Action RPG ဂိမ်း Sacred 3 ကိုဖြန့်ချီခဲ့သလို ဂိမ်း franchise မျိုးစုံကိုလည်း ဆက်တိုက်ဝယ်ယူလျှက်ရှိတဲ့ Publisher Deep Silver ကပဲ ဖြန့်ချီထားပြီး August လအတွင်းမှာ ထွက်ရှိလာတဲ့ Open World Action RPG ဂိမ်းသစ်နောက်တစ်ခုကတော့ Risen 3: Titan Lords ပဲဖြစ်ပါတယ်။ Risen 3 ရဲ့ video game developer အဖွဲ့ Piranha Bytes ဟာ Germany နိုင်ငံအခြေဆိုက် development အဖွဲ့ဖြစ်ပြီး 2001 ခုနှစ် Studio စတင်တည်ထောင်ရာကနေ ယခုလက်ရှိအထိ Gothic နှင့် Risen Open World Action RPG ဂိမ်းတွေကိုပဲ ဆက်တိုက်ရေးဆွဲခဲ့တာဖြစ်ပြီး Gothic ကနေ Gothic III၊ ပြီးတော့ Risen ကနေ Risen 3: Titan Lords နှင့် expansion တွေအပါအဝင် စုစုပေါင်းဂိမ်းခုနှစ်ဂိမ်း ရေးဆွဲခဲ့ပါတယ်။ ပထမ Risen ဂိမ်းတုန်းကတော့ Fantasy Medieval ခေတ်ကိုအဓိကအခြေဆိုက်ထားပြီး ဒုတိယ Risen 2 ဂိမ်းကတော့ ပင်လယ်ဓားပြခေတ်မှာ အဓိကဇာတ်လမ်းဆင်ထားကာ linear mission အများစုပါဝင်ခဲ့ပေမည့် အသစ်ထွက်လာတဲ့ Risen 3: Titan Lords ကတော့ ပထမဂိမ်းလို open world ပုံစံအသားပေး gameplay နှင့်ဒုတိယဂိမ်းလို ရေကြောင်းတိုက်ပွဲတွေ၊ ပင်လယ်တွင်းက အကောင်ဆန်းတွေပါဝင်မည့် ပင်လယ်ဓားပြခေတ်ပုံစံတို့ကို ပေါင်းစပ်ထားတာကို တွေ့ရမှာပါ။
Tuesday, October 13, 2015
Dead Rising 3: Apocalypse Edition
Dead Rising ဂိမ်းစီးရီးဟာ Resident Evil လိုမျိုး ကြောက်စရာကောင်းတဲ့ ဇာတ်လမ်းအသားပေး Survival Horror ဂိမ်းတွေကို ထုတ်လုပ်ခဲ့တဲ့ Capcom ရဲ့ Zombie ဖုပ်ကောင်တွေပါဝင်တဲ့ နောက်ထက်ဂိမ်းစီးရီးတစ်ခုဖြစ်ပြီး 7thgeneration console ခေတ်မှာမှ Xbox360 ဂိမ်းစက်မှာစတင်ထွက်ရှိခဲ့တဲ့ IP အသစ်ဖြစ်ပေမည့် ပုံစံကွဲပြားပြီး Resident Evil လိုမဟုတ်ဘဲ ပျော်စရာကောင်းတဲ့ action gameplay ဘက်ကို အသားပေးထားတဲ့ ဂိမ်းတစ်ခုဖြစ်ပြီး ပရိသတ်အမြောက်အများ ရှိပြီးသားစီးရီးတစ်ခုဖြစ်တာ တွေ့ရမှာပါ။ Dead Rising ဂိမ်းတွေရဲ့ အဓိကပုံမှန်ပါဝင်လေ့ရှိတဲ့ features တွေကတော့ Open World မြေပုံ၊ လက်နက်မျိုးစုံနှင့် ထောင်နှင့်ချီတဲ့ Zombies တွေပဲ ဖြစ်ပါတယ်။ 2013 ခုနှစ်က 8th generation ဂိမ်းစက် Xbox One မှာထွက်ရှိခဲ့ပြီး 2014 September လအတွင်းမှာ PC အတွက် ထွက်ရှိလာတဲ့ Dead Rising 3 ကတော့ graphics ပိုင်းတစ်ခုတည်းတွင် မဟုတ်ဘဲ အရင်ဂိမ်းနှစ်ခုစာထက် ပိုကြီးတဲ့ မြေပုံတွေ တစ်ပြိုင်တည်း သောင်းချီမြင်ရနိုင်တည့် ဖုပ်ကောင်တွေကို loading time မပါဘဲနဲ့ ဖော်ပြပေးနိုင်တဲ့ နည်းပညာမြင့်ဂိမ်းတစ်ခုဖြစ်သလို PC မှာဆိုရင်လည်း requirements ပိုင်းမြင့်တဲ့ ဂိမ်းတစ်ခုဖြစ်တာ တွေ့ရပါတယ်။
Alien: Isolation
1979 မှာထွက်ရှိခဲ့တဲ့ Director James Ridley Scott ရဲ့ ALIEN ရုပ်ရှင်ဟာ လူကြိုက်အများဆုံး Science Fiction Thriller ရုပ်ရှင်အနေနှင့်ကော Classic ရုပ်ရှင်ဇာတ်ကားတစ်ကားအဖြစ်ပါ ယနေ့ထက်တိုင် ရပ်တည်နေတာ တွေ့ရမှာဖြစ်သလို ALIEN ရုပ်ရှင်တွေထဲက Alien Xenomorph တွေရဲ့ ဇာတ်ကောင်ဒီဇိုင်းဟာလည်း စတင်ပေါ်ပေါက်လာချိန်မှ ယနေ့ ရုပ်ရှင် ၊ video game နှင့် comic book လောကမှာ လူကြိုက်အများဆုံး ဇာတ်ကောင်တွေအဖြစ် ဆက်လက်မြင်တွေ့ရမှာ ဖြစ်ပါတယ်။ ALIEN ဂိမ်းတွေဟာ Atari 2600 နှင့် Nintendo (NES) ဂိမ်းစက်များမှာ အဓိကစတင်ထွက်ရှိခဲ့ပြီးနောက်မှာ PC ၊ PS3 နှင့် Xbox360 ဂိမ်းစက်တွေအပြင် Nintendo DS ဂိမ်းစက်များ mobile platform များမှာပါ ပုံမှန်ထွက်ရှိလာတာ Alien သီးသန့်ဂိမ်းနှင့် Predator များပါဝင်တဲ့ဂိမ်းပါပေါင်းလိုက်ရင်ဂိမ်းပေါင်း 20 ကျော်ရှိနေပါပြီ။ Alien: Isolation ကတော့ PS4 နှင့် Xbox One တို့လို Eight Generation Console တွေအတွက် ပထမဦးဆုံးဂိမ်းပဲဖြစ်ပါတယ်။
Subscribe to:
Posts (Atom)