Ubisoft ဟာ ဂိမ်မာတွေကို ထပ်မံပြီးတော့ ခေါင်းစားလိုက်စေပြန်တယ်၊ ဒါကြောင့်မေးပါ့မယ်…. သင်ဟာ အကြောင်းကြောင်းကြောင့် Assassin တစ်ယောက် ကနေပြီး Templar တစ်ယောက်ဖြစ်လာခဲ့ပြီဆို ရင် ဘာလုပ်မလဲ….. ဘာကိုရွေးချယ်မလဲ….. ဆုံးဖြတ်ချက်ချဖို့ အချိန်မဆွဲလိုက်ပါနဲ့ … အခုပဲဖြေလိုက်ပါတော့ ခင်ဗျာ…..။ Ubisoft ကနေပြီးတော့ မရိုးနိုင်တဲ့ ဇာတ်လမ်းတစ်ပုဒ်ကို ဂိမ်းအသွင် ဆက်လက်ပြီးတော့ ဖန်တီးလိုက်ပြန်ပါတယ်၊ ဒါကတော့ လူကြိုက်များတဲ့ သူတို့တွေရဲ့ ဇာတ်လမ်းတွေထဲက AC လို့ အများခေါ်တဲ့ Assassin's Creed ရဲ့ နောက်ဆက်တွဲဂိမ်းပဲဖြစ်ပါတယ်။ အားလုံးက ဒီလူတွေ လုပ်စားလှချည်းလားဆိုပြီးတော့ ပြောဖြစ်နေတဲ့ ကြားထဲကမှ မဖြစ်မနေနဲ့ ဇာတ်လမ်းနဲ့ သမိုင်းအစစ်ကို အခြေခံပြုလုပ်ရေးဆွဲထားတဲ့ ဂိမ်းကို ပြန် လည်လူကြိုက်များလာစေဖို့နောက်တစ်မျိုးနဲ့ထိုးဖောက်ပါတော့မယ်။ ဒီတစ်ခါတော့ အခုဂိမ်းကိုရေးဆွဲပေးမှာက Ubisoft Sofia ကပဲဖြစ်ပါတယ်။ ဒါကတော့ Developer တွေထဲက Ubisoft ရဲ့ လက်ခွဲတစ်ခုဖြစ်တဲ့ Sofia ကနေပြီးတော့ တင်ဆက်လာတာဖြစ်ပါတယ်၊ အရင်ကတော့ Sofia အပြင် Ubisoft ရဲ့ လက်အောက်ခံ လုပ်ငန်းခွဲတွေက ဂိမ်းရေးဆွဲသူတွေက လုပ်ခဲ့ကြတာဖြစ်ပါတယ်။ အခုတော့ Ubisoft Sofia ကနေတာဝန်ယူ လိုက်ပါတယ်။ လာမယ့် နိုဝင်ဘာလ 11 ဆိုရင် ဒီဂိမ်းက ထွက်ချလာတော့မှာဖြစ်ပါတယ်။ Sandbox action adventure game အနေနဲ့ပြန်တွေ့ရမှာဖြစ်တယ်။ ပြီးတော့ ဒီဂိမ်းဟာ 2013 မှာထွက်လာခဲ့တဲ့ Assassin's Creed IV: Black Flag ရဲ့ sequel အနေနဲ့ထွက်ချလာမှာဖြစ်နေတယ်ဆိုတာပါပဲ။ Assassin's Creed, Far Cry, Ghost Recon, Just Dance, Rainbow Six, Prince Of Persia, Rayman and Splinter Cell အစရှိ တဲ့ဂိမ်းတွေမှာ Ubisoft Sofia ကပါဝင်ခဲ့တယ်၊ အခုတော့ သူတို့တွေဟာ တစ်ဖွဲ့တည်းကနေပြီးပဲ လုပ်ပေးကြတာ ဖြစ်နေတယ်။ အခုတော့ ခွဲပြီးတော့ တာဝန်အပေးခံရတယ်၊ ဒီဂိမ်းကိုဘယ်လိုမျိုးလုပ်လာမလဲဆို တာကို ကြည့်ရမယ်၊ လောလောဆယ်တော့ Eighth major installment အဖြစ် Assassin's Creed serie ကို ထုတ်လုပ်မှာဖြစ်ပါတယ်။ အားလုံးကိုပြန်ပြီးတော့ ချိတ်ဆက်ပေးထားတယ်။ 18 ရာစုအလယ်ပိုင်းလောက်မှာဖြစ်ပွားခဲ့တဲ့ Seven Years' War ကာလမှာ ဒီဇာတ်အိမ်ကို တည်ထားပေးတယ် လို့သိရတယ်။ ရာစုနှစ်အတိအကျပြောရမယ်ဆိုရင်တော့ 1752 နဲ့ 1761 ခုနှစ်ကြားမှာပေါ့နော်။ 21 နှစ်သားအရွယ် Shay Cormac က အဓိက ဇာတ်ဆောင်ဖြစ်လာမှာဖြစ် ပြီး သူ့ကိုတော့ Assassin-turned-Templar အဖြစ်တွေ့ရမှာဖြစ်ပါတယ်။ French နဲ့ Indian War အတွင်းမှာ ဖြစ်နေပျက်နေတာကို ကျွန်တော်တို့တွေ သမိုင်းအရသိရမှာဖြစ်တယ်။ Rogue မှာတော့ Gameplay ကို Black Flag ထဲကလိုမျိုးပဲ ship-based naval exploration တွေနဲ့အတူ third-person land-based exploration တွေကို မြင်ရမှာဖြစ်ပါတယ်။ Assassin မဟုတ်တော့ပဲနဲ့ Templar Shay Patrick Cormac ကို`တွေ့ရပြီး မြင်ရမှာဖြစ်တာကြောင့် နည်းနည်းတော့ ပြန်ပြီး စိတ်ဝင် စားမိတာတော့ အမှန်ပါပဲ။ ပြီးတော့ မိမိရဲ့ Ship ကိုတော့ Morrigan လို့ခေါ်တယ်၊ Ship အရွယ်အစားကတော့ Black Flag ထဲက Jackdaw ထက်တော့သေးတယ်၊ ရေကြောင်းခရီးကလည်း အဲ့သလောက်မကျယ်တာလဲပါတာပေါ့နော်။ ဂိမ်းထဲမှာပါမယ့်နေရာများကိုတော့ North American ရဲ့ပတ်ဝန်းကျင်အမျိုးမျိုးမှာရေးဆွဲထားပါတယ်။ အဲ့ဒီအထဲမှာတော့ အပြင်မှာတစ်ကယ်ရှိတဲ့ အေးခဲနေတဲ့ North Atlantic အပြင် Appalachian River Valley, Alabama, New York နဲ့ Quebec တို့လိုနေရာများကိုထည့်ထားပေးတာကိုမြင်ရဖို့ရှိနေတယ်လို့ပြောပြချင်ပါ တယ်။ မြောက်ဝန်ရိုးစွန်းအပိုင်းမှာ ဒီတစ်ခါတော့ ပတ်ဝန်းကျင်ကို အသစ်အဆန်းအနေနဲ့မြင်ရမှာဖြစ်တယ်။ ပင် လယ်ပြင်ကြီးလောက် တော့နေရာတွေက မကျယ်ပါဘူး။ မြစ်တွေ၊ တူးမြောင်းလေးတွေ လောက်သာ သွားရ မှာဖြစ်နေတာကြောင့်လို့ သိထားရတယ်။ naval gameplay ပုံစံမျိုးဖြစ်လာစေဦးမှာပါပဲ၊ ရေလမ်းကြောင်း နဲ့ဆိုင်တာတွေ၊ ရေတပ်များနဲ့ သက်ဆိုင်တာတွေကို ဂိမ်မာတွေ ဆက်လက်ထိတွေ့ရဦးမှာမလွဲဘူး။ အဲ့ဒီမှာပဲ ထပ်မံပြီးတော့ပါလာ မှာက Morrigan Ship မှာပေါ့နော်၊ Prototype machine gun နဲ့ Puckle gun တွေကိုထည့်ထားပေးတာပဲဖြစ်ပါတယ်။ ဘာနဲ့သွားတူသလဲဆိုတော့ Cannon တွေလိုမျိုးပါပဲ၊ အမြှောက်တွေ လိုမျိုး အပြန်အလှန်ပစ်ခတ်ရဦးမှာပါ၊ Ship-to-ship combat တွေကို ပြန်ခံစားရမှာကိုတော့ သဘောကျမိ တယ်ဗျာ။ Combat အပိုင်းနဲပတ်သက်ပြီးတော့ ပြောဖြစ်ရဦးမယ်ဆိုရင်တော့ အခုဂိမ်းမှာ Air rifle ဆိုတာကို မိတ်ဆက်ပေး ထားတယ်ဆိုကိုပြောချင်တယ်။ ရန်သူတစ်ယောက်ကို အသံမထွက်စေပဲ သုတ်သင်ပစ်ဖို့ အတွက် နေရာနဲ့အကွာအဝေးကိုတွက်ဆပြီးတော့ပစ်ရမှာပဲဖြစ်ပါတယ်။ အနီးပစ်နဲ့ အဝေးပစ်ဆိုပြီးတော့ ရမှာဖြစ်ပါတယ်။ နောက်ထပ်လက်နက်တွေအနေနဲ့မြင်ရ မှာကတော့ Firecracker gun တွေ၊ grenade launcher တွေ ၊ smoke grenade တွေ နဲ့အတူ fires off shrapnel grenade တွေပါလာမှာ ဖြစ်ပါတယ်၊ အခြားလက်နက်တွေကိုလည်း တွေ့နိုင်မယ်ဆို တာမြင်ရမှာဖြစ်ပါတယ်။ အစောင့်တွေကို စိတ်ပြောင်းသွားအောင်လို့ Firecracker gun ကို အသုံးပြုပြီးတော့ လုပ်နိုင်သလို၊ အခြားလူတွေ မမှတ်မိစေဖို့ အကာအကွယ်ယူတဲ့အနေနဲ့ မိမိကိုယ်မိမိ ရောင်စုံပ၀ါစနဲ့ မျက်နှာကိုစည်းနှောင်ထားနိုင်တယ်၊ ဒါက ဘာကိုပါ အကာအကွယ်ပေးသလဲဆိုတော့ အဆိပ်ငွေ့တွေနဲ့ ဂတ်စ်အငွေ့တွေ ရန်ကပါ လွတ်မြောက်စေမှာဖြစ်နေတယ်။ ပြီးတော့ အာတိတ်ဝေလငါးအဖြူကောင်ကြီးတွေနဲ့အတူ ပိုလာဝက်ဝံတွေကိုပါ အမဲလိုက်ရဖို့ရှိတယ်လေ။ အရင်လိုမျိုး ငါးမန်းတွေနောက်လိုက်ပြီးတော့အမဲလိုက်ရမှာတော့မဟုတ်တော့ဘူး။ အပြောင်းအလဲလုပ်ထားပေးပါတယ်။ရန်သူတပ်ဖွဲ့တွေနဲ့တွေ့ရင်တော့ အရင်လိုမျိုး မိမိအဖွဲ့သားတွေကို အသက်ဘေးကနေပြီးတော့ လွတ်မြောက်အောင်လုပ်ပေးရမှာတွေလဲပါပါသေးတယ်။ Assassin's Creed III ထဲမှာပါလာခဲ့ဖူးတဲ့ Haytham Kenway ကိုပါ ပြန်တွေ့ရမှာလဲဖြစ်နေတယ်။ ဒါ့အပြင် ရေထဲကိုလောင်ကျွမ်းနိုင်တဲ့ဆီတွေဖြည့်ထားတဲ့စည်ပိုင်းတွေကို ချပြီး ဖောက်ခွဲရင်းနဲ့ ညပိုင်းမှာ မြင်သာစေမယ့် အလင်းရောင် ပေးရင် ရေထဲမှာမျောနေတဲ့ လူတွေစုပြီးတော့ သင့်နောက်လိုက်ပါလာအောင်ခေါ်ဆောင်နိုင်တယ်၊ အဖွဲ့ဝင်ဖြစ်အောင်လုပ်နိုင်မှာဖြစ်နေတယ်။ ရေခဲတောင်တွေ ကို မတိုက်မိအောင်နဲ့ တိုက်ပွဲဖြစ်ပွားနေစဉ်အတွင်းမှာ ဂိမ်မာဟာ Shay Cormac နေရာကနေပြီးတော့ အကြံပေးဦးဆောင် ဦးရွက်ပြုရမှာလဲ ပါနေတယ်။ Eagle vision ကိုတော့ ပိုကောင်းအောင်လုပ်ထားပေးတာကိုမြင်ရမှာဖြစ်ပြီးတော့ compass ring နဲ့ပါ ပတ်ဝန်းကျင်တစ်ခုလုံးကို မိမိကိုယ်တိုင်လှည့်ပတ် အကဲခတ်နိုင်ဦးမှာဖြစ်ပါတယ်။ Templar အနေနဲ့ကစားရတာဖြစ်တာကြောင့် တစ်ခု အားသာသွားစေတာကတော့ Assassin လိုမျိုးမဟုတ်ပဲ high-tech weapon တွေကို ခပ်များများအသုံးပြုနိုင် မှာဖြစ်နေတာပါပဲ။ အပြင်ကလိုမျိုး အချို့အရာများကိုလည်းထည့်ထားပေးသေးတဲ့ အပိုင်းတွေထဲက တစ်ခုကို ပြောပြချင်တယ်၊ ဒါကတော့ ဒီဂိမ်းထဲမှာ အရင်လိုမျိုး ရေထဲရောက်သွားတဲ့အခါ ရေကူးစဉ်မှာပေါ့နော်။ သာမန် ဘာမှမဖြစ်လိုတော့မဟုတ်တော့ဘူး၊ ရေခဲတမျှအေးစက်နေတဲ့ ရေပြင်ထဲမှာ သင် ဟာ ရေကူးရပြီးဆိုရင် ကိုယ်အပူချိန်ကျလာတာကြောင့်သွေးခဲသွားစေပြီး မိမိရဲ့ Blood life ဟာ ကျဆင်းသွားမှာ ဖြစ်ပြီး အချိန်ကြာတာနဲ့အမျှ သွေးကုန်ဆုံးပြီး ဘ၀ပြောင်းသွားမှာကိုပါထည့်ထားပေးသေးတယ်လေ။ ပြီးတော့ အချိန်တွေကို ကုန်လွန်စေမှာက ရေထဲမှာနဲ့ ကုန်းပိုင်းမှာပဲဖြစ်ပါတယ်၊ မြင်တွေ့ပြီး ဂိမ်မာတွေ ကစားရမယ့်နေရာတွေကတော့ မြောက်အမေရိကတိုက်ရဲ့ အရှေ့ဘက်အခြမ်းတွေမှာ လို့တော့ပြောထားတယ်၊ ပြီးတော့ ထူးခြားတာက ဒီဂိမ်းဟာ မာလ်တီပလေယာမရတာပဲဖြစ်ပါတယ်။ သေချာပေါက်ကိုပြောခဲ့တာဖြစ်တယ်။ အခြားအရာတွေအရ စိတ်လှုပ်ရှားဖွယ်ရာများနဲ့ပြည့်နှက်နေပေမယ့် အခုတစ်ခါမှာတော့ Single-player-only game အဖြစ်သာ မြင်ရမှာဖြစ်ပါတယ်ဆိုတာကိုပြောခဲ့ကြပါတယ်။ အရင်တုန်းက ပထမဆုံးထွက်ခဲ့တဲ့ AC Game လိုမျိုးပဲ ဖြစ်လာဦးမှာပါ၊ AC 2 ထွက်လာခဲ့တဲ့ 2009 မတိုင်ခင်အထိ တစ်ယောက်တည်းနဲ့ ဂိမ်းတစ်ခုလုံး ကို Out multiplayer အဖြစ်မြင်ခဲ့ကြရတာမျိုးကို အခုတစ်ခါမှာ ပြန်တွေ့ရဦးမယ်နဲ့တူပါတယ်။အထူးသဖြင့်တော့ Templar နဲ့ Assassin ကြားမှာဖြစ်နေတဲ့အကြောင်းအရာတွေပါပဲ၊ ဒါကို ပြန်လည်ပြီးတော့ တားဆီးရဦးမှာလားဆိုတာကို ကြည့်ရမယ်၊ အကြောင်းပြချက်တော့ Assassin ကနေပြီးတော့ Templar ဖြစ်လာတဲ့အတွက်ကြောင့် Templar တစ်ယောက် ဟာ Assassin တွေရဲ့လမ်းကြောင်းနဲ့သွားလမ်းကို သိနေနှင့်လို့ ဘယ်လိုမျိုးပြန်တားဆီးမလဲ၊ ဘယ်လိုမျိုး အသတ်ခံရမယ့် လူတွေကို လုပ်ကြံမှုအထမမြောက်စေဖို့ လုပ်လာမလဲဆိုတာ မြင်ရမှာဖြစ်ပါတယ်။ ဒီတော့ ခံစားမှု အစိတ်အပိုင်းပြောင်းလဲပေးလိုက်တဲ့ အနေအထားမှာ Ubisoft ဟာ ဂိမ်မာတွေကို ထပ်မံပြီးတော့ ခေါင်းစားလိုက်စေပြန်တယ်၊ ဒါကြောင့်မေးပါမယ်…. သင်ဟာ အကြောင်းကြောင်းကြောင့် Assassin ကနေပြီး Templar တစ်ယောက်ဖြစ်လာခဲ့ပြီဆိုရင် ဘာလုပ်မလဲ….. ဆုံးဖြတ်ချက်ချဖို့ အချိန်မဆွဲလိုက်ပါနဲ့ အခုချက်ချင်းပဲ အဖြေတစ်ခုတော့ပေးလိုက်ပါတော့လို့………
***Game Review ကို MMGamers မှကူးယူဖော်ပြပါသည်။***
Minimum Adjusted Recommended Core 2 Quad Q6600 2.4GHz Core 2 Quad Q9500 2.83GHz Core i5-2400S 2.5GHz Athlon II X4 620 FX-4130 FX-6100 GeForce GTS 450 GeForce GTX 650 Ti GeForce GTX 560 Ti Radeon HD 5670 1024MB Radeon HD 6850 Radeon HD 6870 2 GB RAM 4 GB RAM 4 GB RAM Windows 7 64-bit Windows 7 64-bit Windows 7 64-bit Direct X 11 Direct X 11 Direct X 11 12 GB HDD Space 12 GB HDD Space 12 GB HDD Space
No comments:
Post a Comment