Biohazard Umbrella Corps ဂိမ်းဟာ Resident Evil ဂိမ်း (ဂျပန်အမည် - Biohazard) တွေ နေရာယူထားတဲ့ လောကအတွင်းမှာ ကစားရမယ့် ဂိမ်းသစ်ဖြစ်ပေမယ့် Survival Horror ပုံစံ မဟုတ်ဘဲ Third Person Shooter သီးသန့်ဂိမ်း ဖြစ်ပါတယ်။ ဇာတ်လမ်းပိုင်းအနေနဲ့လည်း ပင်မဂိမ်းတွေနဲ့ ဆက်စပ်မှုရှိမှာ မဟုတ်သလို နောက်ပိုင်း ဂိမ်းတွေနဲ့လည်း ဆက်မှာမဟုတ်လို့ RE အမည်မပေးတော့ဘဲ Biohazard Umbrella Corps သို့မဟုတ် Umbrella Corps အမည်နဲ့ပဲ Capcom က ဖြန့်ချိခဲ့ပါတယ်။ အခု ဂိမ်းသစ်ကိုတော့ Capcom ရဲ့ Japan In-house Studio ကပဲရွေးပေးထားတာဖြစ်ပြီး ၂၀၁၂ မှာတော့ SOCOM လိုမျိုး Squad-based tactical shooter ဂိမ်းတွေရဲ့ developer ဖြစ်တဲ့ Slant Six Games နဲ့ Resident Evil game series ရဲ့ မူလ development team ဖြစ်တဲ့ Capcom တို့ပူးပေါင်းပြီး RE - Operation Raccoon City လိုမျိုး Third Person Shooter action horror ဂိမ်းကိုလည်း ဖြန့်ချိခဲ့ဖူးပါသေးတယ်။
Saturday, July 30, 2016
SOMA
လွန်ခဲ့တဲ့ ငါးနှစ်ကျော် ၂၀၁၀ ခုနှစ် စက်တင်ဘာလက ထွက်ခဲ့တဲ့ နာမည်ကျော် Classics Survival Horror ဂိမ်း Amnesia: The Dark Descent ရဲ့ developer အဖွဲ့ Frictional Games ဟာ Amnesia ဂိမ်းထွက်ထွက်ချင်းကနေ ယခုထိတိုင် ဂိမ်းကစားပြီးသူ ပရိသတ်တွေက အမှန်တကယ် ကြောက်စရာကောင်းတဲ့ ဂိမ်းတွေ ရှားပါးနေချိန်မှာ Horror ဂိမ်းကစားသက်ရင့်နေသူတွေပါ အသည်းယားခဲ့ရတဲ့ Amnesia နှင့် Penumbra လိုမျိုး ချောက်ချားစရာ ဂိမ်းသစ်တွေကို ဆက်ထုတ်သွားဖို့ တောင်းဆိုခဲ့ကြတဲ့အတွက် ၂၀၁၅ မှာတော့ SOMA အမည်ရ Survival Horror ဂိမ်းသစ်ကို ဖြန့်ချိခဲ့ပါတယ်။ Amnesia: The Dark Descent ဂိမ်းထွက်အပြီးမှာ Youtube မှာရှိတဲ့ ဂိမ်းကစားပြပြီး ကစားသူတွေရဲ့ တုံ့ပြန်မှုတွေကို ပြသလို့ အောင်မြင်ခဲ့တဲ့ Let's Play video တွေ အများကြီး ထွက်ခဲ့ပြီး PewDiePie နှင့် Markiplier တို့လို Internet Celebrity တွေကို လူသိများစေတဲ့ ဂိမ်းတွေထဲမှာ ထိပ်ဆုံးက ပါဝင်ထားပါတယ်။
Zombie Army Trilogy
First Person Shooter နှင့် Third Person Shooter ဂိမ်းတွေထဲမှာ ဂိမ်းတိုင်းနီးပါး Sniper ကိုင်တွယ်လို့ရမှာ ဖြစ်သလို Sniper weapon သီးသန့် Single player missions တွေ၊ Sniper အသားပေး ကိုင်တွယ်ရမယ့် Multiplayer Maps/Game Modes တွေ အများကြီးရှိပေမယ့် တစ်ဂိမ်းလုံးကို Sniper သီးသန့်ကိုင်ပြီး Stealth ပုံစံ gameplay ဖြင့် ကစားရတဲ့ video game တွေထဲမှာ နာမည်ကြီး ဂိမ်းနှစ်ခုကတော့ Sniper - Ghost Warriors နှင့် Sniper Elite ဂိမ်းတွေလောက်ပဲ ရှိသေးတာ တွေ့ရမှာပါ။ Sniper Elite III ရဲ့ Game Engine ကို အသုံးပြု ပြီး ရေးဆွဲထားတဲ့ Sniper Elite Spin-off ဂိမ်းသစ် Zombie Army Trilogy ကတော့ Stealth ပုံစံ gameplay သိပ်မပါဘဲ Third Person Shooter နဲ့ Survival Horror ဂိမ်းပုံစံ ရေးဆွဲထားပြီး Nazi Zombie တွေကို တိုက်ခိုက်ရသော ပုံစံ ကစားရမယ့် စိတ်ဝင်စား စရာဂိမ်းသစ် ဖြစ်ပါတယ်။
Subscribe to:
Posts (Atom)