲ့ သူက ဘယ်သူ ဘယ်ဝါဖြစ်ပါတယ်။ ဘာကြောင့် ခေါ်ရတာလဲ၊ ဘာလုပ်ဖို့ လဲ အစရှိတာတွေကိုမေးနေရင်းတန်းလန်းနဲ့ မကောင်းဆိုးဝါးက ဇာတိပြလာပါတော့တယ်။ သူက ငရဲကလာတဲ့သူဖြစ်သ လို Satan လို့အမည်ရပြီး အားလုံးကို သတ်ဖြတ်ရင်း ကမ္ဘာဂြိုလ်ကို မီးလောက်တိုက်သွင်းဖို့ အင်အားကြီးအမှောင်စစ်တပ်နဲ့ စစ်ရေးပြင်နေ ကြောင်းကို အရိပ်အမြွတ်သိလိုက်ရတဲ့ Johnny Gat တို့ဟာ Satanရဲ့ လုပ်ဆောင်နေတာတွေကို ဟန့်တားနိုင်ဖို့ လုပ်နေတုန်း ငရဲတံခါးဝကနေပြီး ငရဲပြည်ကို အဖမ်းခံလိုက်ရတာကြောင့် အဲ့ဒီကနေ ပြန်လည် လွတ်မြောက်သွားကြဖို့အတွက် အလုပ်တစ်ခုဖြစ် လာရပါတယ်။ အမှန်တော့ Satan ဟာသူ့သမီး Jezebel နဲ့ ပေးစားဖို့အတွက် ပြန်ပေးဆွဲသွားခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် Johnny Gat နဲ့ Kinzie Kensington တို့ဟာ New Hades လို့အမည်ရတဲ့ငရဲမြို့တော်ကို ကိုယ့်နည်းကိုယ့်ဟန်နဲ့ လွတ်မြောက်ဖို့ ပြန်ပေးသမား တွေလက်ထဲကနေပြီးတော့ သူတို့ တွေဟာ လွတ်ထွက်သွား အောင်လို့ လုပ်ဆောင်ရမယ့် အဖြစ်နဲ့ စွန့်စားခန်းတွေကို လုပ်လာရတော့မှာဖြစ်ပါတယ်။ ဒီတစ်ခါတော့ ခေတ်မီတဲ့ ငရဲပြည်မြို့ပြမှာ ကစားရမှာဖြစ်ပြီး ငရဲသားတွေကို တိုက်ခိုက်ရမှာဖြစ်တယ်။ ငရဲသား တွေကို ထိခိုက်မှုပြင်းထန်စေတဲ့လက်နက်တွေအပြင် ထုံးစံအတိုင်း အဖောက်ကလေးတွေနဲ့ လူရယ်စရာများ ဖြစ်အောင်လုပ်ပေးထားတယ်။ ပြီးတော့ တိုက်ခိုက်မှုတွေကလည်း လန်းလာတယ်။ ဇာတ်ဆောင်တွေရဲ့ ၀တ်စုံတွေ အပြင် စတိုင်တွေကိုပါခပ်မိုက်မိုက်ကလေးလုပ်ထားပေးပြန်တာမြင်ရမှာဖြစ်တယ်။ Demonic wing ကြီးတစ်ကားကားနဲ့ လေပေါ်ပျံဝဲနေတဲ့ Johnny Gat ကတော့ မက်ထရစ်ထဲက နီယိုလိုလို ဘာလိုလိုနဲ့တောင် ဆင်တင်တင်နဲ့ပါ၊ Arm Chairmageddon, the Energy Caster, Locust gun အစရှိတာတွေကို ကိုင်တွယ် နိုင်မှာဖြစ်သလို လက်နက်တွေကို ဖန်တီးယူနိုင်မယ်၊ ဒီဇိုင်းတွေဖန်တီးပေးနိုင်မယ် ဆိုပြီးတော့ လဲ ပြောထားပါ သေးတယ် Biblical weapon တွေနဲ့စေတန်တွေရဲ့ လက်ပါးစေတွေကိုသတ်ရတဲ့အခန်းတွေက မိုက်လွန်းမယ် လို့ပြောထားပါသေးတယ်။ "angelic flight" ဆိုတဲ့တောင်ပံနဲ့ မိတ်ဆက်ပေးထားတာကတော့ လန်းလွန်းတာ ကြောင့် ကျွန်တော်ထပ်ပြောဖြစ်ပါတယ်နော်။ Disney movie တွေထဲက ပုံစံအချို့ကို ပါ ယူထားပြီးတော့ ဇာတ်လမ်းထဲမှာ ဟိုနည်းနည်း ဒီနည်းနည်းနဲ့ ထည့်ပေးထားတာက အစတွေ့ရမှာဖြစ်ပါ တယ်။ ဒါကတော့ ဒီဂိမ်းရဲ့ အဓိကကျတဲ့ အချက်တွေထဲက အရာတွေပေါ့နော်။ ဒီဂိမ်းထဲမှာဆိုရင် ရုပ်ရှင်တွေ၊ ကာတွန်းတွေအပြင် အခြားနေရာတွေက နာမည်ကြီးတွေကို ပါ သရော်လှောင်ပြောင်ထားတာတွေက အစထည့် ထားပေးတယ်။ ရယ်စရာ အများစုဖြစ်အောင်လို့ ဂိမ်းတွေထဲမှာ လုပ်ထားပေးတာက အစတွေ့ရပါတယ်။ သီချင်းကြိုက်သူတွေ အတွက်ရော၊ ဇာတ်လမ်းကောင်းကောင်းတွေကိုကစားချင်သူတွေ အနေနဲ့ပါ လက်လွတ်မ ခံသင့်တဲ့ ဂိမ်းကောင်းတစ်ခုဖြစ်ပါတယ်။ Saints Row IV ကို သဘောကျပြီးတော့ ကစားဖြစ်တဲ့ လူတိုင်းအတွက်တော့ စိတ်ကျေနပ်စရာတစ်ခုအဖြစ် ပေးဆပ်နိုင်မယ့် ဂိမ်းလို့တော့ပြောထားချင်တယ်။ Saints Row IV ရဲ့ Standalone expansion အဖြစ် ထွက်လာမှာဖြစ်တာကြောင့် Saints Row IV ဆိုတာချည်းကို အကြောင်းကြောင့် မကစားဖြစ်သေးတဲ့လူတွေ အဖို့တော့ အခုဂိမ်းကို မထွက်ခင်မှာ အရင်ဆုံးအနေနဲ့ Saints Row ဂိမ်းဆိုတာ ဘာလဲ၊ ဘယ်လိုကစားရတဲ့ဂိမ်းတစ်ခုဖြစ်နေသလဲဆိုတာကို သိရအောင် Saints Row I ကနေပြီး Saints Row IV အထိ နှစ်သက်ရာတစ်ခုတစ်ခုကို ရွေးချယ် ကစားကြည့်သင့်တယ်ဆိုတာကိုပါ ပြော ထားပါရစေ၊ အကောင်းဆုံးကတော့ နောက်ဆုံးထွက်သွားခဲ့တဲ့ Saints Row IV လောက်ကိုတော့ ထိတွေ့ထား ပြီးမှ အခုဂိမ်းကို ဆက်လက်ကစားကြည့်ပါလို့ အကြံပေးတိုက်တွန်းထားလိုက်ချင်ကြောင်းပါခင်ဗျာ။
*** Game Review ကို MMGamers မှကူးယူဖော်ပြပါသည်။***
Only (3.45 GB)
No comments:
Post a Comment