Tuesday, August 30, 2016

XCOM 2-Digital Deluxe Edition

             XCOM 2 ဂိမ်းဟာ ၂၀၁၂ က ထွက်ရှိခဲ့တဲ့ XCOM : Enemy Unknown နဲ့ ၂၀၁၃ က ထွက်ခဲ့တဲ့ XCOM: Enemy Within တို့ရဲ့ ဇာတ်လမ်းအဆက်ဂိမ်းသစ်ဖြစ်ပြီး အရင်လို multiplatform release မဟုတ်တော့ဘဲ mouse နှင့် keyboard control အတွက် အသားပေးဖန်တီးထားတဲ့ PC exclusive ဂိမ်းတစ်ခုအဖြစ် မြင်တွေ့ရမှာပါ။ ယခု အသစ်ထွက်ရှိထားတဲ့ XCOM 2 နဲ့ သူ့ရဲ့ မူရင်းဂိမ်း XCOM : Enemy Unknown တို့ဟာ ၁၉၉၄ မှာ ထွက်ရှိခဲ့တဲ့ Classic ဂိမ်းတစ်ခုဖြစ်ပြီး ယနေ့ထက်တိုင် Strategy ပရိသတ်တွေကြားမှာ အမှတ်တရဖြစ်နေကြဆဲဖြစ်တဲ့ UFO: Enemy Unknown ကို ပြန်လည်ဆန်းသစ်ထားတဲ့ Tactical Role Playing နှင့် Strategy gameplay တို့ပေါင်းစပ်ထားသော ဂိမ်းအသစ်ဖြစ်ပါတယ်။

                             Publisher 2K Games နှင့် Civilization ဂိမ်းအားလုံးရဲ့ ဖန်တီးရှင် Studio Firaxis Games တို့ဟာ ၂၀၀၈ ကတည်းကStrategy ဂိမ်းဖြစ်တဲ့ XCOM: Enemy Unknown ကို စတင်ရေးဆွဲရန် စီစဉ်ခဲ့ကြပြီး ၂၀၁၂ နှစ်ကုန်ပိုင်းမှာ XCOM: Enemy Unknown, ၂၀၁၃ နှစ်ကုန်ပိုင်းမှာ XCOM: Enemy Within နှင့် ၂၀၁၆ အစောပိုင်းမှာတော့ XCOM 2 တို့ကိုဖြန့်ချိခဲ့ပါတယ်။

Resident Evil 6

           Developer Capcom အနေနဲ့ Resident Evil ဂိမ်းရဲ့နှစ်နှစ် ဆယ်ပြည့် အထိမ်းအမှတ် (20th Anniversary) အဖြစ် ၂၀၁၆ ခုနှစ် အတွင်း remaster ဂိမ်းအများစုနဲ့ Biohazard Umbrella Corps လို ဂိမ်းသစ်တွေကို ဖြန့်ချိခဲ့သလို အရင် Survival Horror ပုံစံကနေ Action ဘက် ပိုရောက်လာတဲ့ Resident Evil 4, 5 နဲ့ 6 တို့ကို remastered version တွေအဖြစ် ပြန်ဖြန့်ချိဖို့ စီစဉ်ခဲ့ပါတယ်။ ၂၀၁၆ အတွင်းမှာ Resident evil Zero ရဲ့ HD Remastered နဲ့ Umbrella Corps တို့ ထွက်ရှိပြီးဖြစ်သလို အခုဆိုရင် PS4 နဲ့ Xbox One ဂိမ်းစက်တွေအတွက် graphics ပိုင်း ပိုမို မြှင့်တင်ထားတဲ့ remastered version ဂိမ်းသစ်တွေကို ဖြန့်ချိတဲ့အခါ RE 6 ကို အရင်ဆုံးထုတ်ဝေလိုက်ပါပြီ။ 
Related Posts Plugin for WordPress, Blogger...