Assassin's Creed IV ဟာ သမိုင်းဆိုင်ရာ action-adventure open world အမျိုးအစားဂိမ်းဖြစ်ပြီး Ubisoft ကနေ October 2013 မှာ Play Station 3၊Xbox 360 နဲ့ Wii U အတွက်ဖြန့်ချီပေးခဲ့ပြီး PC၊Play Station 4 နဲ့ Xbox One အတွက်ကိုတော့ November မှာဖြန့်ချီပေးခဲ့ပါတယ်။ဒီဂိမ်းဟာ Assassin's Creed Series ရဲ့ခြောက်ခုမြောက် စီးရီးလဲဖြစ်ပါတယ်။ရေးဆွဲသူတွေက Ubisoft Montreal ကပါ။ဂိမ်းရဲ့မြေပုံကျယ်ပြန့်ပုံကတော့အံ့သြဖို့တောင်ကောင်းနေပါတယ်။ ပင်လယ်ဓားပြတွေ သြဇာအာဏာကြီးတဲ့အချိန် Spanish နဲ. British လက်အောက်မှာရှိတဲ့ Havana, Kingston, and Nassau, Bahamas စတဲ့မြို.ကြီးတွေမှာ open world style ဇာတ်အိမ်တည်ထားပါတယ်။ Gameplay နဲ. လုပ်ဆောင်နိင်တဲ့ missions တွေကလည်း ချရေးပြရရင် စာမျက်နှာလျှံထွက်သွားနိင်ပါတယ်။ Main Missions တွေကို ခဏထားပြီး အမဲလိုက်မလား, ရေငုပ်မလား, ငါးဖမ်းမလား, ရတနာရှာမလား, ဓါးပြတိုက်မလား, မြှာပွေမလား အားပါးပါး လုပ်ချင်ရာလုပ် ပွေးချင်ရာပွေးခွင့်ပေးထားတဲ့အတွက် ဒီဂိမ်းက ဘက်ပေါင်းစုံကနေ ရသမျိုးစုံပေးနိင်မယ့် အနေအထားမှာရှိပါတယ်။
Friday, July 24, 2015
Thursday, July 23, 2015
Watch Dogs
Open world အမျိုးအစား Action Adventure ဂိမ်းတခုဖြစ်ပြီး နာမည်ကြီး Far Cry၊ Assassin's Creep တို့လို Gameတွေကို ဖြန့်ချီပေးနေတဲ့ Ubisoft ကပဲ 27 May 2014 မှာ PC၊Wii U ၊Play Station 4၊Play Station 3၊Xbox One နဲ့ Xbox 360 အတွက်ဖြန့်ချီပေးခဲ့ပါတယ်။Game ကို အသစ်စက်စက် Disrupt Game Engine နဲ့ Ubisoft Montreal ကရေးဆွဲပေးထားပါ။လူကြိုက်များတဲ့ Open World game ဖြစ်တဲ့ Grand Theft Auto V လို title မျိုးနဲ့ ယှဉ်ပြိုင်ဖို့ ရည်ရွယ်ထားတဲ့ game လဲ ဖြစ်ပါတယ်။Grand Theft Auto လိုမျိုး ဒုစရိုက်မှုတွေနဲ့ ပတ်သက်ပြီး အခြေခံ ဇာတ်အိမ်တည်ထားတဲ့ game တွေ Open World Genre ကို စိုးမိုးနေချိန်မှာ Watch_Dogs လို Title အသစ်တစ်ခု အနေနဲ့ နာမည်ကြီး ပြိုင်ဘက်တွေကို ယှဉ်ဖို့ Ubisoft ကစမ်းသပ်ထုတ်ဝေတာလဲဖြစ်ပါတယ်။Demo Gameplay ချပြကတည်းက Gamer တွေစိတ်ဝင်စားနေတဲ့ Game တခုလဲဖြစ်ပါတယ်။
Tuesday, July 21, 2015
Assassin’s Creed Unity
Assassin’s Creed Unity ကို Ubisoft Montreal က ဖန်တီးပြီး PC ၊ PlayStation 4၊ Xbox One၊ PlayStation 3 နဲ့ Xbox 360အတွက်Ubisoft ကNovember 11 ,2014 မှာဖြန့်ချီပေးခဲ့ပါတယ်။ AnvilNext အင်ဂျင်ကို အသုံးပြုထားပြီး Action Adventure အမျိုးအစား ဖြစ်ပါတယ်။Assassin’s Creed ရဲ့ ၇ ခုမြောက် ဂိမ်းဖြစ်တဲ့ Unity ဟာ ပြင်သစ်တော်လှန်ရေးကာလမှာ ဇာတ်အိမ်တည်ပြီး ဖန်တီးထားပါတယ်။ Arno Dorian ဟာ ၁၇၈၉ ခုနှစ် ပြင်သစ်တော်လှန်ရေးကာလ ပါရီမြို့မှာ နေထိုင်သူ တစ်ဦးပါ။ သူ့ရဲ့ ဖခင်ဟာ Assassin တစ်ယောက်ဖြစ်ပြီး Shay Patrick Cormac က လုပ်ကြံလို့ ကျဆုံးသွားခဲ့တာပါ။ Arno ကို Templer Order ရဲ့ Grand Master တစ်ယောက်က မွေးစားခဲ့ပါတယ်။ သူ့ရဲ့ မွေးစားဖခင် လုပ်ကြံခံရျိန်မှာတော့ Arno ဟာ Brotherhood of Assassins ထဲ ဝင်ရောက်ပြီး သူ့မွေးစားဖခင်အတွက် လက်စားချေဖို့ ကြိုးစားပါတယ်။ Brotherhood of Assassins ထဲမှာ Arno ဟာ တဖြည်းဖြည်းနဲ့ ရာထူးတက်လာပြီး သူ့မွေးစားဖခင်ရဲ့ သမီးဖြစ်သူ Elise De LaSerre နဲ့အတူ ပြင်သစ်တော်လှန်ရေးရဲ့ အရေးပါတဲ့ ကဏ္ဍတွေမှာ ပါဝင်ခဲ့ရပါတယ်။
Dead Space 3
Sci-fi အမျိုးအစားSurvival horror ဂိမ်းတခုဖြစ်ပြီး Visceral Studio ကနေရေးဆွဲကာ 2103 February 5 မှာ PC,PlayStation 3 နဲ့ Xbox 360 တို့အတွက် EA ကနေဖြန့်ချီပေးခဲ့ပါတယ်။ဒီဂိမ်းဟာ Dead Space စီးရီးရဲ့ တတိယမြောက်အတွဲဖြစ်ပြီး Dead Space 2 ရဲ့အဆက်လဲဖြစ်ပါတယ်။Game Engine ကိုတော့ အရောင်စိုစိုနဲ့ကြည်လင်တဲ့ရုပ်ထွက်ရအောင် Viscera Game Engine ကိုအသုံးပြုထားပါတယ်။Survival horror ဂိမ်းဆိုတဲ့အတိုင်း ကြောက်လန့်စရာတွေနဲ့ ရင်ဆိုင်တိုက်ခိုက်ရမှာဖြစ်ပြီး ကျယ်ပြောလှတဲ့ အာကာသထဲက Space Ship ထဲမှာရော၊ဂြိုလ်တွေပေါ်မှာပါ ကစားရမှာဖြစ်ပါတယ်။ဒီဂိမ်းမှာတော့ Dead Spaceစီးရီး ရဲ့ပင်မဇာတ်ကောင် Isaac Clarke နဲ့ အသစ်ပါလာတဲ့John Carver တို့နှစ်ယောက် Necromorph လို့ခေါ်တဲ့ကြောက်စရာ သတ္တဝါတွေကို အမြစ်ဖြုတ်ချေမှုန်းတဲ့ပုံစံမျိုးကစားရမှာဖြစ်ပါတယ်။
Monday, July 20, 2015
Tom Clancy's Splinter Cell:Blacklist
Action-Adventure Stealth Game အမျိုးးအစားဖြစ်ပြီး Publisher ကတော့Gamer တွေကြိုက်တဲ့Far Cry,Assassin's Creep တို့ကိုဖြန့်ချီပေးနေတဲ့ Ubisoft ပဲဖြစ်ပါတယ်။ဒီဂိမ်းဟာTom Clancy's Splinter Cell စီးရီးရဲ့ 7 ခုမြောက်ဂိမ်းစီးရီးဖြစ်ပြီး Splinter Cell:Conviction ရဲ့တိုက်ရိုက်အဆက်လဲဖြစ်ပါတယ်။ဂိမ်းရေးဆွဲသူတွေကတော့ Ubisoft ရဲ့ အဖွဲ့ခွဲတွေဖြစ်တဲ့ Ubisoft Toronto,Ubisoft Montreal နဲ့ Ubisoft Shanghai တို့ကတာဝန်ယူရေးဆွဲပေးခဲ့ပါတယ်။ဒီဂိမ်းကိုAugust 20, 2013မှာ PC,Play Station 3,Xbox 360 နဲ့ Wii U တို့အတွက်ဖြန့်ချီပေးခဲ့ပါတယ်။ဒီဂိမ်းကို Unreal Engine 2.5 နှင့်အတူ သဘာဝနဲ့ပိုနီးစပ်တဲ့ Havok Physics Engine ကိုအသုံးပြုရေးဆွဲထားတဲ့အတွက် ကြည်လင်တောက်ပတဲ့ နေ့နဲ့ည မြင်ကွင်းကိုတွေ့ရမှာပါ။ပြီးတော့ ဒီဂိမ်းဟာ Stealth အသားပေးGame တခုဆိုလဲမမှားပါဘူး။တချိန်လုံးပုန်းလျိုးကွယ်လျိုးနဲ့ ရန်သူတွေကို တယောက်ချင်းစိမ်ပြေနပြေ သတ်ရမှာပါ။Story ပိုင်းအနေနဲ့လဲ ပြောစရာမလိုအောင်ကောင်းလှပါတယ်။
Tomb Raider
ဒီTomb Raider ဂိမ်းဟာ Action Adventure အမျိုးအစားဖြစ်ပြီး Square Enix ကနေ 5 March 2013 မှာ PC,Playstation 3 နဲ့ Xbox 360 အတွက်ဖြန့်ချီပေးခဲ့ပါတယ်။ဂိမ်းရေးဆွဲပေးခဲ့တဲ့ Studio ကတော့ Crystal Dynamic မှဖြစ်ပါတယ်။Moc OS X အတွက်ကိုတော့ 23 January 2014 မှာလည်းကောင်း၊ပိုမိုကောင်းမွန်တဲ့ Graphic အရည်အသွေးနဲ့ ထွက်ခဲ့သမျှ DLC တွေအားလုံးထည့်သွင်းပေးထားတဲ့ Tomb Raider: Definitive Edition ဆိုပြီး 28 January 2014 မှာ Playstation 4 နဲ့ XBox One အတွက်ဖြန့်ချီပေးခဲ့ပါတယ်။ဒီဂိမ်းဟာTomb Raider စီးရီးရဲ့ စတုတ္ထမြောက်ခွေလဲဖြစ်ပါတယ်။အရင်ထွက်ခဲ့သမျှ Tomb Raider စီးရီးတွေနဲ့မတူကောင်းမွန်လွန်းတဲ့ Graphic နဲ့ Gameplay တွေကြောင့် Gamer တော်တော်များများနှစ်သက်ကြတဲ့ Game လဲဖြစ်ပါတယ်။ဂိမ်းထဲမှာတော့ Player ဟာအတွေ့အကြုံ့မရှိသေးတဲ့ ရှေးဟောင်းပစ္စည်းရှာဖွေသူ Lara Croft နေရာကနေကစားရမှာဖြစ်ပြီး ဇာတ်အိမ်ကိုတော့ ဂျပန်ကမ်းလွန်ပင်လယ်ပြင်ထဲက Dragon Triangle ဆိုတဲ့ နေရာမှာထူးဆန်းစွာတည်ရှိနေတဲ့ Yamati လို့ အမည်ရတဲ့ ကျွန်းပေါ်မှာ တည်ထားပါတယ်။
Sunday, July 19, 2015
Crysis 3
EA မှဖြန့်ချီပေးခဲ့တဲ့နာမည်ကြီး Crysis Series ရဲ့နောက်ဆုံးအဆက်ဖြစ်ပြီး ၂၀၁၃ ရဲ့ အကောင်းဆုံးFPS ဂိမ်းအဖြစ် သတ်မှတ်ခံထားရတဲ့ဂိမ်းလဲဖြစ်ပါတယ်။ဒီဂိမ်းကို ဂျာမနီအခြေစိုက် Crytek Studio ကရုပ်ထွက်အလွန်ကောင်းမွန်တဲ့ Cry Engine 3 ကိုအသုံးပြုရေးဆွဲပေးထားပြီး EA ကနေ19 February 2013 မှာ PC,PlayStation 3နဲ့ Xbox 360 အတွက်ဖြန့်ချီပေးခဲ့ပါတယ်။ရုပ်ထွက်ကောင်းမွန်လွန်းတဲ့အတွက် Gamer တွေအနေနဲ့ PC ကောင်းကောင်းရှိမှသာလျှင် ဒီ Game ကိုဆော့ပါလို့အကြံပေးပါရစေ။ဒါမှမဟုတ် မိမိPC ကို Upgrade လုပ်ပေးပေါ့နော်။Crysis 3 ဟာ Crysis 2မှာ မပြီးပြတ်ခဲ့တဲ့ဇာတ်လမ်းကို Crysis 3 မှာအဆုံးသတ်ပေးထားပြီး Crysis Series ရဲ့ Final Part လဲဖြစ်ပါတယ်။ထွက်ခဲ့သမျှ Crysis Series ထဲမှာ ဒီGame ကတော့ အကောင်းဆုံးလို့ထင်ပါတယ်။Storyပိုင်းရော.Game Play သာမက visuals ပိုင်းမှာပါ သူနဲ့အတူထွက်ခဲ့တဲ့ Shooter Game တွေကိုကျော်ဖြတ်ပြီး Gamer တွေရဲ့အကြိုက်ဖြစ်ခဲ့ပါတယ်။
Sniper:Ghost Warrior 2
Sniper:Ghost Warrior ရဲ့ အဆက်ဖြစ်ပြီး PC,PlayStation 3 နဲ့ Xbox 360 အတွက် City Interactive ကနေ March 12 ,2013 မှာဖြန့်ချီပေးခဲ့ပါတယ်။ဒီဂိမ်းမှာတော့EA ရဲ့ နာမည်ကြီး Shooting ဂိမ်းတခုဖြစ်တဲ့ Crysis 3 မှာသုံးထားတဲ့ Cry Engine 3 ကိုသုံးထားတော့ Game ပတ်ဝန်းကျင်တခုလုံးဟာစိမ်းစိုတောက်ပပြီး လုံးဝကြည်လင်နေတာကိုတွေ့ရမှာပါ။Game play ကတော့အရင်ဂိမ်းအတိုင်းပါပဲ။Sniper ကိုင်ပြီးရန်သူတွေကိုသုတ်သင်ရမှာပါ။တခုထူးခြားတာက အရင်Game မှာမပါတဲ့ အဝေးကြည့်မှန်ဘီလူးပါလာတာပါ။အဲဒါနဲ့ ရန်သူတွေကိုအနီးကပ်ဆွဲကြည့်လို့ရပါတယ်။Sniper Elite III လိုမျိုးပေါ့။ဒီဂိမ်းအတွက် Gamer တွေPC က space နည်းနည်းမြင့်မှ High Setting နဲ့ဆော့နိုင်မှာပါ။ဒါပေမဲ့ Low Setting နဲ့တောင် Game ကတော်တော်ကြည့်ကောင်းနေပါပြီ။ပြီးတော့ လာမဲ့နှစ်မှာ Sniper Ghost Warrior 3 ဆိုပြီးထွက်လာဦးမှာပါ။ဘာတွေကောင်းလာမလဲဆိုတာတော့ စောင့်ကြည့်ရမှာပေါ့နော်။
ဒီဂိမ်းမှာ Player ဟာစစ်မှုထမ်းဟောင်း Sniperသမား Cole Anderson နေရာကနေဆော့ကစားရမှာဖြစ်ပြီး သူနဲ့အတူဖီလစ်ပိုင်မှာတာဝန်ထမ်းဆောင်ခဲ့တဲ့လုပ်ဖော်ကိုင်ဖက်တဦးဖြစ်တဲ့Merinov ကိုတားဆီးရမှာဖြစ်ပါတယ်။Merinov ကဇီဝဓါတုလက်နက်တွေ ရောင်းဝယ်ဖို့လုပ်နေတာကို CIA Special Agent Diaz သိသွားပြီး Cole Anderson ကို သွားရောက်တားဆီးဖို့တာဝန်ပေးခဲ့ပါတယ်။ဒီဂိမ်းကို 1993မှာတလှည့် မျက်မှောက်ခေတ်မှာတလှည့်ဆော့ရမှာဖြစ်ပြီ ဇာတ်အိမ်ကိုတော့ Sarajevo,တိဘက်တို့လိုနေရာမျိုးမှာဆော့ရပါမယ်။လုံးဝကြည်လင်နေတဲ့ ရုပ်ထွက်နဲ့အတူ Sniper ဂိမ်းကောင်းကောင်းကို ကစားချင်ရင်တော့ ဒီဂိမ်းဟာ Gamer တွေအတွက်အသင့်တော်ဆုံးပါ။ဂိမ်းထဲမှာ Cole Andersonနဲ့ Merinovတို့ နှစ်ယောက်ဖီလစ်ပိုင်မှာအတူ တိုက်ပွဲဝင်ခဲ့တာတွေကိုကစားရမှာဖြစ်ပြီး၊ ဘာကြောင့်Merinov တယောက် သစ္စာဖောက်ဖြစ်သွားရတာလဲဆိုတာတော့ Gamer များပဲအဖြေရှာဖို့ ဆော့ကြည်ကြပါလို့ တိုက်တွန်းပါရစေ။
Minimum :

OS :Window 7/8/8.1
CPU : Core 2 Duo E4400 2.0GHz / Athlon 64 X2 Dual Core 4200
RAM : 2 GB
Graphic Card : GeForce 8800 GT /Radeon HD
Graphic Card : GeForce 8800 GT /Radeon HD
HDD: 9 GB
DirectX: 9
Recommended :
OS :Window 7/8/8.1
CPU : Core 2 Quad Q6400 2.13GHz / Athlon II X4 6400e
RAM : 4 GB
Graphic Card :GeForce GTX 650 / Radeon HD 7750
HDD: 9 GB
DirectX: 11
Part 1(500 MB) part 2(500 MB) Part 3(500 MB) Part 4(500 MB) Part 5(500 MB) Part 6(500 MB) Part 7(500 MB) Part 8(500 MB) Part 9(500 MB) Part 10(56.31 MB)
Only(4.21 GB)
Password : www.p30download.com
Saturday, July 18, 2015
Batman:Arkham Origins
Batman: Arkham Origins ဂိမ်းဟာ Warner Bros,Games Montréal ကနေရေးဆွဲပေးကာ October 25, 2013 မှာ Warner Bro ကနေ PC,PlayStation 3, Wii U နဲ့ Xbox 360 အတွက်ဆိုပြီးဖြန့်ချီပေးခဲ့ပါတယ်။Android နဲ့ IOS အတွက်လဲထွက်ပါတယ်။DC Comic မှSuperhero ဇာတ်ကောင် Batman ကိုအခြေခံရေးဆွဲထားပြီး လူကြိုက်များတဲ့ Game တခုလဲဖြစ်ပါတယ်။ဒီဂိမ်းဟာBatman Game ရဲ့တတိယမြောက်စီးရီးလဲဖြစ်ပါတယ်။စာရေးဆရာCorey May, Ryan Galletta နဲ့ Dooma Wendschuh တို့က ဒီဂိမ်းအတွက်ဇာတ်ညွန်းရေးပေးထားပြီး ဂိမ်းဇာတ်အိမ်ကိုတော့ Batman:Arkham Asylum ဂိမ်းမတိုင်မီ လွန်ခဲ့တဲ့ ၅ နှစ်အချိန်မှာတည်ထားပါတယ်။လူဆိုးတွေတော်တော်များများလဲ ထောင်ထဲမှာမပို့နိုင်သေးတဲ့အပြင် Batman ကိုသတ်နိုင်ရင် ဆုငွေ$50,000,000ပေးမယ်ဆိုပြီး ရာဇဝတ်ဘုရင်ကြီးBlack Mask ကကြေညာထားတဲ့အချိန်၊ကမ္ဘာအကောင်းဆုံးလုပ်ကြံရေးသမားတွေလဲ ဆုငွေလိုချင်တာရော၊Batman ကိုအပြတ်ရှင်းချင်လို့ရောက်လာပါတယ်။Gotham ရဲတပ်ဖွဲ့ကလဲ Batmanကိုဖမ်းဆီးဖို့ကြိုးစားနေပါတယ်။ဒီဂိမ်းမှာတော့ Playerဟာငယ်ရွယ်ဖျတ်လတ်တဲ့လူငယ်Batman ကိုကိုင်တွယ်ဆော့ကစားရမှာပါ။
ဒီိဂိမ်းမှာPlayer ဟာBatman ရဲ့တိုက်ခိုက်ရေးနှင့်ကိုယ်ပျောက်စွမ်းရည်, စုံထောက်ကျွမ်းကျင်မှုနှင့်တိုက်ခိုက်ရေးနှင့်ဖောက်ခွဲရေးပစ္စည်းတွေအပေါ်အာရုံစိုက်ကစားရမှာဖြစ်ပါတယ်။Main Story အပြင် ရဲတွေကို ရာဇဝတ်မူတွေလိုက်လံကူညီပေးလို့ရသလို့ လူဆိုးတွေထိန်းချုပ်ထားတဲ့နယ်အြေတွေသွားပြီးတိုက်ခိုက်လို့ရပါတယ်။ဒီဂိမ်းမှာတော့ Batman ရဲ့စုံစမ်းစစ်ဆေးမှုပုံစံကို အဆင့်မြင့်တင်ပေးထားတဲ့ အတွက် တရားခံကိုမြန်မြန်ဆန်ဆန် ရှာဖွေဖမ်းဆီးနိုင်မှာပါ။ပြီးရင်အရင် Game တွေမှာမပါတဲ့ လေပေါ်မှာပျံနေရင်းနဲ့ အဆောက်အအုံတွေကို မြှားသေနတ်နဲ့ပစ်ပြီး အရှိန်မြှင့်လို့ရတဲ့အတွက် တော်တော်မိုက်ပါတယ်။Supervillains ၈ ယောက်ကို Main Stroy မှာတိုက်ခိုက်ရမှာဖြစ်ပြီး တယောက်သေတိုင်း Batman အတွက် Gadgets အသစ်တွေရလာမှာပါ။ပြီးဆော့ Batman ကိုဒုက္ခပေးနေတဲ့ Enigmaဆိုတဲ့Hacker တယောက်ကိုလဲတိုက်ခိုက်ရဦးမှာပါ။Gotham တမြို့လုံးကို Batamn အနေနဲ့ Batwing ဆိုတဲ့လေယာဉ်သုံးပြီးမြန်မြန်ဆန်ဆန်သွားလို့ရပါတယ်။ဒါပေမဲ့ လူဆိုးတွေစောင့်ရှောက်နေတဲ့ဆက်သွယ်ရေးတာဝါတွေကို အရင်Hack ပြီးမှသာ သွားလို့ရမှာပါ။
Open World ပုံစံကစားနိုင်အောင် Gotham မြို့ကြီးကို အရင်ထက်ပိုကြီးအောင်ရေးဆွဲပေးထားပြီ အရင်ဂိမ်းတွေမှာသွားလို့မရတဲ့နေရာတွေတော်တော်များကို ဒီဂိမ်းမှာသွားလို့ရအောင်လုပ်ပေးထားပါတယ်။အဆောက်အအုံတွေရဲ့အတွင်းပိုင်းကိုလဲဝင်ရောက်ကစားနိုင်ပါတယ်။စုံစမ်းထောက်လှမ်းရမဲ့ အမူတွေလဲGotham မြို့ကြီး မှာပြည့်နှက်နေပါတယ်။ Batman ရဲ့တိုက်ခိုက်စွမ်းရည်ဟာ ဒီဂိမ်းမှာတော့ အရင်ကထက်သာပါတယ်။အထူးသဖြင့် Electric Glove ရပြီးတဲ့အခါ ရန်သူတွေကိုတုက်ခိုက်ရင် လက်သီးဒဏ်သာမက လျှပ်စစ်စီးတဲ့ဒဏ်ပါခံရတော့ လူဆိုးတွေခမျှကြာကြာမတိုက်နိုင်ပါဘူး။ခဏလေးနဲ့သေတာပဲ။Counter Attack ကိုသုံးရင် တိုက်ခိုက်တာက တော်တော်ကြည့်ကောင်းပါတ.်။Skill တွေလဲUpgrade လုပ်လို့ရသလို Batman ရှဲ့Suit ကိုလဲပြောင်းလို့ရပါတယ်။Story အကုန်ကစားပြီးရင်လဲ New Game+ ပြန်ကစားလို့ရပါတယ်။အရင်ကစားထားတဲ့ Upgraded Skill နေနဲ့ပေါ့။Batman တယောက် Gotham မြို့ကြီးကို ကယ်တင်နိုင်ပါ့မလားဆိုတော့ Gamerများကိုယ်တိုင်သာ Batman လုပ်ပြီးအဖြေရှာကြည့်ကြပါနော်။။
***Batman Arkham Knight ထွက်နေပါပြီ***
Minimum :
OS: Windows Vista/7/8/8.1
CPU : Intel Core Duo, 2.4 GHz | AMD Athlon X2, 2.8 GHz
RAM : 2 GB
Graphic Card : NVIDIA GeForce 8800 GTS | AMD Radeon 3850
HDD : 20 GB
DirectX : 10
Recommended :
OS: Windows Vista/7/8/8.1
CPU : Intel Core i5 750, 2.67 GHz | AMD Phenom II X4 965, 3.4 GHz
RAM : 4 GB
Graphic Card : NVIDIA GeForce GTX 560 | AMD Radeon HD 6950
HDD : 20 GB
DirectX : 11

Part 1(1 GB) Part 2(1 GB) Part 3(1 GB) Part 4(1 GB) Part 5(1 GB) Part 6(1 GB) Part 7(1 GB) Part 8(1 GB) Part 9(759.52 MB)
Only (8.7 GB)
Password : www.p30download.com
Mass Effect 3
Third Person Shooter အမျိုးအစား Sci-Fi Action ဂိမ်းတခုဖြစ်ပြီး Bioware ကရေးဆွဲကာ EA ကနေ PC,PS 3,Xbox 360 နဲ့ Wii U အတွက်ဆိုပြီးMarch 6, 2012မှာ ဖြန့်ချီပေးခဲ့ပါတယ်။ဒီဂိမ်းဟာ Mass Effect စီးရီးရဲ့ တတိယမြောက်ခွေပါ။ဒီခွေမှာတော့Playerဟာ အရင် ဂိမ်းတွေအတိုင်း Commander Shepard နေရာကနေ ဆော့ရဖြစ်ပြီးReaper လို့ခေါ်တဲ့ စကြာဝဠာတခုလုံးကိုဖျက်ဆီးမဲ့ ရှေးဟောင်းဂြိုလ်သားတွေဆီကနေ Reaperတွေသိမ်းထားတဲ့ ကမ္ဘာကြီးနဲ့စကြာဝဠာကြီးကို ပြန်လည်ကယ်တင်ဖို့ တခြားစကြာဝဠာက မဟာမိတ်တပ်တွေ၊ စစ်တပ်တွေနဲ့ပူးပေါင်းတိုက်ခိုက်ရမှာဖြစ်ပါတယ်။Mass Effect 2 မှာပါတဲ့လူတွေ၊ဂြိုလ်သားတွေအပြင် လူအသစ်တွေ၊ဂြိုလ်သားအသစ်တွေလဲ ဒီစီးရီးမှာတွေ့ရမှာပါ။Player Customize လုပ်လို့ရတဲ့အတွက် Commander Shepard မျက်နှာကိုကြိုက်သလိုပြုလုပ်လို့ရသလို့ အရင် Mass Effect 2 က Model ကိုပြန်သုံးချင်လဲပြန်သုံးလို့ရပါတယ်။မသုံးပဲ အသစ်ပြန်လုပ်လို့လဲရပါတယ်။Race အသစ်တွေ။ဂြိုလ်အသစ်တွေနဲ့အတူ တခြားရှာဖွေစရာတွေလဲ အများကြီးပါတာမို့ အချိန်တော်တော်ပေးပြီးကစားရမှာဖြစ်ပါတယ်။Customize လုပ်လို့ရတဲ့ Weaponတွေ Body Armor တွေအပြင် မိမိတပ်စုကို ပါ တိုက်ပွဲမဝင်ခင်Customize လုပ်ပေးလို့ရပါတယ်။Skill တွေသုံးပြီး မိမိ characters နဲ့ မိမိ squad ကိုupgrade လုပ်လို့ရပါတယ်။
ဒီဂိမ်းမှာ စကားပြောခန်းတွေတော်တော်များပါဝင်ပြီး အဲဒီကနေ Player ဟာ Game ရဲ့ ဇာတ်ကြောင်းကိုသိရမှာပါ။ကိုယ်ရွေးတဲ့ စကားက Game ကိုအထောက်အကူပြုပါတယ်။ရွေးတာမှားရင် ဇာတ်လမ်းက တမျိုးတဖုံဖြစ်သွားနိုင်တဲ့အတွက် သတိထားပေါ့။ဒီဂိမ်းဟာ ထွက်သမျှ Sci-Fi Game တွေထဲမှာတော့ ဇာတ်အိမ်အကောင်းဆုံးပါ။Cut Sence တွေကိုကြည့်ရတာကလဲ တကယ့် Moive ကြည့်နေရသလိုပါပဲ။ပြီးတော့ Story ကစားလို့ပြီးရင် မိမိကစားထားတဲ့ Skill တွေ လက်နက်တွေ ပြန်သုံးပြီး New Game+ ပြန်ကစားလို့ရပါတယ်။ကြီးမားကျယ်ပြန့်တဲ့ စကြာဝဠာကြီးရဲ့ ကံကြမ္မာ ကိုCommander Shepard တယောက်ဘယ်လိုကယ်တင်မလဲဆိုတာတော့ Gamer များကိုယ်တိုင် ဆော့ပြီးအဖြေရှာကြည့်ကြပါခင်ဗျာ။ပြီးတော့ ဒီ ဂီမ်းဟာ Ending အမျိုးမျိုးရှိတယ်နော်။လာမဲ့ ၂၀၁၆ မှာတော့ Mass Effect 4 ကို ကစားရမယ်လို့ထင်ပါတယ်။အခုတောင် EA က Trailer တွေပြပေးနေပါပြီ။အခုတော့ ဒီ Game လေးပဲကစားရင်း စောင့်ကြတာပေါ့ခင်ဗျာ။
Minimum :
OS: Windows XP SP3/Vista SP1, 7,8,8.1
CPU: 1.8 GHz Intel Core 2 Duo or equivalent
RAM: 2 GB
HDD: 15 GB
Graphic Card: ATI Radeon X1800 / NVIDIA GeForce 7900
Sound: DirectX 9.0c compatible
DirectX: DirectX 9.0
Recommended :
OS - Windows 7,8,8.1
CPU - 2.4 GHz Intel Core 2 Duo (equivalent AMD CPU)
RAM - 4GB
HDD- 15 GB

Graphic Card :AMD/ATI Radeon HD 4850 / NVIDIA GeForce 9800 GT
Sound: DirectX 9.0c compatible
DirectX: DirectX 9.0
DirectX: DirectX 9.0
Part 1(500 MB) Part 2(500 MB) Part 3(500 MB) Part 4(500 MB) Part 5(500 MB) Part 6(500 MB) Part 7(500 MB) Part 8(500 MB) Part 9(78.90 MB)
Only(3.77 GB)
Password : www.p30download.com
*Note... တကယ်လို့ Game က Bioware logo ပြပြီးမတက်လာတော့ရင် ဒီFix File တောင်းပြီးC\Program file(86x)\BIOGame\Movies ထဲကို သွားထည့်ပြီး Run ပေးလိုက်ပါ။ပြီးတဲ့အထိစောင့်ပါ။လိုအပ်တာတွေတင်နေလိမ့်မယ်။ပြီးရင်တော့ ဆော့လို့ရပါပြီခင်ဗျာ။
Friday, July 17, 2015
Company Of Heroes
Company Of Hero ဂိမ်းဟာ Relic Entertainment Studio မှရေးဆွဲပြီး THQ ကနေ September11,2006မှာဖြန့်ချီပေးခဲ့တဲ့ Real Time Strategy ဂိမ်းအမျိုးအစားတခုဖြစ်ပါတယ်။ Command & Conquer ဂိမ်းလိုမျိုး မိမိတပ်ကို Command ပေးပြီးတိုက်ရတာမျိုးပေါ့။ ဒါပေမဲ့ Command & Conquer လို ဒီဖက်ခေတ်မှာတော့ မဟုတ်ပါဘူး။ဒုတိယကမ္ဘာစစ် အတွင်းမဟာမိတ်တပ်တွေ နော်မဒီကမ်းခြေကို တက်သိမ်းတုန်းက အဖြစ်အပျက်တွေကိုအခြေခံပြီး ရေးဆွဲထားတာပါ။Relic ရဲ့Essence Engineကို အသုံးပြုပြီးရေးဆွဲထားတာဖြစ်တဲ့အတွက်တိုက်ပွဲတွေကို ရှင်းရှင်းလင်းလင်းတိုက်ခိုက်ရပါမယ်။လက်နက်ကြီးတွေသုံးပြီး ရန်သူစခန်းကိုတိုက်ခိုက်လို့ရတာတော့အကြိုက်ဆုံးပါ။ဒီဂိမ်းဟာ Command & Conquer လိုမျိုး လူတွေ၊ကားတွေ ကြိုက်သလောက်ထုတ်လိုမရပါဘူး။ Company Of Hero မှာPopulation Cap ဆိုပြီး Limit လုပ်ထားပါတယ်။Squad အားလုံးအတွက် Population Cap ကို 120 ပေးထားပါတယ်။ရိုးရိုးစစ်သားတပ်စု၊စိန်ပြောင်းသမား၊အင်ဂျင်နီယာ၊စနိုက်ပါ၊အထူးတပ်ဖွဲ့ဆိုပြီးလူထုတ်တဲ့နေရာမှာရွေးစရာအများကြီးပေးထားပါတယ်။တပ်စုတိုင်းမှာ ကိုယ်ပိုင် Skill တွေရှိပြီး အဲဒါတွေကို သုံးပြီးဆော့ရမှာပါ။တင့်ကားတွေထုတ်လို့ရသလို တင့်ဖျက်အမြောက်တွေလဲထုတ်လို့ရပါတယ်။
single-player campaign မှာဆိုရင် မဟာမိတ်တပ်ကနေကစားမလား ဒါမှမဟုတ် နာဇီတွေဘက်ကကစားမလား ဆိုပြီးရွေးလို့ရပါတယ်။Campaign မှာကစားဖို့အတွက် Mission တော်တော်များထည့်ပေးထားပြီး နှစ်သက်ရာရွေးကစားနိုင်ပါတယ်။ပြီးတော့ မိမိဘာသာ AI နဲ့ တိုက်ချင်သူများအတွက် Skirmish mode ပါတဲ့အတွက် အဆင်ပြေပါတယ်။Point တွေကိုလိုက်ပြီးသိမ်းမှသာ မိမိတပ်အတွက် ရိက္ခာတွေ၊လက်နက်ခဲယမ်းတွေရမှာပါ။Skirmish mode အတွက် Map တွေလဲတော်တော်များများ ထည့်ပေးထားပါတယ်။မိမိဘာသာထည့်သွင်းလို့လဲရပါတယ်။Lan ချိတ်ပြီး Player 8 အထိကစားလို့ရပါတယ်။ပြီးတော့ Game ကစားနေတဲ့အခါ Alt ကိုနှိပ်ပြီး Mouse နဲ့ တိုက်ပွဲ ပတ်ဝန်းကျင်လှည့်ပတ်ကြည့်ရှုနိုင်ပါတယ်။ပြီးတော့ မိမိစိတ်ကြိုက် Mod တွေလဲထည့်သွင်းဆော့ကစားနိုင်မှာပါ။Command Game ကောင်းကောင်းဆော့ချင်သူများအတွက်တော့ ဒီဂိမ်းဟာ ဆော့သင့်ပါတယ်။Myanmar Gamer များအားလုံး ရွှင်လန်းချမ်းမြေ့ပါစေ။
Minimum :
OS: Window 7/8/8.1
CPU: Pentium 4 @ 2 GHz or Athlon Equivalent
RAM: 1 GB
Hard Disk: 6.5 GB
Graphic Card: Nvidia GeForce 3 or an ATI Radeon 8500
Sound Card: DirectX Compatible
DirectX: 9.0
Recommended :
OS: Windows 7/8/8.1Processor: Pentium 4 @ 3 GHz or Athlon Equivalent
RAM: 2 GB
Hard Disk: 6.5 GB
Graphic Card : NVIDIA GeForce 6800 or better
Sound Card: DirectX Compatible
DirectX: 9.0
Thursday, July 16, 2015
Sniper Elite III
ဒီဂိမ်းကိုတော့ Rebellion ကရေးဆွဲထားပြီးတော့PlayStation 3, PlayStation 4, Xbox 360, Xbox One နဲ့ PC အတွက်ဆိုပြီး 505 Games ကနေ June 27, 2014 မှာဖြန့်ချီပေးခဲ့ပါတယ်။Sniper Elite III ကို Sniper Elite V2 ရဲ့ဇာတ်လမ်းရှေ့နှစ်အနည်းငယ်အကြာ မှာဇာတ်အိမ်တည်ထားပါတယ်။ဒုတိယကမ္ဘာစစ်အတွင်း အာဖရိတိုက်အတွင်းမှ ထုတ်လုပ်နေတဲ့ နာဇီတွေရဲ့ လျှို့ဝှက်လက်နက်တွေကို ရှာဖွေဖို့စေလွတ်လိုက်ပါတယ်။ဒီဂိမ်းမှာတော့ Sniper Elite V2 ရဲ့Game Engine ကိုအဆင့်မြင့်ထားတဲ့ Fox Engine ကိုအသုံးပြုထားပြီး Player ဟာကြီးမားကျယ်ပြန့်တဲ့ အာဖရိက စစ်မြေပြင်မှာဆော့ကစားရမှာပါ။
Sniper ဂိမ်းတွေရဲ့ထုံးစံအတိုင်း Sniper Rifle ကို အဓိကလက်နက်အဖြစ်အသုံးပြုရမှာပါ။အဲဒီအပြင်တခြားလက်နက်တွေဖြစ်တဲ့ မောင်းပြန်စက်သေနတ်နဲ့ပစ္စတို တလက်ကိုလဲကိုင်တွယ်ရမှာပါ။ပြီးတော့ လက်ပစ်ဗုံးတွေ၊ကြိုးမိုင်းတွေ၊နင်းမိုင်းတွေအပြင် ဖောက်ခွဲဖို့ဒိုင်းနမိုက်တွေလဲသုံးရမှာပါ။ရန်သူတွေကိုခြေရာခံဖို့အတွက် မှန်ပြောင်းကိုအသုံးပြုနိုင်ပြီး အဲဒါနဲ့ရန်သူနေရာတွေ၊သူတို့ရဲ့လှုပ်ရှားမုတွေကိုစောင့်ကြည့်နိုင်မှာပါ။Player ဟာ Sniper ကိုပစ်ဖို့အတွက် အသက်အောင့်ပြီး မှန်ဘီလူးပေါ်က အနီရောင်အစက်လေးပေါ်မှ ပစ်ခတ်တာဟာ အကောင်းဆုံးပါ။ကျည်ဆန်ထိတာနေရာမှန် ရင် X-Ray နဲ့ရန်သူတွေ့ရဲ့ ခန္ဓာကိုယ်တွေ၊ကားတွေကိုပြပေးတာကတော့ အကြိုက်ဆုံးပဲ။ပြီးတော့ ပစ်လို့ရလာတဲ့ Score ပေါ်မှာမူတည့်ပြီးရာထူးလဲတိုးပါတယ်။ပြီးတော့သေနေတဲ့ရန်သူခန္ဓာကိုယ်တွေကိုရှာဖွေတဲ့အခါ Weapon Partတွေ၊ကျည်ဆန်တွေလဲရမှာပါ။အဲဒီအတွက် Player ကိုင်ဆောင်တဲ့ လက်နက်တွေကို Upgrade လုပ်လို့ရပါတယ်။ဒါတွေသုံးပြီး မိမိလက်နက်တွေကို စိတ်တိုင်းကျ တပ်ဆင်ပြီးဆော့လို့ရပါတယ်။
ရန်သူက Player ကိုတွေ့တာနဲ့ ခေါင်းပေါ်မှာအဝိုင်းလေးပေါ်လာပြီးအရောင်တွေပြောင်းလာမယ်။အဖြူဆိုရင် သတိထား၊အဝါဆိုရင် ဆော်ပေတော့၊အဲဒါမှ မသေသေးရင် အနီရောင်ပြောင်းလာမယ်။အနီဆိုရင်တော့ပြေးတာ အကောင်းဆုံးပေါ့:p ပြီးရင် အရင်Game ကအတိုင်း အသံရောပြီးပစ်ခတ်ရတာလဲပါပါတယ်။တင့်ကားတွေကိုလဲ Sniper နဲ့ပဲဆော်ရမှာနော်။အေးအေးဆေးဆေးနဲ့ အချိန်ပေးကစားရမဲ့Game တခုပါ။
Minimum :
OS: Windows 7/8/8.1
CPU: Intel Core 2 Duo Family / AMD 64 X2 5200+ / AMD Phenom or better.
RAM: 2 GB
Hard Disk : 14 GB
DirectX: DirectX@ 9
Video Card: ATI Radeon HD 5570 / NVIDIA GeForce GT 630
Sound Card: DirectX compatible.
Recommended :
OS: Windows 7/8/8.1
CPU: Intel core i3 (3.2 GHz) or equivalent AMD
RAM: 4 GB
Hard Disk space: 14 GB
DirectX: DirectX@ 10
Video Card: ATI Radeon HD 6670 / NVIDIA GeForce GT 640

Only(3.6 GB)
Password ; www.coregames.org
Password ; www.coregames.org
Dead Island:Riptide
Dead Island:Riptide ဟာ Dead Island Game ရဲ့ sequel တခုဖြစ်ပြီး Playstation 3,X Box 360 နဲ့ PC အတွက် April 23, 2013 မှာ Deep Sliver ကနေဖြန့်ချီပေးခဲ့ပါတယ်။Techland Studio ကနေ ဒီGameကိုရေးဆွဲထားတာဖြစ်ပြီး Game Engine ကိုတော့ရုပ်ထွက်ကောင်းမွန်တဲ့Chrome Engine 5 ကို အသုံးပြုထားပါတယ်။ဒီ Game ဟာ Dead Island ရဲ့ အဆက်ဖြစ်ပြီး ပထမဂိမ်းက အသက်ရှင်ခဲ့တဲ့ Survior လေးယောက်အပြင် တခြားသူတွေဟာBanoi archipelagoထဲက zombies ပြည့်နေတဲ့ ကျွန်းတကျွေန်းပေါ်ရောက်ရှိရာကနေ ဇာတ်အိမ်တည်ထားပါတယ်။
Dead Island:Riptide မှာတော့ Zombies အသစ်တွေ၊ Craft ပြုလုပ်လို့ရမဲ့ Item အသစ်တွေ၊စခန်းကို ကာကွယ်ရမဲ့ Mission အသစ်တွေထည့်ပေးထားပါတယ်။Open World ပုံစံကစားရမှာဖြစ်ပြီး ရာသီဥတုကိုလဲ သဘာဝနဲ့တူအောင်လို့ နေပူလိုက် မိုးရွာလိုက်ဖြစ်အောင်ပြုလုပ်ပေးထားပါတယ်။Character လေးယောက်ကို ကိုင်တွယ်ဆော့ကစားရမှာဖြစ်ပြီး Character တခုဆီမှာတော့ ခြားနားတဲ့ Skill တွေနဲ့ပါ။အရင် Dead Island က Character တွေပြန်သုံးချင်ရင်လဲ ပြန်သုံးလို့ရအောင်လုပ်ပေးထားပါတယ်။Item တွေတော့ မရပါဘူး။ဒါပေမဲ့ Skill Tree တွေပြန်သုံးလို့ရပါတယ်။ကိုင်တွယ်ရမဲ့လက်နက်တွေကလဲအလန်းတွေနော်။ကားလဲမောင်းလို့ရတယ်။Boat တွေလဲမောင်းလို့ရပါတယ်။လာမဲ့ ၂၀၁၆ မှာတော့ Dead Island 2 ဆိုပြီး အသစ်ထွက်လာမယ်လို့ E3 2014 မှာကတည်းကပြောထားပါတယ်။ပိုမိုကောင်းမွန်တဲ့ ရုပ်ထွက်နဲ့ဇာတ်အိမ်ရယ်၊ Crafting Item အသစ်တွေလဲပါလာမှာပါ။မထွက်ခင်တော့...ဒီ Dead Island:Riptide ကိုဆော့ပြီးစောင့်ကြတာပေါ့။
Minimum :
OS: Windows XP, Windows Vista, Windows 7
Processor: Core2Duo 2.66 GHz
Memory: 1 GB
Hard Disk : 7.0 GB
Video Card: GeForce 8600GT/Radeon HD 2600 XT
DirectX®: 9.0c
Recommended :
OS: Windows 7/8/8.1
Processor: Core2Duo 2.66 GHz
Memory: 4 GB
Hard Disk : 7.0 GB
Video Card: GeForce 9600 (1G)/Radeon HD 5670

Only(2.47 GB)
Wednesday, July 15, 2015
Dark Souls II
Action RPG game ဖြစ်ပြီး open world environment elements တွေပါဝင်တဲ့ dark souls game ရဲ့ နောက်ဆက်တွဲ sequel ဖြစ်တဲ့ Dark Souls II game ဟာ March 14 ရက်နေ့မှာထွက်ရှိပြီးဖြစ်ပါတယ်၊၊ Game developer ကတော့ from Software ဖြစ်ပြီး Namco Bandi Games studio ကြီးက ဖြန့်ချီရောင်းချမှာဖြစ်ပါတယ်၊၊ အခုထွက်ရှိလာမယ့် Dark Souls II game မှာတော့ အရင် game နဲ့ကွာခြားမှုသိပ်မရှိလှပေမယ့် ကိုယ်ကစားရမယ့် ဇာတ်အိမ်ကြီးက ပိုပြီးကျယ်ပြန့်လာမှာဖြစ်တဲ့အပြင် survival,horror,RPG elements တွေ ပါဝင်ထည့်သွင်းထားပါတယ်၊၊ In game ထဲမှာတော့ ကိုယ်က ကျိန်စာသင့်လူသားတစ်ယောက်အဖြစ် ကစားရမှာဖြစ်ပြီး မိမိကိုယ်ကိုသက်ရောက်နေတဲ့ ကျိန်စာကိုပျက်ပြယ်သွားအောင် ဘယ်နည်းဘယ်ပုံစွန့်စားခန်း ခရီးထွက်ရမလဲဆိုတာကို အခြေခံထားတာပါ၊၊ ဒါကြောင့်အရင် Dark Souls game နဲ့ဇာတ်အိမ်အသွင်တူပါတယ်၊၊ ဒါပေမယ့် အရင် Dark Souls game ထက်တော့ ရုပ်ထွက်ပိုမိုကောင်းမွန်လာတာကြောင့် ပရိတ်သတ်တွေအနေနဲ့ အကြိုက်တွေ့မယ်လို့မျှော်လင့်ပါတယ်၊၊
*** Game Review ကို MMGamers မှကူးယူဖော်ပြပါသည်။***
Minimum :
OS : Window Vista/7/8/8.1
CPU :Core 2 Duo E8500 3.16GHz / Phenom II X2 555 Black Edition
Memory : 2 GB
HDD : 14 GB
Graphic Card : GeForce 9600 GT / Radeon HD 5870
DirectX : 9
Recommended :
OS : Window Vista/7/8/8.1
CPU :Core i3-2100 3.1GHz / APU A8-3870K Quad Core
Memory : 4 GB
HDD : 14 GB
Graphic Card :GeForce GTX 465 / Radeon HD 6870
DirectX : 9
Part 1(1 GB) Part 2(1 GB) Part 3(1 GB) Part 4(1 GB) Part 5(1 GB) Part 6(1 GB) Part 7(1 GB) Part 8(284.13 MB)
Only(7.28GB)
Password : www.game2dl.com
Only(7.28GB)
Password : www.game2dl.com
Sniper:Ghost Warrior
ဒီSniper Game ကိုတော့ City Interactive ကနေထုတ်လုပ်ပြီး Playstation 3၊ Xbox 360 နဲ့ PC အတွက်ဆိုပြီး ဖြန့်ချီပေးခဲ့ပါတယ်။ဒီ Game ဟာ Graphic နဲ့ Visual effects ပိုင်းမှာရော Story ပိုင်းမှာပါပြောစရာမလိုအောင်ကောင်းပါတယ်။ခြုံခိုတိုက်ခိုက်ရတာတွေ...Sniper နဲ့ပစ်ရတာတွေအပြင် အနီးကပ်တိုက်ခိုက်ရတာတွေပါ ထည့်သွင်းပေးထားပါတယ်။ခြေသံကြားတာနဲ့ ကိုယ့်အသက်ကိုနှုတ်မဲ့ ရန်သူတွေက ဘေးပတ်လည်မှာ အပြည့်...ဒီတော့ စိတ်ငြိမ်ငြိမ်နဲ့ အချိန်ပေးကစားရမှာပါ။Sniper ပစ်တဲ့အခါမှလည်း လေတိုက်နှုန်းတွေကြောင့် ပစ်မှတ်လွဲတတ်တာကိုလဲ တွေ့ရမှာပါ။
ရုပ်ထွက်ကောင်းမွန်တဲ့Chrome 4 engine ကိုအသုံးပြုထားတဲ့အတွက် ရုပ်ထွက်ကြည်ကြည်လင်လင်နဲ့ဆော့ရမှာဖြစ်ပါတယ်။Game ထဲမှာတော့ ကစားသူ ဟာ Mission အမျိုးမျိုးကို နေ့နဲ့ည ပုံစံဆော့ရမှဖြစ်ပါတယ်။CIA လျှိ့ဝှက်စုံထောက် Mike Rodriguez ဟာ Isla Trueno နိုင်ငံငယ်လေးမှာ အုပ်ချုပ်နေတဲ့ စစ်အာဏာရှင် General Vasquez ကိုဖြုတ်ချဖို့အတွက် နိုင်ငံထဲကိုဝင်လာပြီး လုပ်ကြံဖို့ စီစဉ်ပါတော့တယ်။အဲဒီအချိန်မှာပဲ သတင်းပေါက်ကြားမူကြောင့် Mike Rodriguez အဖမ်းခံရပြီး General Vasquez လွတ်မြောက်သွားခဲ့ပါတယ်။အဲဒီအတွက်CIA လျှိ့ဝှက်စုံထောက် Mike Rodriguez ကယ်တင်ဖို့အတွက် ခြေလျင်တပ် Delta Three နဲ့ Sniper တဦးဖြစ်တဲ့ Razor Six-Four ကိုIsla Truenoနိုင်ငံထဲ သွားဖို့ အမိန့်ပေးလိုက်ပါတယ်။Gamer တွေက Sniper တဦးဖြစ်တဲ့ Razor Six-Four နေရာကနေဆော့ရမှာပါ။
စိမ်းလန်းတဲ့တောတောင်တွေထဲက များပြားလှတဲ့ ရန်သူစခန်းတွေကိုကျော်ဖြတ်ပြီး CIA လျှိ့ဝှက်စုံထောက် Mike Rodriguez ကိုကယ်ပြီး ခြေလျင်တပ်Delta Three နဲ့ Razor Six-Fourတို့ ဘယ်လိုစခန်းသွားမလဲဆိုတာတော့ Gamer များကိုယ်တိုင် ဆော့ပြီးအဖြေရှာကြပါလို့..အကြံပေးလိုက်ပါရစေ။
Minimum :
OS: Windows XP, Vista, 7,8,8.1
CPU: Pentium 4 @ 3.2 GHz / AMD Athlon 64 3500+
Graphic Card: nVidia Geforce 6800 / ATI Radeon X1650
Memory: 1 GB
HDD : 6 GB of free Hard Drive space
Sound Card: DirectX Compatible
Direct X: 9c
Recommended :
OS: Windows XP/Vista/7/8/8.1
CPU: Intel Core 2 Duo @ 2.2 GHz / AMD Athlon 64 X2 4600+
Memory: 2 GB
Hard Drive: 5 GB
Graphic Card: nVidia GeForce 8800 / ATI Radeon HD 2900
Sound Card: DirectX Compatible
DirectX: 9.0c

Rip Version
Subscribe to:
Posts (Atom)