Survival ဆိုတဲ့အတိုင်း Player ဟာအသက်ရှင်သန်ဖို့အတွက် ပျက်ဆီးနေတဲ့ မြို့ပျက်ကြီးမှာ အစားအသောက်တွေ၊ရေ နဲ့ တခြားအသုံးအဆောင်တွေရှာဖွေရမှာဖြစ်ပြီး ဒုက္ခရောက်နေတဲ့တခြားလူတွေကိုလဲကူညီပေးရဦးမှာပါ။လူတွေဟာ ဒုက္ခရောက်လာရင် ဘယ်သူသေသေ ငတေမာရင်ပြီးရောဆိုတဲ့ စကားပုံအတိုင်း ဒီဂိမ်းမှာလဲ မိမိအသက်ရှင်ဖို့အတွက် တခြားသူတွေဆီက ပစ္စည်းတွေလုရတာလဲပါပါတယ်။ရေအတွက်၊အစားအစာအတွက်လူသတ်ဖို့ ဝန်မလေးတဲ့ လူဆိုးတွေကိုလဲ တိုက်ခိုက်ရမှာဖြစ်ပြီး ပေးထားတဲ့ လက်နက်တွေက အကန့်အသတ်နဲ့ပါ။ပျက်ဆီးနေတဲ့မြို့ပျက်ကြီးဟာ အဆိပ်ငွေ့တွေ၊ ပိတ်ဆို့နေတဲ့လမ်းတွေ ပြိုကျနေတဲ့ တိုက်တွေကြားကနေ ဆော့ကစားရမှာဖြစ်ပြီး တိုက်တွေကို တွယ်တက်တဲ့အခါ လက်တွေ့ဘဝမှာလို လက်အံသေပြီး ပြုတ်ကျနျိုင်ပြီး အဆိပ်ငွေ့တွေကြားးသွားတဲ့ အခါ အသက်ရှူကြပ်ပြီးတော့လဲ သေနိုင်ပါတယ်။ဒီတော့ Player အနေနဲ့ တခုခုမလုပ်ခင်ဆုံးဖြတ်ချက်မှန်ဖို့လိုပါတယ်။ဒါမှမဟုတ် ကိုယ့်မှာရှိနေတဲ့ ရေနဲ့အစားအစာပစ္စည်းတွေကုန်သွားမှာပါ။
Game ရဲ့ ရုပ်ထွက်ပိုင်းက သိပ်မဆိုးလှပေမဲ့ Story ပိုင်းကတော့ ကောင်းမွန်ပါတယ်။ရန်သူတွေကို တိတ်တဆိတ်ရှင်းလင်းနိုင်ပြီး ထိပ်တိုက်ရင်ဆိုင်ရင်တော့ သိပ်အဆင်မပြေပါဘူး။လက်နက်တွေကို အကန့်အသတ်နဲ့ပေးထားတာ ဆိုတော့ Call Of Duty တို့လိုမျိုး ပရမ်းပတာပစ်ခတ်လို့ရမှာမဟုတ်ဘူးနော်။Survival Game ကောင်းကောင်းဆော့ချင်တယ်ဆိုရင်တော့ ဒီGame ဟာ Gamer တွေအတွက် အကြိုက်တွေ့ပါလိမ့်မယ်။
Minimum :
OS : Window Vista/7/8/8.1
CPU : AMD Athlon™ 64 X2 3800+ / Intel® Pentium 4 630
RAM : 2 GB
Graphic Card : GeForce GT 8800 / Radeon HD 2600XT
HDD : 8.5 GB
DirectX : 9
Recommended :
OS : Window Vista/7/8/8.1
CPU : Core 2 Quad Q6400 / Phenom 9650 Quad-Core
RAM : 4 GB
Graphic Card : GeForce GT 545 / Radeon HD 4850
HDD : 8.5 GB
DirectX : 11
Part 1(1 GB)
Password : www.fullypcgames.net
No comments:
Post a Comment