Batman: Arkham Knight ဂိမ်းဟာ Action-Adventure အမျိုးအစားဖြစ်ပြီး Rocksteady Studios ကနေရေးဆွဲကာ Warner Bros. Interactive Entertainment ကနေ 23 June 2015 မှာ PS4,Xbox One နဲ့ PC အတွက်ဖြန့်ချီပေးခဲ့ပါတယ်။ဒီဂိမ်းကိုတော့Warner Bros. Games Montréal ကိုနာမည်ကြီးစေခဲ့တဲ့ DC Comic ကနာမည်ကြီးစူပါဟီးရိုး Batman ကိုအခြေခံပြီးရေးဆွဲထားတာဖြစ်ပြီး Batman စီးရီးရဲ့ ၄ ခုမြောက်ဂိမ်းဆိုလဲဖြစ်ပါတယ်။Batman: Arkham City ဂိမ်းမှာကတည်းက အကြီးအကျယ်အောင်မြင်မူရပြီး Gamer တွေအကြိုက်ဖြစ်ခဲ့တဲ့အတွက် ဒီBatman: Arkham Knight ကိုလဲကြိုက်လိမ့်မယ်လို့မျှော်လင့်ပါတယ်။Game Engine ကိုတော့ Batman: Arkham Origin မှာသုံးခဲ့တဲ့ Unreal Engine 3 ကိုပဲ အသုံးပြုထားပါတယ်။Arkham Knight ရဲ့ Mapဟာ ထွက်ခဲ့သမျှ Batman ဂိမ်းတွေထဲမှာ အကျယ်ပြန့်ဆုံးဖြစ်ပြီး မြို့ပေါ်ကနေလှည့်လည်ပျံသန်းဖို့၊Batmoible မောင်းပြီးနဲ့မြို့ထဲကရန်သူတွေကို စိတ်ကြိုက်နှိမ်နှင်းရပါမယ်။
Monday, August 24, 2015
Saturday, August 15, 2015
I'm Alive
Survival အမျိုးအစားဂိမ်းဖြစ်ပြီး Ubisoft Shanghai ကနေတာဝန်ယူရေးဆွဲပေးထားပါ။March 7, 2012 မှာ Xbox 360 အတွက်၊April 4, 2012 မှာ Play Station 3 အတွက်နဲ့ September 6, 2012 မှာတော့ PC အတွက် Ubisoft ကနေဖြန့်ချီပေးခဲ့ပါတယ်။Game Engine ကိုတော့ Unreal Engine 2.5 ကိုပြန်လည်ပြုပြင်ထားတဲ့ LEAD Engine ကိုသုံးထားပါတယ်။ဒီဂိမ်းကိုတော့ ငလျင်ဒဏ်ကြောင့်ပျက်ဆီးနေတဲ့အမေရိကားက မြို့ပျက်ကြီးတွေမှာဇာတ်အိမ်တည်ထားပါတယ်။အစိုးရက ကူညီဖို့ကြိုးစားပေမဲ့ အဆင်မပြေခဲ့ပါဘူး။မြိဲ့ပျက်ကြီးထဲမှာ အစာရေစာနဲ့ ရေ အတွက် လူသတ်ပွဲတွေဖြစ်နေပြီး ကြောက်လန့်နေရပါတယ်။Player ဟာ မြိဲု့ထဲမှာ ကျန်နေတဲ့မိန်းမနဲ့သမီးကိုကယ်တင်ဖို့ အိမ်ကို ရောက်ခဲ့တဲ့အချိန်မှာ မိန်းမနဲ့ သမီးကမရှိတော့ပဲ စာနဲ့ Video ကင်မရာသာရှိနေပြီး သူတို့ဘယ်သွားတယ်ဆိုတာ ပြောပြထားပါတယ်။Player အနေနဲ့ စာထဲကနေရာကိုလိုက်သွားရမှာဖြစ်ပြီး အခက်အခဲတွေနဲ့ရင်ဆိုင်ရပုံကို ကစားရမှာဖြစ်ပါတယ်။
Subscribe to:
Posts (Atom)